တောင်ကိုရီးယားမှာ အဝါရောင်ဖုန်မှုန့်ပျံ့နှံ့မှုများအတွက် လေထုညစ်ညမ်းမှုသတိပေးချက်များ ထုတ်ပြန်ထား

 384

ရောင်နီ (NP News) - မတ် ၃ဝ

တောင်ကိုရီးယားနိုင်ငံ၊ အလယ်ပိုင်း ဒေသမှာ မတ်လ ၂၉ ရက်နေ့က အဝါရောင် ဖုန်မှုန့်မြူမှုန်တွေ ထူထပ်စွာ ပျံ့နှံ့နေတာကြောင့် ပြည်နယ် မိုးလေဝသအေဂျင်စီက လေထုညစ်ညမ်းမှု အကြံပြုချက် ထုတ်ပြန်ခဲ့ရပါတယ်။

မတ်လ ၂၉ ရက်နေ့၊ နံနက် ၈ နာရီက ဆိုးလ်မြို့ ဧရိယာ၊ ဂွန်ဝမ် နဲ့ တောင်ချန်းချောင်းပြည်နယ်တွေမှာ အဝါရောင်ဖုန်မှုန့် ပျံ့နှံ့မှုဆိုင်ရာ အကြံပြုချက်တွေကို အစိုးရ အဆင့်လေးဆင့်မှာ ဒုတိယအဆင့်ကို တိုးမြှင့်ထုတ်ပြန်လိုက်တယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရပါတယ်။ ဖုန်မှုန့်တွေဟာ ၁ နာရီကို 300 micrograms အထက်မှာရှိနေတာကြောင့် အဝါရောင်ဖုန်မှုန့် သတိပေးချက် ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပါတယ်။ မြောက်ဘက် ဂွမ်ဆန်ပြည်နယ်မှာလည်း အဝါရောင်ဖုန်မှုန့် အဆင့် ၁ သတိပေးချက်ကို ထုတ်ပြန်ထားတယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အနောက်မြောက်လေတိုက်ခတ်မှုကြောင့် နိုင်ငံအတွင်း အဝါရောင်ဖုန်မှုန့်တွေ ပျံလွင့်လာခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ လေထုညစ်ညမ်းမှုအဆင့်ဟာ အလွန်ဆိုးရွားတဲ့အဆင့်ထိ ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါ့ပြင် အနောက်မြောက်လေပြင်းနဲ့အတူ အဝါရောင်ဖုန်မှုန့်တွေဟာ နိုင်ငံအရှေ့တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး မတ်လ ၃၀ ရက်အထိ နိုင်ငံမှာ ဒီလိုပဲအဝါရောင်ဖုန်မှုန့် ပျံ့လွင့်မှုတွေ ရှိလာနိုင်တယ်လို့ မိုးလေဝသအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

zawgyi version
ရောင်နီ (NP News) - မတ် ၃ဝ




Related news

© 2021. All rights reserved.