စင်ကာပူမှာ မလေးရှားနိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက်နဲ့ ပြုပြင်ထားတဲ့ အစားအစာ ၁.၅ တန် သိမ်းဆည်းရမိ

 376

ရောင်နီ (NP News) - မတ် ၃ဝ

စင်ကာပူ အစားအစာအေဂျင်စီ (SFA) ဟာ မလေးရှားနိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက် ထွက်ကုန်နဲ့ ပြုပြင်ပြီးသား စားသောက်ကုန် ၁ ဒသမ ၅ တန်ခန့်ကို လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ်များမှ အာဏာပိုင်အဖွဲ့ (ICA) တွေနဲ့ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက် ပူးတွဲထုတ်ပြန်ချက်မှာ SFA နဲ့ ICA တို့က Woodlands စစ်ဆေးရေးဂိတ်မှတစ်ဆင့် စင်ကာပူကို ရောက်ရှိလာတဲ့ ကုန်တင်ကားတွေကို မတ်လ ၂၅ ရက် နဲ့ မတ် ၂၆ ရက်က စစ်ဆင်ရေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကုန်တင်ကားတွေဟာ ကုန်ပစ္စည်းတွေကို လက်လီရောင်းချသူတွေနဲ့ ဖောက်သည်တွေဆီ တိုက်ရိုက်ဖြန့်ဝေ ပို့ဆောင်လေ့ရှိတယ်လို့ အေဂျင်စီတွေက ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ICA အရာရှိတွေဟာ ကုန်တင်ကားနှစ်စီးကို SFA ဆီ လွှဲပြောင်းစစ်ဆေးခဲ့ရာမှာ ကုန်စည်တွေမှာ ကွဲလွဲမှုတွေ တွေ့ရှိလာပြီး ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် SFA ဟာ ငရုတ်သီး၊ နွေကြက်သွန်နီ၊ ဘရင်ဂျယ်နဲ့ အခွံနွှာထားတဲ့ ကြက်သွန်ဖြူများ စတဲ့ တရားဝင် စာရင်းမှာ မပါဝင်တဲ့ ကုန်ပစ္စည်း ၁.၅ တန်ခန့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ စင်ကာပူမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို လိုင်စင်ရ တင်သွင်းသူများမှသာ တင်သွင်းနိုင်ပြီး ကုန်စည်ပို့ဆောင်မှုတိုင်းကို တရားဝင် တင်သွင်းခွင့်ပါမစ်နဲ့သာ အရောင်းအဝယ် လုပ်ဆောင်ကြရပါတယ်။

တရားမဝင် တင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက်တွေဟာ အမည်မသိရင်းမြစ်များမှ ဖြစ်တာကြောင့် ဥပမာ ပိုးသတ်ဆေး များများသုံးထားတဲ့ အသီးအနှံတွေဖြစ်ခဲ့ရင် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ တရားမဝင် တင်သွင်းလာသူတွေဟာ ဒဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ အထိ ချမှတ်နိုင်ပြီး ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ မေလးရွားႏိုင္ငံမွ တရားမဝင္ တင္သြင္းလာတဲ့ ဟင္းသီးဟင္း႐ြက္နဲ႔ ျပဳျပင္ထားတဲ့ အစားအစာ ၁.၅ တန္ သိမ္းဆည္းရမိ
ေရာင္နီ (NP News) - မတ္ ၃ဝ

စင္ကာပူ အစားအစာေအဂ်င္စီ (SFA) ဟာ မေလးရွားႏိုင္ငံမွ တရားမဝင္ တင္သြင္းလာတဲ့ ဟင္းသီးဟင္း႐ြက္ ထြက္ကုန္နဲ႔ ျပဳျပင္ၿပီးသား စားေသာက္ကုန္ ၁ ဒသမ ၅ တန္ခန႔္ကို လူဝင္မႈႀကီးၾကပ္ေရးနဲ႔ စစ္ေဆးေရးဂိတ္မ်ားမွ အာဏာပိုင္အဖြဲ႕ (ICA) ေတြနဲ႔ပူးေပါင္းၿပီး ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

မတ္လ ၂၉ ရက္ ပူးတြဲထုတ္ျပန္ခ်က္မွာ SFA နဲ႔ ICA တို႔က Woodlands စစ္ေဆးေရးဂိတ္မွတစ္ဆင့္ စင္ကာပူကို ေရာက္ရွိလာတဲ့ ကုန္တင္ကားေတြကို မတ္လ ၂၅ ရက္ နဲ႔ မတ္ ၂၆ ရက္က စစ္ဆင္ေရးေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါကုန္တင္ကားေတြဟာ ကုန္ပစၥည္းေတြကို လက္လီေရာင္းခ်သူေတြနဲ႔ ေဖာက္သည္ေတြဆီ တိုက္႐ိုက္ျဖန႔္ေဝ ပို႔ေဆာင္ေလ့ရွိတယ္လို႔ ေအဂ်င္စီေတြက ေျပာပါတယ္။

စစ္ဆင္ေရးအတြင္း ICA အရာရွိေတြဟာ ကုန္တင္ကားႏွစ္စီးကို SFA ဆီ လႊဲေျပာင္းစစ္ေဆးခဲ့ရာမွာ ကုန္စည္ေတြမွာ ကြဲလြဲမႈေတြ ေတြ႕ရွိလာၿပီး ထပ္မံစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အဲဒီေနာက္ SFA ဟာ င႐ုတ္သီး၊ ေႏြၾကက္သြန္နီ၊ ဘရင္ဂ်ယ္နဲ႔ အခြံႏႊာထားတဲ့ ၾကက္သြန္ျဖဴမ်ား စတဲ့ တရားဝင္ စာရင္းမွာ မပါဝင္တဲ့ ကုန္ပစၥည္း ၁.၅ တန္ခန႔္ကို သိမ္းဆည္းရမိခဲ့ပါတယ္။ စင္ကာပူမွာ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို လိုင္စင္ရ တင္သြင္းသူမ်ားမွသာ တင္သြင္းႏိုင္ၿပီး ကုန္စည္ပို႔ေဆာင္မႈတိုင္းကို တရားဝင္ တင္သြင္းခြင့္ပါမစ္နဲ႔သာ အေရာင္းအဝယ္ လုပ္ေဆာင္ၾကရပါတယ္။

တရားမဝင္ တင္သြင္းလာတဲ့ ဟင္းသီးဟင္း႐ြက္ေတြဟာ အမည္မသိရင္းျမစ္မ်ားမွ ျဖစ္တာေၾကာင့္ ဥပမာ ပိုးသတ္ေဆး မ်ားမ်ားသုံးထားတဲ့ အသီးအႏွံေတြျဖစ္ခဲ့ရင္ အႏၲရာယ္ျဖစ္ေစႏိုင္တယ္လို႔ သတ္မွတ္ထားပါတယ္။ ဒါ့အျပင္ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ တရားမဝင္ တင္သြင္းလာသူေတြဟာ ဒဏ္ေငြ ေဒၚလာ ၁၀,၀၀၀ အထိ ခ်မွတ္ႏိုင္ၿပီး ေထာင္ဒဏ္ ၃ ႏွစ္အထိ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.