မလေးရှားအစိုးရက နိုင်ငံခြားအလုပ်သမားခေါ်ယူမှုခွင့်ပြုချက်ဆိုင်းငံ့ထားသဖြင့် မြန်မာလုပ်သားများ တရားမဝင်သွားရောက်မှုတိုးပွားလာခြင်းနှင့်အတူ အလိမ်ခံရမှုလည်း မြင့်တတ်လာနိုင်

 5048

Pearl (NP News) - မတ် ၂၇

မလေးရှားအစိုးရက နိုင်ငံခြားအလုပ်သမား ခေါ် ယူမှုခွင့်ပြုချက်ဆိုင်းငံ့ထားသဖြင့် မြန်မာလုပ်သားများ တရားမဝင်သွားရောက်မှုတိုးပွားလာခြင်းနှင့်အတူ အလိမ်ခံရမှုလည်း မြင့်တတ်လာနိုင်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးကျော်ထင်ကျော်က NP News ကို သုံးသပ်ပြောကြားသည်။

မလေးရှားနိုင်ငံက နိုင်ငံခြားသား အလုပ်သမား ခေါ်ယူခွင့် ခွင့်ပြုချက် KSM Approval ချထားပေးမှုများကို ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ရပ်ဆိုင်းထားပြီး ခွင့်ပြုထားပြီးဖြစ်သည့် KSM Approval များ၏ သက်တမ်းကာလ(၁၈)လအတွင်း အလုပ်သမားများအား ခေါ်ယူလျက်ရှိကြောင်းလည်း သိရသည်။ ထိုသို့ ဆိုင်ငံ့မှုကြောင့် မြန်မာနိုင်ငံမှ လုပ်သားများအနေဖြင့် မတ်လ (၃၀)ရက်အထိ Calling Visa မရရှိလျှင် မလေးရှားသို့ တရားဝင် သွားရောက်အလုပ် လုပ်ကိုင်ရန် သေချာမည်မဟုတ်ကြောင်းသိရသည်။

ထို့ကြောင့်မလေးရှားနိုင်ငံသို့ တရားမဝင်သွား ရောက်မည့် မြန်မာလုပ်သားများ ပိုမိုများပြားလာနိုင်ပြီး အလိမ်ခံရနိုင်မှုလည်း ပိုမိုမြင့်တတ်လာနိုင်ကြောင်းလည်း သိရသည်။ 'တရားဝင်စေလွှတ်ခွင့်ရချိန်မှာ တောင် တခါတလေကျရင် ဟိုဘက်မှာ တရားဝင် Demand နည်းနည်းရှားနေတဲ့အချိန်မှာတောင် ခိုးပြီးသွားနေကြတာလေ။ အခု ဟိုဘက်က ပိတ်လိုက်ပြီဆို တော့ တရားမဝင် ပိုများသွားနိုင်တာပေါ့။ အလိမ်ခံရမှု တွေလည်း ပိုများနိုင်တယ်။ အခုတောင်မှပဲ လိမ်နေတယ်။ တရားဝင်စေလွှတ်ခွင့်ရတဲ့အချိန်မှာတောင် လိမ်နေတယ်။ မတရားလိမ်နေတာကို။ အလုပ်သမားဝန်ကြီးဌာနမှာဆိုရင် အမှုတွေက အများကြီးပဲ။ မလေးရှားနဲ့ပတ်သက်ပြီး လိမ်တဲ့အမှုတွေ အများကြီး တွေ့နေရတယ်။ နယ်တွေမှာလည်း နယ်တွေ အလျောက်။ ပွဲစားတွေက များတာကိုး။ အခုအချိန် ပိုပြီးတော့ ပိုဆိုးဝါးနိုင်တာပေါ့နော်' ဟု ဦးကျော်ထင်ကျော်ကပြောသည်။

မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားအရေအတွက် ပမာဏဦးရေမှာ တစ်လလျှင် ၆၀ဝ မှ ၈၀ဝကြား ရှိ သော်လည်း တရားမဝင် လမ်းကြောင်းများမှတဆင့် သွားရောက်လုပ်ကိုင်မှုများက ပိုမိုများပြားနေပြီး လက်ရှိတွင် မလေးရှားနိုင်ငံ၌ အလုပ်အကိုင်အခွင့် လမ်းများလည်း ရှားပါးနေကြောင်း သိရသည်။

'အခု လက်ရှိ မလေးရှားမှာ အလုပ်နည်းနည်းပါးတယ်။ တချို့စက်ရုံတွေဆိုရင် Over Time တောင် မပေးနိုင်တော့ဘူး။ Basic Salary နဲ့ပဲ။ တချို့လည်း နည်းနည်းပါးပါး Over Time (အချိန်ပို) ရှိတာပေါ့။ အများစုကတော့ အလုပ်တွေ နည်းနည်းပါးတဲ့အတွက် Over Time ဆို အစက (၄)နာရီဆို အခု(၂)နာရီ။ တချို့ဆို လုံးဝမပေးနိုင်တာတောင်ရှိတယ်။ တချို့စက်ရုံတွေ ဆိုရင် အလုပ်တောင်မမှန်လို့ လစာတွေ မပေးချင်တဲ့ စက်ရုံတွေတောင် ရှင်းနေရတဲ့ အလုပ်သမားတွေ ရှိတယ်' ဟု ၄င်းက ဆက်လက်ပြောသည်။

ထိုသို့ အလုပ်အကိုင်ရှားပါးနေသော်လည်း အလုပ်အကိုင်ရရှိမည်ဟုဆိုကာ Online မှတဆင့် လိမ်လည်မှုများလည်းရှိကြောင်း သိရသည်။ ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းအ တွက် အလိမ်ခံရမှုများ နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်သူများကို အသိပညာပေးပြောကြားသော် လည်း လက်ရှိအချိန်ထိ အလိမ်ခံရမှု ဖြစ်စဉ်များဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
မေလးရွားအစိုးရက ႏိုင္ငံျခားအလုပ္သမားေခၚယူမႈခြင့္ျပဳခ်က္ဆိုင္းငံ့ထားသျဖင့္ ျမန္မာလုပ္သားမ်ား တရားမဝင္သြားေရာက္မႈတိုးပြားလာျခင္းႏွင့္အတူ အလိမ္ခံရမႈလည္း ျမင့္တတ္လာႏိုင္
Pearl (NP News) - မတ္ ၂၇

မေလးရွားအစိုးရက ႏိုင္ငံျခားအလုပ္သမား ေခၚ ယူမႈခြင့္ျပဳခ်က္ဆိုင္းငံ့ထားသျဖင့္ ျမန္မာလုပ္သားမ်ား တရားမဝင္သြားေရာက္မႈတိုးပြားလာျခင္းႏွင့္အတူ အလိမ္ခံရမႈလည္း ျမင့္တတ္လာႏိုင္ေၾကာင္း ျမန္မာ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒(၂) ဦးေက်ာ္ထင္ေက်ာ္က NP News ကို သုံးသပ္ေျပာၾကားသည္။

မေလးရွားႏိုင္ငံက ႏိုင္ငံျခားသား အလုပ္သမား ေခၚယူခြင့္ ခြင့္ျပဳခ်က္ KSM Approval ခ်ထားေပးမႈမ်ားကို ၂၀၂၃ ခုႏွစ္၊ မတ္လမွစတင္ရပ္ဆိုင္းထားၿပီး ခြင့္ျပဳထားၿပီးျဖစ္သည့္ KSM Approval မ်ား၏ သက္တမ္းကာလ(၁၈)လအတြင္း အလုပ္သမားမ်ားအား ေခၚယူလ်က္ရွိေၾကာင္းလည္း သိရသည္။ ထိုသို႔ ဆိုင္ငံ့မႈေၾကာင့္ ျမန္မာႏိုင္ငံမွ လုပ္သားမ်ားအေနျဖင့္ မတ္လ (၃၀)ရက္အထိ Calling Visa မရရွိလွ်င္ မေလးရွားသို႔ တရားဝင္ သြားေရာက္အလုပ္ လုပ္ကိုင္ရန္ ေသခ်ာမည္မဟုတ္ေၾကာင္းသိရသည္။

ထို႔ေၾကာင့္မေလးရွားႏိုင္ငံသို႔ တရားမဝင္သြား ေရာက္မည့္ ျမန္မာလုပ္သားမ်ား ပိုမိုမ်ားျပားလာႏိုင္ၿပီး အလိမ္ခံရႏိုင္မႈလည္း ပိုမိုျမင့္တတ္လာႏိုင္ေၾကာင္းလည္း သိရသည္။ 'တရားဝင္ေစလႊတ္ခြင့္ရခ်ိန္မွာ ေတာင္ တခါတေလက်ရင္ ဟိုဘက္မွာ တရားဝင္ Demand နည္းနည္းရွားေနတဲ့အခ်ိန္မွာေတာင္ ခိုးၿပီးသြားေနၾကတာေလ။ အခု ဟိုဘက္က ပိတ္လိုက္ၿပီဆို ေတာ့ တရားမဝင္ ပိုမ်ားသြားႏိုင္တာေပါ့။ အလိမ္ခံရမႈ ေတြလည္း ပိုမ်ားႏိုင္တယ္။ အခုေတာင္မွပဲ လိမ္ေနတယ္။ တရားဝင္ေစလႊတ္ခြင့္ရတဲ့အခ်ိန္မွာေတာင္ လိမ္ေနတယ္။ မတရားလိမ္ေနတာကို။ အလုပ္သမားဝန္ႀကီးဌာနမွာဆိုရင္ အမႈေတြက အမ်ားႀကီးပဲ။ မေလးရွားနဲ႔ပတ္သက္ၿပီး လိမ္တဲ့အမႈေတြ အမ်ားႀကီး ေတြ႕ေနရတယ္။ နယ္ေတြမွာလည္း နယ္ေတြ အေလ်ာက္။ ပြဲစားေတြက မ်ားတာကိုး။ အခုအခ်ိန္ ပိုၿပီးေတာ့ ပိုဆိုးဝါးႏိုင္တာေပါ့ေနာ္' ဟု ဦးေက်ာ္ထင္ေက်ာ္ကေျပာသည္။

မေလးရွားႏိုင္ငံသို႔ တရားဝင္သြားေရာက္အလုပ္လုပ္ကိုင္သည့္ ျမန္မာလုပ္သားအေရအတြက္ ပမာဏဦးေရမွာ တစ္လလွ်င္ ၆၀ဝ မွ ၈၀ဝၾကား ရွိ ေသာ္လည္း တရားမဝင္ လမ္းေၾကာင္းမ်ားမွတဆင့္ သြားေရာက္လုပ္ကိုင္မႈမ်ားက ပိုမိုမ်ားျပားေနၿပီး လက္ရွိတြင္ မေလးရွားႏိုင္ငံ၌ အလုပ္အကိုင္အခြင့္ လမ္းမ်ားလည္း ရွားပါးေနေၾကာင္း သိရသည္။

'အခု လက္ရွိ မေလးရွားမွာ အလုပ္နည္းနည္းပါးတယ္။ တခ်ိဳ႕စက္႐ုံေတြဆိုရင္ Over Time ေတာင္ မေပးႏိုင္ေတာ့ဘူး။ Basic Salary နဲ႔ပဲ။ တခ်ိဳ႕လည္း နည္းနည္းပါးပါး Over Time (အခ်ိန္ပို) ရွိတာေပါ့။ အမ်ားစုကေတာ့ အလုပ္ေတြ နည္းနည္းပါးတဲ့အတြက္ Over Time ဆို အစက (၄)နာရီဆို အခု(၂)နာရီ။ တခ်ိဳ႕ဆို လုံးဝမေပးႏိုင္တာေတာင္ရွိတယ္။ တခ်ိဳ႕စက္႐ုံေတြ ဆိုရင္ အလုပ္ေတာင္မမွန္လို႔ လစာေတြ မေပးခ်င္တဲ့ စက္႐ုံေတြေတာင္ ရွင္းေနရတဲ့ အလုပ္သမားေတြ ရွိတယ္' ဟု ၄င္းက ဆက္လက္ေျပာသည္။

ထိုသို႔ အလုပ္အကိုင္ရွားပါးေနေသာ္လည္း အလုပ္အကိုင္ရရွိမည္ဟုဆိုကာ Online မွတဆင့္ လိမ္လည္မႈမ်ားလည္းရွိေၾကာင္း သိရသည္။ ထို႔ျပင္ အလုပ္အကိုင္အခြင့္အလမ္းအ တြက္ အလိမ္ခံရမႈမ်ား ႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ျပည္သူမ်ားကို အသိပညာေပးေျပာၾကားေသာ္ လည္း လက္ရွိအခ်ိန္ထိ အလိမ္ခံရမႈ ျဖစ္စဥ္မ်ားျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.