ဖားကန့်မြို့နယ်တွင် ကြက်ဥအရွယ်အစားထက်ကြီးမားသည့် မိုးသီးကြွေ၍ အိမ်ခေါင်မိုးများပေါက်ပြဲသည့်အတွက် အိမ်မိုးသွပ်များဝယ်လိုအားမြင့်တက်နေ

 3174

သန့်ဇင် (NP News) - မတ် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကြက်ဥအရွယ်အစားထက် ကြီးမားသည့် မိုးသီးကြွေ၍ အိမ်ခေါင်မိုးများပေါက်ပြဲသည့်အတွက် အိမ်မိုးသွပ်များဝယ်လိုအားမြင့်တက် နေကြောင်း သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါမိုးသီးကြွေကျမှုဖြစ်စဉ်သည် ယမန်နေ့(မတ်လ ၂၆ ရက်)၊ ည ၁၀နာရီဝန်းကျင်အချိန်က ဖားကန့်မြို့နယ်ရှိ၊ ဆိပ်မူကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညပိုင်းကြီးကို လေပြင်းတွေတိုက်ပြီးမိုးသီးတွေကြွေတာ။ ကြွေကျတဲ့မိုးသီးက ကြက်ဥထက်တောင်ကြီးတယ်။ တစ်ချို့ဆို လက်ဖက်ရည် ပန်းကန်လုံးလောက်ရှိတယ်။ ကျွန်တော်ထင်တယ် ဒီမှာကြွေတဲ့မိုးသီးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အကြီးဆုံးဖြစ်မယ်”ဟု သင်္ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် ဆိပ်မူကျေးရွာအတွင်းရှိ အိမ်ခြေ(၂၀၀၀)ခန့်ဝန်းကျင်သည် အိမ်ခေါင်မိုးသွပ်ပေါက်ပြဲခဲ့ကာ မော်တော်ယာဉ်အချို့တွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ညပိုင်းကြွေလို့တော်သေးတာပေါ့။ အဲဒီအချိန်လူတွေလည်း အပြင်သိပ်မထွက်ကြလို့ မထိတာ။ အိမ်တွေကတော့ ခေါင်မိုးတွေ တော်တော်ပျက်စီးသွားကြတယ်။ ကားတွေလည်း ခေါင်မိုးပေါက်တာတို့ မှန်ကွဲတာတို့ဖြစ်သွားတယ်။ တစ်ရွာလုံးအတိုင်းအတာနဲ့ (၃)ပုံ၊ (၂)ပုံကျော်လောက် အိမ်မိုးသွပ်ပြားတွေပေါက်သွားကြတယ်။ အခုသွပ်တွေကတော့ ဝယ်လို့ တောင်မရနိုင်တော့ဘူး။ ဖားကန့်ဘက် သွားဝယ်လည်း မရနိုင်တော့ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၌ အဆိုပါမိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် အိမ်ခေါင်မိုးသွပ်ပြားများ ဝယ်လိုအားမြင့်တက်နေသည့်အတွက် သွပ်ပြားများလည်းရှားပါးကာ နေ့ချင်းညချင်းဈေးကောင်းနေကြောင်း သိရသည်။

zawgyi version
ဖားကန႔္ၿမိဳ႕နယ္တြင္ ၾကက္ဥအ႐ြယ္အစားထက္ႀကီးမားသည့္ မိုးသီးေႂကြ၍ အိမ္ေခါင္မိုးမ်ားေပါက္ၿပဲသည့္အတြက္ အိမ္မိုးသြပ္မ်ားဝယ္လိုအားျမင့္တက္ေန

သန႔္ဇင္ (NP News) - မတ္ ၂၇

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္တြင္ ၾကက္ဥအ႐ြယ္အစားထက္ ႀကီးမားသည့္ မိုးသီးေႂကြ၍ အိမ္ေခါင္မိုးမ်ားေပါက္ၿပဲသည့္အတြက္ အိမ္မိုးသြပ္မ်ားဝယ္လိုအားျမင့္တက္ ေနေၾကာင္း သခၤါလူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါမိုးသီးေႂကြက်မႈျဖစ္စဥ္သည္ ယမန္ေန႔(မတ္လ ၂၆ ရက္)၊ ည ၁၀နာရီဝန္းက်င္အခ်ိန္က ဖားကန႔္ၿမိဳ႕နယ္ရွိ၊ ဆိပ္မူေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ညပိုင္းႀကီးကို ေလျပင္းေတြတိုက္ၿပီးမိုးသီးေတြေႂကြတာ။ ေႂကြက်တဲ့မိုးသီးက ၾကက္ဥထက္ေတာင္ႀကီးတယ္။ တစ္ခ်ိဳ႕ဆို လက္ဖက္ရည္ ပန္းကန္လုံးေလာက္ရွိတယ္။ ကြၽန္ေတာ္ထင္တယ္ ဒီမွာေႂကြတဲ့မိုးသီးက တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ဆို အႀကီးဆုံးျဖစ္မယ္”ဟု သခၤါလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ မိုးသီးေႂကြက်မႈျဖစ္စဥ္ေၾကာင့္ ဆိပ္မူေက်း႐ြာအတြင္းရွိ အိမ္ေျခ(၂၀၀၀)ခန႔္ဝန္းက်င္သည္ အိမ္ေခါင္မိုးသြပ္ေပါက္ၿပဲခဲ့ကာ ေမာ္ေတာ္ယာဥ္အခ်ိဳ႕တြင္လည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

“ညပိုင္းေႂကြလို႔ေတာ္ေသးတာေပါ့။ အဲဒီအခ်ိန္လူေတြလည္း အျပင္သိပ္မထြက္ၾကလို႔ မထိတာ။ အိမ္ေတြကေတာ့ ေခါင္မိုးေတြ ေတာ္ေတာ္ပ်က္စီးသြားၾကတယ္။ ကားေတြလည္း ေခါင္မိုးေပါက္တာတို႔ မွန္ကြဲတာတို႔ျဖစ္သြားတယ္။ တစ္႐ြာလုံးအတိုင္းအတာနဲ႔ (၃)ပုံ၊ (၂)ပုံေက်ာ္ေလာက္ အိမ္မိုးသြပ္ျပားေတြေပါက္သြားၾကတယ္။ အခုသြပ္ေတြကေတာ့ ဝယ္လို႔ ေတာင္မရႏိုင္ေတာ့ဘူး။ ဖားကန႔္ဘက္ သြားဝယ္လည္း မရႏိုင္ေတာ့ဘူး” ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာ၌ အဆိုပါမိုးသီးေႂကြက်မႈျဖစ္စဥ္ေၾကာင့္ အိမ္ေခါင္မိုးသြပ္ျပားမ်ား ဝယ္လိုအားျမင့္တက္ေနသည့္အတြက္ သြပ္ျပားမ်ားလည္းရွားပါးကာ ေန႔ခ်င္းညခ်င္းေဈးေကာင္းေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.