ဧပြီလအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များတိုးလာနိုင်

 895

ယွန်း(NP News) - မတ် ၂၈

လာမည့် ဧပြီလအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များတိုးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မိုးဇလမှ ယနေ့(မတ်လ ၂၈ ရက်)တွင် ထုတ်ပြန်သည့် ဧပြီလအတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ကယား၊ ကရင် နှင့် မွန်တို့တွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ကြောင်း သိရသည်။

ထို့ပြင် မိုးရွာသွန်းမှုများလည်းရှိနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင် နှင့် ချင်းတို့တွင် ၇ ရက်မှ ၁၂ ရက်ခန့် နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် ၁ ရက်မှ ၆ ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ဆိုထားသည်။

ယခုနွေရာသီ၌ နေ့အပူချိန်မြင့်တက်ခါ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းဖြစ်စဥ်များ ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ(၁)ရက်တွင် အသိပေးထားသည်။ ထို့ပြင် မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။

zawgyi version
ဧၿပီလအတြင္း ရန္ကုန္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ေန႔အပူခ်ိန္မ်ားတိုးလာႏိုင္
ယြန္း(NP News) - မတ္ ၂၈

လာမည့္ ဧၿပီလအတြင္း ရန္ကုန္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ေန႔အပူခ်ိန္မ်ားတိုးလာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

မိုးဇလမွ ယေန႔(မတ္လ ၂၈ ရက္)တြင္ ထုတ္ျပန္သည့္ ဧၿပီလအတြက္ မိုးေလဝသခန႔္မွန္းခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။ အဆိုပါကာလအတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ရွမ္း၊ ကယား၊ ကရင္ ႏွင့္ မြန္တို႔တြင္ ဧၿပီလပ်မ္းမွ်အပူခ်ိန္၏ ၁ ဒသမ ၅ ဒီဂရီဆဲလ္စီးယပ္ႏွင့္အထက္ ပိုႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ မိုး႐ြာသြန္းမႈမ်ားလည္းရွိႏိုင္ၿပီး စစ္ကိုင္းတိုင္းအထက္ပိုင္း၊ တနသၤာရီ၊ ကခ်င္ ႏွင့္ ခ်င္းတို႔တြင္ ၇ ရက္မွ ၁၂ ရက္ခန႔္ ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း ေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ ရွမ္း၊ ရခိုင္၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ ၁ ရက္မွ ၆ ရက္ခန႔္မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလက ဆိုထားသည္။

ယခုေႏြရာသီ၌ ေန႔အပူခ်ိန္ျမင့္တက္ခါ ေလျပင္းတိုက္ခတ္ျခင္း၊ မိုး႐ြာသြန္းျခင္း၊ မိုးသီးေႂကြျခင္းျဖစ္စဥ္မ်ား ႀကဳံေတြ႕ရႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက မတ္လ(၁)ရက္တြင္ အသိေပးထားသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံအရပ္ရပ္တြင္ ေႏြကာလျဖစ္သည့္ မတ္လ၊ ဧၿပီလႏွင့္ ေမလမ်ားအတြင္း ေန႔အပူခ်ိန္မ်ား တျဖည္းျဖည္း ျမင့္တက္ႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။

Related news

© 2021. All rights reserved.