လုံခြုံရေးအခြေအနေအရ စာမေးပွဲမဖြေဆိုခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီလ (၂၉)ရက်နေ့တွင် ကျင်းပပေးမည်

 408

Pearl (NP News) - မတ် ၃၀

လုံခြုံရေးအခြေအနေအရ စာမေးပွဲမဖြေဆိုခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီလ (၂၉)ရက်နေ့တွင် ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများကို အထူးအစီအစဉ်အနေဖြင့် စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထိုသို့ အထူးအစီအစဉ်နေဖြင့် ကျင်းပဆောင်ရွက်ပေးမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီလ (၂၉)ရက်မှ မေလ (၅)ရက်အထိ ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲကျင်းပမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်ရှိ အထက(၉)မြစ်ကြီးနား၊ ကရင်ပြည်နယ်ရှိ အထက(၂)ဘားအံ၊ ချင်းပြည်နယ်ရှိ အထက(၂) မတူပီ၊ စစ်ကိုင်းတိုင်းရှိ အထက(၂) မုံရွာ၊ တနင်္သာရီတိုင်းရှိ အထက(၁)ထားဝယ်၊ မွန်ပြည်နယ်ရှိ အထက(၇)မော်လမြိုင်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထက(၁) ၊ အထက (၂)၊ အထက (၄)၊ အထက (၅) နှင့် ရှမ်းပြည်နယ်ရှိ အထက (၃) တောင်ကြီး၊ အထက (၈)လားရှိုး၊ အထက (၂) ကျိုင်းတုံတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် ဇမ္ဗူသီရိမြို့ရှိ အထက (၁၄)၊ ပဲခူးတိုင်းရှိ အထက (၁) တောင်ငူ နှင့် အထက(၅)ပြည်၊ မကွေးတိုင်းရှိ အထက(၄)မကွေး၊ မန္တလေးတိုင်းရှိ အထက(၈)အောင်မြေသာစံ၊ အထက(၂) ပြင်ဦးလွင်၊ အထက(၁) မိတ္ထီလာ ၊ ရန်ကုန်တိုင်းအတွင်းရှိ အထက (၁) သန်လျင်၊ အထက (၁) မင်္ဂလာဒုံ၊ အထက သုဝဏ္ဏ၊ အထက (၁) ကြည့်မြင်တိုင် နှင့် ဧရာဝတီတိုင်းရှိ အထက (၁) ပုသိမ်၊ အထက (၁) မြောင်းမြ၊ အထက(၁) မအူပင် စသည့် စာစစ်ဌာနများတွင်လည်း ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် စုစုပေါင်း စာစစ်ဌာန (၂၇) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ပြီး ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကို အထက်ပါ စာစစ်ဌာနများအနက် မိမိဖြေဆိုလိုသည့် စာစစ်ဌာနများသို့ လာမည့် ဧပြီလ (၁၂)ရက် နောက်ဆုံးထား၍ စာရင်းသွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစနစ်သစ်ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား/ကျောင်းသူ ဦးရေသည် (၁၄၆၅၂၃)ဦးရှိခဲ့သော်လည်း မြန်မာစာဘာသာရပ်ဖြေဆိုသည့်စာမေးပွဲပထမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၁၂၈၈၀၁)ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်ခဲ့သူမှာ (၁၇၇၂၂)ဦးအထိရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးနီးပါး၌ စာစစ်ဌာနများ ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကယားပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန လုံးဝမရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
လုံၿခဳံေရးအေျခအေနအရ စာေမးပြဲမေျဖဆိုခဲ့ရသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ တကၠသိုလ္ဝင္စာေမးပြဲကို ဧၿပီလ (၂၉)ရက္ေန႔တြင္ က်င္းပေပးမည္
Pearl (NP News) - မတ္ ၃၀

လုံၿခဳံေရးအေျခအေနအရ စာေမးပြဲမေျဖဆိုခဲ့ရသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ တကၠသိုလ္ဝင္စာေမးပြဲကို ဧၿပီလ (၂၉)ရက္ေန႔တြင္ က်င္းပေပးမည္ျဖစ္ေၾကာင္း ျမန္မာ ႏိုင္ငံစာစစ္ဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

၂၀၂၄ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲတြင္ေျဖဆိုရန္ မွတ္ပုံတင္ထားၿပီးျဖစ္ေသာ္လည္း လုံၿခဳံေရးအေျခအေနအရ တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုခြင့္မရခဲ့ၾကသည့္ ေဒသအခ်ိဳ႕ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အထူးအစီအစဥ္အေနျဖင့္ စာေမးပြဲျပန္လည္ေျဖဆိုႏိုင္ရန္ ေဆာင္႐ြက္ေပးမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။ ထိုသို႔ အထူးအစီအစဥ္ေနျဖင့္ က်င္းပေဆာင္႐ြက္ေပးမည့္ တကၠသိုလ္ဝင္စာေမးပြဲကို ဧၿပီလ (၂၉)ရက္မွ ေမလ (၅)ရက္အထိ က်င္းပေပးမည္ျဖစ္ေၾကာင္း သိရသည္။

စာေမးပြဲက်င္းပမည့္ စာစစ္ဌာနမ်ားမွာ ကခ်င္ျပည္နယ္ရွိ အထက(၉)ျမစ္ႀကီးနား၊ ကရင္ျပည္နယ္ရွိ အထက(၂)ဘားအံ၊ ခ်င္းျပည္နယ္ရွိ အထက(၂) မတူပီ၊ စစ္ကိုင္းတိုင္းရွိ အထက(၂) မုံ႐ြာ၊ တနသၤာရီတိုင္းရွိ အထက(၁)ထားဝယ္၊ မြန္ျပည္နယ္ရွိ အထက(၇)ေမာ္လၿမိဳင္၊ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ အထက(၁) ၊ အထက (၂)၊ အထက (၄)၊ အထက (၅) ႏွင့္ ရွမ္းျပည္နယ္ရွိ အထက (၃) ေတာင္ႀကီး၊ အထက (၈)လားရႈိး၊ အထက (၂) က်ိဳင္းတုံတို႔ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕ရွိ အထက (၁၄)၊ ပဲခူးတိုင္းရွိ အထက (၁) ေတာင္ငူ ႏွင့္ အထက(၅)ျပည္၊ မေကြးတိုင္းရွိ အထက(၄)မေကြး၊ မႏၲေလးတိုင္းရွိ အထက(၈)ေအာင္ေျမသာစံ၊ အထက(၂) ျပင္ဦးလြင္၊ အထက(၁) မိတၳီလာ ၊ ရန္ကုန္တိုင္းအတြင္းရွိ အထက (၁) သန္လ်င္၊ အထက (၁) မဂၤလာဒုံ၊ အထက သုဝဏၰ၊ အထက (၁) ၾကည့္ျမင္တိုင္ ႏွင့္ ဧရာဝတီတိုင္းရွိ အထက (၁) ပုသိမ္၊ အထက (၁) ေျမာင္းျမ၊ အထက(၁) မအူပင္ စသည့္ စာစစ္ဌာနမ်ားတြင္လည္း ျပန္လည္ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ စုစုေပါင္း စာစစ္ဌာန (၂၇) ခုတြင္ တကၠသိုလ္ဝင္စာေမးပြဲကို ျပန္လည္က်င္းပမည္ျဖစ္ၿပီး ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ စာေမးပြဲဝင္ေရာက္ေျဖဆိုခြင့္ကို အထက္ပါ စာစစ္ဌာနမ်ားအနက္ မိမိေျဖဆိုလိုသည့္ စာစစ္ဌာနမ်ားသို႔ လာမည့္ ဧၿပီလ (၁၂)ရက္ ေနာက္ဆုံးထား၍ စာရင္းသြင္းရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ထုတ္ျပန္ထားသည္။

၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲစနစ္သစ္ေျဖဆိုရန္ စာရင္းေပးသြင္းထားေသာ ေက်ာင္းသား/ေက်ာင္းသူ ဦးေရသည္ (၁၄၆၅၂၃)ဦးရွိခဲ့ေသာ္လည္း ျမန္မာစာဘာသာရပ္ေျဖဆိုသည့္စာေမးပြဲပထမေန႔တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ (၁၂၈၈၀၁)ဦးသာ လာေရာက္ေျဖဆိုခဲ့ၿပီး ပ်က္ကြက္ခဲ့သူမွာ (၁၇၇၂၂)ဦးအထိရွိခဲ့ေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ေသာ ရွမ္းျပည္နယ္ေျမာက္ပိုင္းအပါအဝင္ တိုင္းႏွင့္ ျပည္နယ္အားလုံးနီးပါး၌ စာစစ္ဌာနမ်ား ဖြင့္လွစ္ႏိုင္ခဲ့ေသာ္လည္း ကယားျပည္နယ္တစ္ခုလုံးတြင္ စာစစ္ဌာန လုံးဝမရွိခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.