တစ်မိနစ်နဲ့ ၈ စက္ကန့်တိုင်း မြန်မာတစ်ဦးသေဆုံးနေရကြောင်း အမေရိကန်အခြေစိုက် အဖွဲ့အစည်းဖော်ပြ

 1489

ဂျန်ဇက် (NP News) - မတ် ၂၉

မြန်မာနိုင်ငံတွင် ၁ ဒသမ ဝ၈ မိနစ်တိုင်း လူတစ်ဦးသေဆုံးနေပြီး အာဆီယံဒေသတွင်း နိုင်ငံများတွင် မိနစ်ပိုင်းအတွင်း လူသေဆုံးမှုအများဆုံးနိုင်ငံများထဲတွင်ပါဝင်နေကြောင်း အမေရိကန်အခြေစိုက်အဖွဲ့စည်းတစ်ခုက ဖော်ပြထားသည်။

အမေရိကန်အခြေစိုက် အဖွဲ့စည်းတစ်ခုဖြစ်သော World Population Review အဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၏ မွေးဖွားနှုန်းနှင့် သေဆုံးနှုန်းများကို နေ့စဉ်ဖော်ပြပေးနေပြီး ယင်းစစ်တမ်းအရ မြန်မာနိုင်ငံတွင်တစ်ရက်လူသေဆုံးမှုနှုန်းက ပျှမ်းမျှ ၁၃၃၅ ဦးရှိ နေကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ လူသေဆုံးမှုနှုန်းသည် အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံများ နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် လူသေဆုံးမှုအများဆုံးနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဖြစ်နေပြီး အင်ဒိုနီးရှားနိုင်ငံတွင် ၁၅ စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေကြောင်းသိရသည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံတွင် ၄၇ စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေပြီး ထိုင်းနိုင်ငံတွင် ၅၆ စက္ကန့် တိုင်းလူတစ်ဦး သေဆုံးနေကာ ဗီယက်နမ်နိုင်ငံတွင် ၄၆ စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေကြောင်းသိရသည်။ အာဆီယံဒေသအတွင်းရှိနိုင်ငံများထဲတွင် လူသေဆုံးမှု အနည်းဆုံး နိုင်ငံများက ဘရူနိုင်း၊ စင်ကာပူနိုင်ငံတို့ဖြစ်နေပြီး ဘရူနိုင်းတွင် ၃ နာရီခွဲကျော်ကြာမှ လူတစ်ဦးသေဆုံးနေကြောင်း သိရသည်။

ထို့ပြင် အမေရိကန်အခြေစိုက်အဖွဲ့ အစည်း၏အဆိုအရ အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်လျှင် လူပေါင်း ၅၈၃၆ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၈၅၀ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၁၈၉၅ ဦး သေဆုံးနေပြီး ထိုင်းနိုင်ငံတွင် ၁၅၃၂ဦး သေဆုံးနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တစ်ရက်လူ သေဆုံးမှုနှုန်း က အနည်းဆုံး ၁၃၀ဝ ကျော်ရှိနေသကဲ့သို့ မွေးဖွားနှုန်း ကလည်း တစ်ရက်လျှင် ၂၅၀ဝ နီးပါးရှိနေကြောင်း World Population Review အဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါအဖွဲ့က မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ၃၅ စက္ကန့်တိုင်း ကလေးတစ်ဦး မွေးဖွားနေပြီး တစ်ရက်ကလေးမွေးဖွားနှုန်းက အနည်းဆုံး ၂၄၆၉ ဦးရှိနေကြောင်း ဖော်ပြထားသည်။

zawgyi version
တစ္မိနစ္နဲ႔ ၈ စကၠန႔္တိုင္း ျမန္မာတစ္ဦးေသဆုံးေနရေၾကာင္း အေမရိကန္အေျခစိုက္ အဖြဲ႕အစည္းေဖာ္ျပ
ဂ်န္ဇက္ (NP News) - မတ္ ၂၉

ျမန္မာႏိုင္ငံတြင္ ၁ ဒသမ ဝ၈ မိနစ္တိုင္း လူတစ္ဦးေသဆုံးေနၿပီး အာဆီယံေဒသတြင္း ႏိုင္ငံမ်ားတြင္ မိနစ္ပိုင္းအတြင္း လူေသဆုံးမႈအမ်ားဆုံးႏိုင္ငံမ်ားထဲတြင္ပါဝင္ေနေၾကာင္း အေမရိကန္အေျခစိုက္အဖြဲ႕စည္းတစ္ခုက ေဖာ္ျပထားသည္။

အေမရိကန္အေျခစိုက္ အဖြဲ႕စည္းတစ္ခုျဖစ္ေသာ World Population Review အဖြဲ႕သည္ ကမာၻတစ္ဝန္းရွိႏိုင္ငံမ်ား၏ ေမြးဖြားႏႈန္းႏွင့္ ေသဆုံးႏႈန္းမ်ားကို ေန႔စဥ္ေဖာ္ျပေပးေနၿပီး ယင္းစစ္တမ္းအရ ျမန္မာႏိုင္ငံတြင္တစ္ရက္လူေသဆုံးမႈႏႈန္းက ပွ်မ္းမွ် ၁၃၃၅ ဦးရွိ ေနေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၏ လူေသဆုံးမႈႏႈန္းသည္ အာဆီယံေဒသအတြင္းရွိ အျခားႏိုင္ငံမ်ား ႏွင့္ႏႈိင္းယွဥ္လွ်င္ အနည္းငယ္ျမင့္တက္ေနေၾကာင္း သိရသည္။

အာဆီယံေဒသတြင္းႏိုင္ငံမ်ားထဲတြင္ လူေသဆုံးမႈအမ်ားဆုံးႏိုင္ငံက အင္ဒိုနီးရွားႏိုင္ငံျဖစ္ေနၿပီး အင္ဒိုနီးရွားႏိုင္ငံတြင္ ၁၅ စကၠန႔္တိုင္း လူတစ္ဦးေသဆုံးေနေၾကာင္းသိရသည္။ ထို႔ျပင္ ဖိလစ္ပိုင္ႏိုင္ငံတြင္ ၄၇ စကၠန႔္တိုင္း လူတစ္ဦးေသဆုံးေနၿပီး ထိုင္းႏိုင္ငံတြင္ ၅၆ စကၠန႔္ တိုင္းလူတစ္ဦး ေသဆုံးေနကာ ဗီယက္နမ္ႏိုင္ငံတြင္ ၄၆ စကၠန႔္တိုင္း လူတစ္ဦးေသဆုံးေနေၾကာင္းသိရသည္။ အာဆီယံေဒသအတြင္းရွိႏိုင္ငံမ်ားထဲတြင္ လူေသဆုံးမႈ အနည္းဆုံး ႏိုင္ငံမ်ားက ဘ႐ူႏိုင္း၊ စင္ကာပူႏိုင္ငံတို႔ျဖစ္ေနၿပီး ဘ႐ူႏိုင္းတြင္ ၃ နာရီခြဲေက်ာ္ၾကာမွ လူတစ္ဦးေသဆုံးေနေၾကာင္း သိရသည္။

ထို႔ျပင္ အေမရိကန္အေျခစိုက္အဖြဲ႕ အစည္း၏အဆိုအရ အင္ဒိုနီးရွားႏိုင္ငံတြင္ တစ္ရက္လွ်င္ လူေပါင္း ၅၈၃၆ဦး၊ ဖိလစ္ပိုင္ႏိုင္ငံတြင္ ၁၈၅၀ဦး၊ ဗီယက္နမ္ႏိုင္ငံတြင္ ၁၈၉၅ ဦး ေသဆုံးေနၿပီး ထိုင္းႏိုင္ငံတြင္ ၁၅၃၂ဦး ေသဆုံးေနေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံတြင္ တစ္ရက္လူ ေသဆုံးမႈႏႈန္း က အနည္းဆုံး ၁၃၀ဝ ေက်ာ္ရွိေနသကဲ့သို႔ ေမြးဖြားႏႈန္း ကလည္း တစ္ရက္လွ်င္ ၂၅၀ဝ နီးပါးရွိေနေၾကာင္း World Population Review အဖြဲ႕၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ အဆိုပါအဖြဲ႕က ျမန္မာႏိုင္ငံတြင္ တစ္ရက္လွ်င္ ၃၅ စကၠန႔္တိုင္း ကေလးတစ္ဦး ေမြးဖြားေနၿပီး တစ္ရက္ကေလးေမြးဖြားႏႈန္းက အနည္းဆုံး ၂၄၆၉ ဦးရွိေနေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.