ဂျပန်မှာ သေစေနိုင်တဲ့ လည်ချောင်းနာရောဂါဖြစ်ပွားမှု မြင့်တက်လာနိုင်

 1293

ရောင်နီ (NP News) - မတ် ၂၈

ဂျပန်မှာ အသက်အန္တရာယ်ရှိ လည်ချောင်းနာရောဂါ ကူးစက်မှု ၂၀၂၃ ခုနှစ်ကထက် ၃ ဆခန့် ပိုများပြားလာတာကြောင့် ကူးစက်မှုနှုန်း ခုန်တက်လာနိုင်ဖွယ်ရှိတယ်လို့ ဂျပန်ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ လည်ချောင်းနာ streptococcus ဘက်တီးရီးယားပိုး ကူးစက်မှုကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းက လေးပုံတစ်ပုံနှုန်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မတ်လအစောပိုင်းက အစီရင်ခံစာတစ်ခုအရ သိရပါတယ်။ ဂျပန်နိုင်ငံမှာ မတ်လ ၁၀ ရက်အထိအတွင်း အဆိုပါ ပြင်းထန်ဘက်တီးရီယားပိုးကြောင့် streptococcal toxic shock syndrome (သို့မဟုတ်) SSTS ရောဂါဖြစ်ပွားမှု ၄၇၄ မှုရှိပြီး သေဆုံးမှုနှုန်း ၃၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒီလက္ခဏာစုဟာ ခန္ဓာကိုယ်အနှံ့ ရောဂါပိုးပျံ့နှံ့သွားတဲ့အခါ တွေ့ရှိရပြီး ကိုယ်တွင်းအင်္ဂါချို့ယွင်းမှုဖြစ်စေနိုင်ကာ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။

ဒါပေမဲ့ အဆိုပါရောဂါဟာ အဆုတ်ရောင်ရောဂါ သို့မဟုတ် Covid-19 လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ အခြေအနေကိုတော့ ဦးတည်သွားဖွယ်မရှိဘူးလို့ Fujita Health University မှ ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဟီတိုရှီဟွန်ဒါက ပြောကြားခဲ့ပါတယ်။ ကူးစက်မှုကို ကာကွယ်ဖို့အတွက်ကတော့ လက်သန့်ရှင်းရေး ဂရုစိုက်ဖို့ အလွန်အရေးကြီးတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

zawgyi version
ဂ်ပန္မွာ ေသေစႏိုင္တဲ့ လည္ေခ်ာင္းနာေရာဂါျဖစ္ပြားမႈ ျမင့္တက္လာႏိုင္
ေရာင္နီ (NP News) - မတ္ ၂၈

ဂ်ပန္မွာ အသက္အႏၲရာယ္ရွိ လည္ေခ်ာင္းနာေရာဂါ ကူးစက္မႈ ၂၀၂၃ ခုႏွစ္ကထက္ ၃ ဆခန္႔ ပိုမ်ားျပားလာတာေၾကာင့္ ကူးစက္မႈႏႈန္း ခုန္တက္လာႏိုင္ဖြယ္ရွိတယ္လို႔ ဂ်ပန္က်န္းမာေရး အာဏာပိုင္ေတြက သတိေပးထားပါတယ္။

ႏိုင္ငံတစ္ဝွမ္းမွာ လည္ေခ်ာင္းနာ streptococcus ဘက္တီးရီးယားပိုး ကူးစက္မႈကို လြန္ခဲ့တဲ့ ငါးႏွစ္အတြင္းက ေလးပုံတစ္ပုံႏႈန္း စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ မတ္လအေစာပိုင္းက အစီရင္ခံစာတစ္ခုအရ သိရပါတယ္။ ဂ်ပန္ႏိုင္ငံမွာ မတ္လ ၁၀ ရက္အထိအတြင္း အဆိုပါ ျပင္းထန္ဘက္တီးရီယားပိုးေၾကာင့္ streptococcal toxic shock syndrome (သို႔မဟုတ္) SSTS ေရာဂါျဖစ္ပြားမႈ ၄၇၄ မႈရွိၿပီး ေသဆုံးမႈႏႈန္း ၃၀ ရာခိုင္ႏႈန္းအထိ ရွိပါတယ္။ ဒီလကၡဏာစုဟာ ခႏၶာကိုယ္အႏွံ႔ ေရာဂါပိုးပ်ံ႕ႏွံ႔သြားတဲ့အခါ ေတြ႕ရွိရၿပီး ကိုယ္တြင္းအဂၤါခ်ိဳ႕ယြင္းမႈျဖစ္ေစႏိုင္ကာ အခန္႔မသင့္ရင္ အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္လာႏိုင္ပါတယ္။

ဒါေပမဲ့ အဆိုပါေရာဂါဟာ အဆုတ္ေရာင္ေရာဂါ သို႔မဟုတ္ Covid-19 လို အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ အေျခအေနကိုေတာ့ ဦးတည္သြားဖြယ္မရွိဘူးလို႔ Fujita Health University မွ ကူးစက္ေရာဂါဆိုင္ရာ ပါေမာကၡ ေဒါက္တာ ဟီတိုရွီဟြန္ဒါက ေျပာၾကားခဲ့ပါတယ္။ ကူးစက္မႈကို ကာကြယ္ဖို႔အတြက္ကေတာ့ လက္သန႔္ရွင္းေရး ဂ႐ုစိုက္ဖို႔ အလြန္အေရးႀကီးတယ္လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.