အမျိုးသမီးသင်္ဘောသားအလုပ်ကို စိတ်ဝင်စားသူမြင့်တက်

 3975

Pearl (NP News) - မတ် ၂၇

အလုပ်အကိုင်အခွင့်အလမ်းအသစ်တစ်ခုဖြစ်ပြီး နိုင်ငံခြားငွေရရှိသော အမျိုးသမီးသင်္ဘောသား အလုပ်အကိုင်ကို စိတ်ဝင်စားသူများပြားနေကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)မှ ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်၏ ပြောကြားချက်အရသိရသည်။

“ သိထားတဲ့စာရင်းအရဆိုရင်သင်တန်းတက်ပြီးသား အမျိုးသမီးသင်္ဘောသား၊သင်္ဘောသား Passport ထုတ်ပြီးသား အမျိုးသမီးသင်္ဘောသားစုစုပေါင်း(၆၀ဝ)ကျော်လောက်ရှိတယ်လို့သိရတယ်။ (၆၀ဝ)ဆိုတာက သင်တန်းလည်းတက်ပြီးပြီ။ မြန်မာပြည်က CDC လည်းလျှောက်ပြီးသား။ မြန်မာ Seaman Passport ကိုလည်း ထုတ်ပြီးသား” ဟု ၎င်းကပြောသည်။

အမျိုးသမီးသင်္ဘောသားများအနေဖြင့် ခရီးသည်တင်သင်္ဘော၊ အပျော်စီးသင်္ဘောများတွင် ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိကာ လက်ရှိတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကုန်တင်သင်္ဘောများတွင် မြန်မာအမျိုးသမီးသင်္ဘောသားများကို အလုပ်လုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။

“ အပျော်စီးသင်္ဘောတွေကို လိုက်နိုင်တဲ့ အမျိုးသမီးကတော့ (၃၀ဝဝ)လောက်ရှိပါတယ်။ လောလော ဆယ်တော့ (၃၀ဝဝ) လုံး သင်္ဘောမှာ ရောက်ချင်မှရောက်မယ်။ နားတဲ့လူလည်းရှိမယ်။ အလုပ်လုပ်နေတဲ့ လူလည်း ရှိမှာပေါ့နော် ” ဟု ၎င်းက ဆက်လက်ပြော သည်။

မြန်မာအမျိုးသမီးသင်္ဘောသားများသည် သင်္ဘောပေါ်၌ စားသောက်ဆိုင်၊ စားဖိုဆောင်နှင့် အခန်းတွင်း သန့်ရှင်းရေး လုပ်ငန်းများတွင် လုပ်ကိုင်နေလျက်ရှိကာ ရာထူးအဆင့်အလိုက် တစ်လလျှင် အမေရိကန်ဒေါ်လာ (၈၀ဝ)မှ (၁၀ဝဝ)ကြားရရှိပြီး လက်ရှိတွင် စိတ်ဝင်စားမှုများပြားနေကြောင်းလည်း ကပ္ပတိန် စိုးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

zawgyi version
အမ်ိဳးသမီးသေဘၤာသားအလုပ္ကို စိတ္ဝင္စားသူျမင့္တက္
Pearl (NP News) - မတ္ ၂၇

အလုပ္အကိုင္အခြင့္အလမ္းအသစ္တစ္ခုျဖစ္ၿပီး ႏိုင္ငံျခားေငြရရွိေသာ အမ်ိဳးသမီးသေဘၤာသား အလုပ္အကိုင္ကို စိတ္ဝင္စားသူမ်ားျပားေနေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္(MSF)မွ ဥကၠ႒ ကပၸတိန္စိုးမင္းေအာင္၏ ေျပာၾကားခ်က္အရသိရသည္။

“ သိထားတဲ့စာရင္းအရဆိုရင္သင္တန္းတက္ၿပီးသား အမ်ိဳးသမီးသေဘၤာသား၊သေဘၤာသား Passport ထုတ္ၿပီးသား အမ်ိဳးသမီးသေဘၤာသားစုစုေပါင္း(၆၀ဝ)ေက်ာ္ေလာက္ရွိတယ္လို႔သိရတယ္။ (၆၀ဝ)ဆိုတာက သင္တန္းလည္းတက္ၿပီးၿပီ။ ျမန္မာျပည္က CDC လည္းေလွ်ာက္ၿပီးသား။ ျမန္မာ Seaman Passport ကိုလည္း ထုတ္ၿပီးသား” ဟု ၎ကေျပာသည္။

အမ်ိဳးသမီးသေဘၤာသားမ်ားအေနျဖင့္ ခရီးသည္တင္သေဘၤာ၊ အေပ်ာ္စီးသေဘၤာမ်ားတြင္ ဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္လ်က္ရွိကာ လက္ရွိတြင္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ေရေၾကာင္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ကုန္တင္သေဘၤာမ်ားတြင္ ျမန္မာအမ်ိဳးသမီးသေဘၤာသားမ်ားကို အလုပ္လုပ္ကိုင္ရန္ ခြင့္ျပဳထားျခင္း မရွိေသးေၾကာင္း သိရသည္။

“ အေပ်ာ္စီးသေဘၤာေတြကို လိုက္ႏိုင္တဲ့ အမ်ိဳးသမီးကေတာ့ (၃၀ဝဝ)ေလာက္ရွိပါတယ္။ ေလာေလာ ဆယ္ေတာ့ (၃၀ဝဝ) လုံး သေဘၤာမွာ ေရာက္ခ်င္မွေရာက္မယ္။ နားတဲ့လူလည္းရွိမယ္။ အလုပ္လုပ္ေနတဲ့ လူလည္း ရွိမွာေပါ့ေနာ္ ” ဟု ၎က ဆက္လက္ေျပာ သည္။

ျမန္မာအမ်ိဳးသမီးသေဘၤာသားမ်ားသည္ သေဘၤာေပၚ၌ စားေသာက္ဆိုင္၊ စားဖိုေဆာင္ႏွင့္ အခန္းတြင္း သန႔္ရွင္းေရး လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနလ်က္ရွိကာ ရာထူးအဆင့္အလိုက္ တစ္လလွ်င္ အေမရိကန္ေဒၚလာ (၈၀ဝ)မွ (၁၀ဝဝ)ၾကားရရွိၿပီး လက္ရွိတြင္ စိတ္ဝင္စားမႈမ်ားျပားေနေၾကာင္းလည္း ကပၸတိန္ စိုးမင္းေအာင္၏ ေျပာၾကားခ်က္အရ သိရသည္။

Picture

09793492790

29/03/2024 07:44

ဒီလမ်းဒီဖိနပ်နဲ့တော်ရဲ့ အမေမှာ မှာစကားကို ဇွတ်စီးကာထွက်ခွာသွားတော့ အင်း ရင်လေးတယ်ကွယ်

Related news

© 2021. All rights reserved.