Madagascar နိုင်ငံသို့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၁၈)ဦးသေဆုံး

 223

Pika (NP News) - မတ် ၃ဝ

ယခုသီတင်းပတ်အတွင်း Madagascar နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Gamane ကြောင့် အနည်းဆုံးလူ(၁၈)ဦးသေဆုံးခဲ့ပြီး အခြားလူထောင်ချီ နေရပ်စွန့်ခွါခဲ့ရကြောင်း ရိုက်တာသတင်းဌာနက မတ်လ(၂၉)ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

မတ်လ(၂၇)ရက်နေ့ နှင့် (၂၈)ရက်နေ့တို့တွင် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူထောင်ချီ ၎င်းတို့၏နေအိမ်များကို ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗျူရို (BNGRC) ၏ အစီရင်ခံစာအရသိရသည်။ အဆိုပါဆိုင်ကလုန်းမုန် တိုင်းသည် Madagascar နိုင်ငံအနီးသို့ ဖြတ်သန်းသွားမည်ဟု အစောပိုင်းတွင် ခန့်မှန်းထားကြသော်လည်း နောက်ပိုင်းတွင် ယခုကဲ့သို့ဝင်ရောက်တိုက်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Gamane ကြောင့် လူ(၇၀၀၀)ခန့် ရေဘေးသင့်ခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

BNGRC ၏ညွှန်ကြားရေးမှူးချုပ် General Elack Andriakaja က 'ဒီလို ဆိုင်ကလုန်းမုန်တိုင်းမျိုး ဝင်ရောက်တိုက်ခတ်တာက တကယ်ကို ရှားပါးပါတယ်' ဟု ပြောဆိုခဲ့သည်။ဆိုင်ကလုန်းမုန်တိုင်းသည် မတ်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် Madagascar နိုင်ငံ Vohémar မြို့အနီးရှိ အရှေ့မြောက်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင်(၁၅၀)ကီလိုမီတာမှ (၂၁၀)ကီလိုမီတာထိ ရှိခဲ့ကြောင်းသိရသည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Gamane သည် မတ်လ(၂၈)ရက်နေ့ ညနေပိုင်းတွင် တဖြည်းဖြည်းအားပျော့သွားကော ပျောက်ကွယ်သွားကြောင်း BNGRC ၏အစီရင်ခံစာအရသိရသည်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံမြောက်ပိုင်းရှိ လမ်းများနှင့် တံတားများ ပျက်စီးသွားခဲ့ကြောင်းသိရသည်။

zawgyi version
Madagascar ႏိုင္ငံသို႔ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး အနည္းဆုံးလူ(၁၈)ဦးေသဆုံး
Pika (NP News) - မတ္ ၃ဝ

ယခုသီတင္းပတ္အတြင္း Madagascar ႏိုင္ငံသို႔ ဝင္ေရာက္တိုက္ခတ္ခဲ့ေသာ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္း Gamane ေၾကာင့္ အနည္းဆုံးလူ(၁၈)ဦးေသဆုံးခဲ့ၿပီး အျခားလူေထာင္ခ်ီ ေနရပ္စြန႔္ခြါခဲ့ရေၾကာင္း ႐ိုက္တာသတင္းဌာနက မတ္လ(၂၉)ရက္ေန႔တြင္ ေရးသားေဖာ္ျပခဲ့သည္။

မတ္လ(၂၇)ရက္ေန႔ ႏွင့္ (၂၈)ရက္ေန႔တို႔တြင္ ဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ လူေထာင္ခ်ီ ၎တို႔၏ေနအိမ္မ်ားကို ဆုံးရႈံးခဲ့ရေၾကာင္း အမ်ိဳးသားေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဗ်ဴ႐ို (BNGRC) ၏ အစီရင္ခံစာအရသိရသည္။ အဆိုပါဆိုင္ကလုန္းမုန္ တိုင္းသည္ Madagascar ႏိုင္ငံအနီးသို႔ ျဖတ္သန္းသြားမည္ဟု အေစာပိုင္းတြင္ ခန႔္မွန္းထားၾကေသာ္လည္း ေနာက္ပိုင္းတြင္ ယခုကဲ့သို႔ဝင္ေရာက္တိုက္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္း Gamane ေၾကာင့္ လူ(၇၀၀၀)ခန႔္ ေရေဘးသင့္ခဲ့ေၾကာင္း အဆိုပါအစီရင္ခံစာတြင္ ေရးသားေဖာ္ျပထားသည္။

BNGRC ၏ၫႊန္ၾကားေရးမႉးခ်ဳပ္ General Elack Andriakaja က 'ဒီလို ဆိုင္ကလုန္းမုန္တိုင္းမ်ိဳး ဝင္ေရာက္တိုက္ခတ္တာက တကယ္ကို ရွားပါးပါတယ္' ဟု ေျပာဆိုခဲ့သည္။ဆိုင္ကလုန္းမုန္တိုင္းသည္ မတ္လ(၂၇)ရက္ေန႔၊ နံနက္ပိုင္းတြင္ Madagascar ႏိုင္ငံ Vohémar ၿမိဳ႕အနီးရွိ အေရွ႕ေျမာက္ပိုင္းကမ္း႐ိုးတန္းကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္(၁၅၀)ကီလိုမီတာမွ (၂၁၀)ကီလိုမီတာထိ ရွိခဲ့ေၾကာင္းသိရသည္။ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္း Gamane သည္ မတ္လ(၂၈)ရက္ေန႔ ညေနပိုင္းတြင္ တျဖည္းျဖည္းအားေပ်ာ့သြားေကာ ေပ်ာက္ကြယ္သြားေၾကာင္း BNGRC ၏အစီရင္ခံစာအရသိရသည္။အဆိုပါဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ႏိုင္ငံေျမာက္ပိုင္းရွိ လမ္းမ်ားႏွင့္ တံတားမ်ား ပ်က္စီးသြားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.