လူတစ်ဦးက မိမိကိုယ်ကိုဓားဖြင့်ထိုးသတ်သည့်ဖြစ်စဉ် ရွာငံမြို့နယ်တွင် ဖြစ်ပွား

 1394

သန့်ဇင် (NP News) - မတ် ၂၈

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အရက်သောက်များ၍ စိတ်မူမမှန်သော အမျိုးသားတစ်ဦးက မိမိကိုယ်ကိုဓားဖြင့်ထိုးသတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၈ ရက်)၊ နံနက် ၁၀နာရီ ၁၅မိနစ်အချိန်က ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရက်ကြောင်ကြောင်ပြီး သူ့ကိုယ်သူဓားနဲ့ပြန်ထိုးတာပါ။ သိရတာတော့ သူ့အိမ်မှာ (၆)နှစ်အရွယ်သူ့သမီးလေးကို ဓားယူခိုင်းပြီး အနားမှာ မနေနဲ့ဆိုပြီး မောင်းထုတ်တယ်တဲ့။ ခဏနေလို့ သူ့သမီးက ပြန်လာပြီးကြည့်တာမှာ အလောင်းကိုတွေ့ရတာ”ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ မိမိကိုယ်ကိုဓားဖြင့်ပြန်ထိုးသတ်ခဲ့သော အမျိုးသားမှာ အသက်(၃၇)နှစ်အရွယ်ရှိသူဖြစ်ပြီး ရင်ညွန့်နှင့်လည်ပင်းတို့၌ ဓားဒဏ်ရာ (၂)ချက်ရရှိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ရင်ညွန့်နဲ့ လည်ပင်းမှာဓားဒဏ်ရာ(၂)ချက်နဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးနေတာ။ ဒီမှာက အရက်ကြောင်ကြောင်တဲ့လူတွေက ဒီလိုခဏခဏလုပ်တယ်။ ဆွဲကြိုးချသတ်သေတာတွေလည်းရှိတယ်။ အရက်ရဲ့ဆိုးကျိုးတွေပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရွာငံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
လူတစ္ဦးက မိမိကိုယ္ကိုဓားျဖင့္ထိုးသတ္သည့္ျဖစ္စဥ္ ႐ြာငံၿမိဳ႕နယ္တြင္ ျဖစ္ပြား
သန႔္ဇင္ (NP News) - မတ္ ၂၈

ရွမ္းျပည္နယ္၊ ႐ြာငံၿမိဳ႕နယ္တြင္ အရက္ေသာက္မ်ား၍ စိတ္မူမမွန္ေသာ အမ်ိဳးသားတစ္ဦးက မိမိကိုယ္ကိုဓားျဖင့္ထိုးသတ္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕-႐ြာငံၿမိဳ႕နယ္ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၈ ရက္)၊ နံနက္ ၁၀နာရီ ၁၅မိနစ္အခ်ိန္က ႐ြာငံၿမိဳ႕နယ္၊ သိမ္ကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အရက္ေၾကာင္ေၾကာင္ၿပီး သူ႔ကိုယ္သူဓားနဲ႔ျပန္ထိုးတာပါ။ သိရတာေတာ့ သူ႔အိမ္မွာ (၆)ႏွစ္အ႐ြယ္သူ႔သမီးေလးကို ဓားယူခိုင္းၿပီး အနားမွာ မေနနဲ႔ဆိုၿပီး ေမာင္းထုတ္တယ္တဲ့။ ခဏေနလို႔ သူ႔သမီးက ျပန္လာၿပီးၾကည့္တာမွာ အေလာင္းကိုေတြ႕ရတာ”ဟု ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕-႐ြာငံၿမိဳ႕နယ္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ မိမိကိုယ္ကိုဓားျဖင့္ျပန္ထိုးသတ္ခဲ့ေသာ အမ်ိဳးသားမွာ အသက္(၃၇)ႏွစ္အ႐ြယ္ရွိသူျဖစ္ၿပီး ရင္ၫြန႔္ႏွင့္လည္ပင္းတို႔၌ ဓားဒဏ္ရာ (၂)ခ်က္ရရွိကာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ရင္ၫြန႔္နဲ႔ လည္ပင္းမွာဓားဒဏ္ရာ(၂)ခ်က္နဲ႔ အခင္းျဖစ္တဲ့ေနရာမွာပဲ ဆုံးေနတာ။ ဒီမွာက အရက္ေၾကာင္ေၾကာင္တဲ့လူေတြက ဒီလိုခဏခဏလုပ္တယ္။ ဆြဲႀကိဳးခ်သတ္ေသတာေတြလည္းရွိတယ္။ အရက္ရဲ႕ဆိုးက်ိဳးေတြေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ႐ြာငံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.