အိန္ဒိယအစားအစာ ကုမ္ပဏီတစ်ခုက (၁၂၃) ပေကျော်အရှည်ရှိတဲ့ dosa ကို ချက်ပြုတ်ပြီး ဂင်းနစ်စံချိန် ချိုးဖျက်

 677

Pika (NP News) - မတ် ၂၉

အိန္ဒိယအစားအစာကုမ္ပဏီတစ်ခုသည် (၁၂၃)ပေကျော်အရှည်ရှိသော dosa ကိုချက်ပြုတ်ကာ ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့ကြောင်းသိရသည်။

MTR Foods ကုမ္ပဏီသည် ၎င်းတို့၏နှစ်(၁၀ဝ)ပြည့်အခမ်းအနားတွင် ယခုကဲ့သို့ချက်ပြုတ်ကာ ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ MTR Foods ကုမ္ပဏီသည် Bommasandra မြို့ရှိ စက်ရုံတွင် (၁၂၃)ပေကျော်အရှည်ရှိသော dosa ကိုဖန်တီးရန်အတွက် စားဖိုမှူး ရီဂီမက်သရူးဦးဆောင်သည့် စားဖိုမှူး (၇၅)ဦးပါဝင်သောအဖွဲ့ကို စုစည်းခဲ့ကြောင်း သိရသည်။ အရှည်ဆုံး dosa ချက်ပြုတ်မှုအတွက် ယခင်က တင်ထားသောစံချိန်မှာ ၂၀၁၄ ခုနှစ်တွင် Telangana ပြည်နယ် ဟိုက်ဒရာဘတ်မြို့တွင် ချက်ပြုတ်ခဲ့သည့် အရှည်(၅၄)ပေရှိသော dosa ဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း MTR Foods ကုမ္ပဏီသည် အရှည်(၁၂၃)ပေကျော်ရှိသော dosa ကို ချက်ပြုတ်ခဲ့ကာ ယခုကဲ့သို့ ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။

စားဖိုမှူး ရီဂီမက်သရူးက “MTR Foods ကုမ္ပဏီမှာ သမိုင်းဝင်မှတ်တမ်းတစ်ခုကိုရရှိအောင် လုပ် ဆောင်နိုင်ခဲ့လို့ တကယ်ကို ဝမ်းသာပါတယ်။ အရှည် (၁၂၃)ပေကျော်ရှိတဲ့ dosa ကို ချက်ပြုတ်နိုင်တဲ့ ဂင်းနစ်စံချိန်မှတ်တမ်းနဲ့အတူ MTR Foods ကုမ္ပဏီရဲ့ နှစ်(၁၀ဝ) ပြည့်အခမ်းအနားကို ဂုဏ်ပြုပါတယ် ” ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ယခုကဲ့သို့ ဂင်းနစ်စံချိန်မချိုး ဖျက်နိုင်မီ ချက်ပြုတ်လေ့ကျင့်မှုအကြိမ်ရေပေါင်း (၁၁၀) ကျော်အထိ လုပ်ဆောင်ခဲ့ရကြောင်း ရီဂီမက်သရူးက ပြောကြားခဲ့သည်။

zawgyi version
အိႏၵိယအစားအစာ ကုမၸဏီတစ္ခုက (၁၂၃) ေပေက်ာ္အရွည္ရွိတဲ့ dosa ကို ခ်က္ျပဳတ္ၿပီး ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္
Pika (NP News) - မတ္ ၂၉

အိႏၵိယအစားအစာကုမၸဏီတစ္ခုသည္ (၁၂၃)ေပေက်ာ္အရွည္ရွိေသာ dosa ကိုခ်က္ျပဳတ္ကာ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ေၾကာင္းသိရသည္။

MTR Foods ကုမၸဏီသည္ ၎တို႔၏ႏွစ္(၁၀ဝ)ျပည့္အခမ္းအနားတြင္ ယခုကဲ့သို႔ခ်က္ျပဳတ္ကာ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္သည္။ MTR Foods ကုမၸဏီသည္ Bommasandra ၿမိဳ႕ရွိ စက္႐ုံတြင္ (၁၂၃)ေပေက်ာ္အရွည္ရွိေသာ dosa ကိုဖန္တီးရန္အတြက္ စားဖိုမႉး ရီဂီမက္သ႐ူးဦးေဆာင္သည့္ စားဖိုမႉး (၇၅)ဦးပါဝင္ေသာအဖြဲ႕ကို စုစည္းခဲ့ေၾကာင္း သိရသည္။ အရွည္ဆုံး dosa ခ်က္ျပဳတ္မႈအတြက္ ယခင္က တင္ထားေသာစံခ်ိန္မွာ ၂၀၁၄ ခုႏွစ္တြင္ Telangana ျပည္နယ္ ဟိုက္ဒရာဘတ္ၿမိဳ႕တြင္ ခ်က္ျပဳတ္ခဲ့သည့္ အရွည္(၅၄)ေပရွိေသာ dosa ျဖစ္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း MTR Foods ကုမၸဏီသည္ အရွည္(၁၂၃)ေပေက်ာ္ရွိေသာ dosa ကို ခ်က္ျပဳတ္ခဲ့ကာ ယခုကဲ့သို႔ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္သည္။

စားဖိုမႉး ရီဂီမက္သ႐ူးက “MTR Foods ကုမၸဏီမွာ သမိုင္းဝင္မွတ္တမ္းတစ္ခုကိုရရွိေအာင္ လုပ္ ေဆာင္ႏိုင္ခဲ့လို႔ တကယ္ကို ဝမ္းသာပါတယ္။ အရွည္ (၁၂၃)ေပေက်ာ္ရွိတဲ့ dosa ကို ခ်က္ျပဳတ္ႏိုင္တဲ့ ဂင္းနစ္စံခ်ိန္မွတ္တမ္းနဲ႔အတူ MTR Foods ကုမၸဏီရဲ႕ ႏွစ္(၁၀ဝ) ျပည့္အခမ္းအနားကို ဂုဏ္ျပဳပါတယ္ ” ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ယခုကဲ့သို႔ ဂင္းနစ္စံခ်ိန္မခ်ိဳး ဖ်က္ႏိုင္မီ ခ်က္ျပဳတ္ေလ့က်င့္မႈအႀကိမ္ေရေပါင္း (၁၁၀) ေက်ာ္အထိ လုပ္ေဆာင္ခဲ့ရေၾကာင္း ရီဂီမက္သ႐ူးက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.