ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကပြိုင်ဘက်မရှိ တင်မြှောက်ခံရပြီး (၂၃)နှစ်ကြာ တစ်ဆက်တည်း ဥက္ကဋ္ဌ တာဝန်ယူခွင့်ရသူ ဖြစ်လာ

 6457

ကျော်နု (NP News) - မတ် ၃ဝ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌတာဝန်ကို လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်ကသာ ပြိုင်ဘက်မရှိ ရွေးချယ်ခံခဲ့ရပြီး ဥက္ကဋ္ဌအဖြစ် (၂၃) နှစ်တိုင်တိုင် တစ်ဦးတည်းကသာ တစ်ဆက်တည်း တာဝန်ထမ်း ဆောင်ခွင့်ရသူဖြစ်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင်များ နှင့် ဥက္ကဋ္ဌ ရွေးချယ်ပွဲကို ၂၀၂၄ ခုနှစ်မတ်လ(၃၀)ရက်က ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စိတ်ဝင်စားမှုအမြင့်ဆုံးတာဝန်ဖြစ်သည့် ဥက္ကဋ္ဌ နေရာအတွက် ဦးဇော်ဇော်ကသာ ပြိုင်ဘက်မရှိ ရွေး ကောက် တင်မြှောက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် လူစာ ရင်းအရလည်း သက်တော်ရှည်ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ပြိုင်ဘက်အဖြစ် ယှဉ်နိုင်သည့်အနေအထားမျိုး တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က လုံးဝတာဝန်ယူတော့မည်မဟုတ်ကြောင်း သို့မဟုတ် အမှုဆောင်အဖြစ် ပြန်လည်ရွေးကောက်ခံလိုခြင်းမရှိကြောင်း အတိအလင်းကြေညာ၍ နုတ်ထွက်ခြင်းမပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ ဦးဇော်ဇော်နှင့် ယှဉ်ပြိုင်၍ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရဲမည် မဟုတ်ပေ။ 'ပြီးခဲ့တဲ့နှစ်တွေမှာ ဥက္ကဋ္ဌနေရာအတွက် ပါဝင်ရွေး ချယ်ခံတဲ့သူ မရှိခဲ့တဲ့အတွက် ဥက္ကဋ္ဌကပဲ ဒီနေရာကို ကွန်ဂရက်ကနေ အတည်ပြုပြီးပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာကောရှိသလားဆိုရင်တော့ မရှိပါဘူး။ ဘာဖြစ်လို့ ဥက္ကဋ္ဌနေရာကို ပါဝင်ရွေးချယ်ခံ ထားခြင်းမရှိသလဲဆိုရင် မေးခွန်းက တော်တော်ရှင်း နေပါတယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလုပ်ဖို့ဆိုတာ မှာ အထူးသဖြင့် ဘောလုံးအားကစားနည်းကို ဘက်စုံက နေ ပံ့ပိုးကူညီနိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ ပိုပြီးအကျိုးရှိ တာဖြစ်ပါတယ်။ အခု ဥက္ကဋ္ဌဆိုလို့ရှိရင် အားလုံးသိတဲ့ အတိုင်းပဲ ဘက်စုံနီးပါး သူ့အနေနဲ့ ပံ့ပိုးကူညီဆောင်ရွက်နေတာကို ခင်ဗျားတို့ တွေ့ရှိမှာ ဖြစ်ပါတယ်'ဟု ဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးဘန်နီတင်အောင်ကပြောသည်။

ဦးဘန်နီ တင်အောင်၏အဆိုအရ ဦးဇော်ဇော်မှလွဲ၍ အခြားသော ပုဂ္ဂိုလ်များက ဘောလုံးအားကစားတိုးတက်ရေး အတွက် ဘက်စုံနီးပါး ပံ့ပိုးကူညီသူမရှိသည့် သဘောမျိုးအသွင်ဆောင်နေပြီး တစ်နိုင်ငံလုံးတွင် ဦးဇော်ဇော် တစ်ဦးတည်းကသာ ဘောလုံးအားကစား တိုးတက်ရေးအတွက် စွမ်းဆောင်နိုင်သူဟု သတ် မှတ်ရမည်ဖြစ်နေပြန်သည်။ အထူးသဖြင့် နှစ်ပေါင်း (၂၀)ကျော်အတွင်း ဦးဇော်ဇော်ထက်ပို၍ စွမ်းဆောင် နိုင်သူ သို့မဟုတ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နိုင်သူ တစ်ဦးတလေမျှပင် မရှိတော့ သည့်သဘောမျိုးလည်း ဖြစ်နေသည်။ ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရသည့် ဦးဇော်ဇော်သည် အသက် (၃၈)နှစ်အရွယ် ၂၀ဝ၅ ခုနှစ်ကတည်းက ဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်လာသူဖြစ်ပြီး ၂၀၂၈ အထိ စုစုပေါင်း(၂၃)နှစ်တိုင်တိုင် တာဝန်ထမ်းဆောင် ခွင့်ရမည့်ပုဂ္ဂိုလ်လည်း ဖြစ်သည်။ တပ်မတော်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) လက်ထက်၊ ဦးသိန်း စိန် သမ္မတအစိုးရလက်ထက်၊ ဒေါ်အောင်ဆန်းစု ကြည်-ဦးဝင်းမြင့် အစိုးရလက်ထက်နှင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်အထိ သက်တော်ရှည်ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး နိုင်ငံ၏အပြောင်းအလဲ အချိုးအကွေ့များစွာကို ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်နိုင်ခဲ့သူလည်း ဖြစ်သည်။ အတွင်း သတင်းအချို့အရ ဘောလုံးအဖွဲ့ချုပ်အတွင်းရှိ အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးတွင် ပါဝင်လှုပ်ရှား လုပ်ကိုင်နေသည့် လခစားဝန်ထမ်းများက ဦးဇော်ဇော်အား ရာသက်ပန်ဥက္ကဋ္ဌဖြစ်စေချင်သူများ ရှိနေသကဲ့သို့ အခြားသော ပြင်ပပုဂ္ဂိုလ်များကို အဝင်မခံဘဲ အုပ်စုဖွဲ့၍ အင်အားစုထားကြကြောင်းလည်း ကြားသိရသည်။

အဆိုပါအင်အားစုစည်းမှုများ ၌ ဘောလုံးလောကအပြင် နိုင်ငံရေးကိစ္စရပ်များအထိ ပါဝင်ပတ်သက်မှုများရှိခဲ့ပြီး အချို့မှာမူ ပရော်ဖက်ရှင် နယ်ဆန်ဆန် အလုပ်လုပ်ကိုင်ရမည့်အစား ပုဂ္ဂိုလ်စွဲ ဝန်ထမ်းများပင် ရှိနေသည်ဟု ဆိုသည်။ 'ဦးဇော်က အတွင်းထဲမှာ လှိုက်စားနေတဲ့ ဝန်ထမ်းယန္တရားကို ပြုပြင်ပြောင်းလဲချင်နေပြီ'ဟု အတွင်းသတင်းရင်းမြစ်က NP News ကို ပြောကြားသည်။ ဘောလုံးအဖွဲ့ချုပ်အတွင်းမှ ဝန်ထမ်းအချို့၏ အကျင့်ပျက်ခြစားမှုများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေမှုများကို ဥက္ကဋ္ဌဖြစ်သူက လေ့လာသိရှိထားသော်လည်း လက်ရှိအခြေအနေအရ ရုတ်ချည်းပြုပြင်ပြောင်းလဲရန်ခက်ခဲနေသည်ဟု ကြားသိရသည်။ ယင်းအပြင် ဘောလုံးအဖွဲ့ချုပ်၏ နှစ်ပေါင်း(၂၀)ကျော်ကြာ အုပ်ချုပ်ရေးယန္တရားအတွင်း မြန်မာဘောလုံး အသင်း က မည်သည့်အောင်မြင်မှု ကြီးကြီးမားမားမှ ရရှိထား ခြင်းမရှိမှုအပေါ် အပြစ်ပုံချရမည့်ပုဂ္ဂိုလ် သို့မဟုတ် တာဝန်ခံရမည့် တာဝန်ရှိသည့်ပုဂ္ဂိုလ်အချို့လည်း သတိထားခံလာရပြီဟုဆိုသည်။ ပြည်သူလူထုကို စိတ်ပျက်စေသည်အထိ မြန်မာဘောလုံးအသင်း အောင်မြင်မှုမရခြင်းမှာ ဥက္ကဋ္ဌ ဦးဇော်ဇော်၏ တာဝန်ဟု အပြစ်ပုံချသူများရှိနေသော်လည်း အဖွဲ့ချုပ် အတွင်းမှ လှိုက်စားနေသော လခစားအုပ်ချုပ်ရေး ယန္တရားကိုမူ သတိပြုမိသူ နည်းပါးနေသည်။ ဦးဇော် ဇော်၏ ညံ့ဖျင်းမှု သို့မဟုတ် ဘောလုံးအဖွဲ့ချုပ် အတွင်းမှ လခစားဝန်ထမ်းများ၏ ညံ့ဖျင်းမှု ဆိုသည် ကို မည်သူမျှခွဲခြမ်းစိတ်ဖြာနိုင်ခြင်းမရှိဘဲ ခေါင်း ဆောင်ဖြစ်သူ ဦးဇော်ဇော်ထံတွင်သာ အပြစ်များ ပုံကျ သွားသည်ကို တွေ့ရသည်။ 'ဒီသက်တမ်းက ဦးဇော်ရဲ့ နောက်ဆုံးသက်တမ်းပဲ။ ဥပဒေအရ ဥက္ကဋ္ဌတာဝန်ကို ထပ်ယူလို့ မရတော့ဘူး။ အာရှဘောလုံးအဖွဲ့ချုပ်တို့ ဖီဖာတို့ကလည်း ဒီတစ်ခေါက်ကိုတော့ နောက်ဆုံး ထားပြီး တာဝန်ထမ်းပေးစေချင်နေကြတယ်'ဟု အဖွဲ့ချုပ် အတွင်းသတင်းရင်းမြစ်က ပြောသည်။

ဦးဇော်ဇော်အနေဖြင့် လာမည့်သက်တမ်းအတွင်း ဆက်ခံသူတစ်ဦး ရှာဖွေခြင်းအလုပ်ကိုလည်းကောင်း၊ မြန်မာအသင်း၏အောင်မြင်မှုတစ်ခုခုကို ယူပြခြင်း သော်လည်းကောင်း၊ မြန်မာအသင်းအတွက် အ ကောင်းဆုံးသော နည်းစနစ်နှင့်ကစားသမားကောင်းများပေါ်ထွက်ရေး အုတ်မြစ်ချခြင်းကိုလည်းကောင်း ပြတ်ပြတ်သားသားလုပ်ဆောင်ရတော့မည်ဖြစ်လာ သည်။ သို့မဟုတ်ပါက တစ်ဆက်တည်း သက်တမ်း နှစ်(၂၀)ကျော်တာဝန်ထမ်းဆောင်သွား သည့်တိုင် လောက်လောက်လားလား လုပ်မပြနိုင်ခဲ့သော ဥက္ကဋ္ဌ တစ်ဦးအဖြစ် မြန်မာ့ဘောလုံးသမိုင်းတွင်၊ မြန်မာလူထုကြားတွင် မှတ်တမ်းဝင်သွားလိမ့်မည်ဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးကောက်ခံရသည့် ဦးဇော်ဇော်အနေဖြင့်လည်း ခေတ်ကာလအခြေအနေအရ ၎င်းမှလွဲ၍ တာဝန်ယူမည့်သူရှားပါးနေသည်ကို နားလည်ကြောင်း၊ လက်ရှိခေတ်အခြေအနေ၌ ဥက္ကဋ္ဌ တာဝန်မှ အနားယူခဲ့မည်ဆိုလျှင် နိုင်ငံရေးအရဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ လွယ်လင့်တကူ ပစ်ချရှောင် ပြေးသွားသူအဖြစ် သတ်မှတ်ခံရမည့် အနေအထား တွင်လည်း ရှိနေကြောင်း၊ ယင်းအတွက်ကြောင့် ဥက္ကဋ္ဌတာဝန်ကို နောက်ဆုံးအနေဖြင့် စိတ်ပိုင်းဖြတ်၍ ရယူခဲ့ခြင်းမျိုးဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

zawgyi version
ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒အျဖစ္ ဦးေဇာ္ေဇာ္ကၿပိဳင္ဘက္မရွိ တင္ေျမႇာက္ခံရၿပီး (၂၃)ႏွစ္ၾကာ တစ္ဆက္တည္း ဥကၠ႒ တာဝန္ယူခြင့္ရသူ ျဖစ္လာ
ေက်ာ္ႏု (NP News) - မတ္ ၃ဝ
ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ ဥကၠ႒တာဝန္ကို လက္ရွိဥကၠ႒ ဦးေဇာ္ေဇာ္ကသာ ၿပိဳင္ဘက္မရွိ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ဥကၠ႒အျဖစ္ (၂၃) ႏွစ္တိုင္တိုင္ တစ္ဦးတည္းကသာ တစ္ဆက္တည္း တာဝန္ထမ္း ေဆာင္ခြင့္ရသူျဖစ္လာခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ အမႈေဆာင္မ်ား ႏွင့္ ဥကၠ႒ ေ႐ြးခ်ယ္ပြဲကို ၂၀၂၄ ခုႏွစ္မတ္လ(၃၀)ရက္က ရန္ကုန္ၿမိဳ႕ရွိ Novotel ဟိုတယ္တြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး စိတ္ဝင္စားမႈအျမင့္ဆုံးတာဝန္ျဖစ္သည့္ ဥကၠ႒ ေနရာအတြက္ ဦးေဇာ္ေဇာ္ကသာ ၿပိဳင္ဘက္မရွိ ေ႐ြး ေကာက္ တင္ေျမႇာက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ အမႈေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည့္ လူစာ ရင္းအရလည္း သက္ေတာ္ရွည္ဥကၠ႒ ဦးေဇာ္ေဇာ္၏ ၿပိဳင္ဘက္အျဖစ္ ယွဥ္ႏိုင္သည့္အေနအထားမ်ိဳး တစ္ဦးတစ္ေယာက္မွ် ရွိမေနခဲ့ျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ ဥကၠ႒ျဖစ္သူ ဦးေဇာ္ေဇာ္က လုံးဝတာဝန္ယူေတာ့မည္မဟုတ္ေၾကာင္း သို႔မဟုတ္ အမႈေဆာင္အျဖစ္ ျပန္လည္ေ႐ြးေကာက္ခံလိုျခင္းမရွိေၾကာင္း အတိအလင္းေၾကညာ၍ ႏုတ္ထြက္ျခင္းမျပဳပါက မည္သူတစ္ဦးတစ္ေယာက္မွ် ဦးေဇာ္ေဇာ္ႏွင့္ ယွဥ္ၿပိဳင္၍ ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရဲမည္ မဟုတ္ေပ။ 'ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဥကၠ႒ေနရာအတြက္ ပါဝင္ေ႐ြး ခ်ယ္ခံတဲ့သူ မရွိခဲ့တဲ့အတြက္ ဥကၠ႒ကပဲ ဒီေနရာကို ကြန္ဂရက္ကေန အတည္ျပဳၿပီးျပန္လည္ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီႏွစ္မွာေကာရွိသလားဆိုရင္ေတာ့ မရွိပါဘူး။ ဘာျဖစ္လို႔ ဥကၠ႒ေနရာကို ပါဝင္ေ႐ြးခ်ယ္ခံ ထားျခင္းမရွိသလဲဆိုရင္ ေမးခြန္းက ေတာ္ေတာ္ရွင္း ေနပါတယ္။ ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒လုပ္ဖို႔ဆိုတာ မွာ အထူးသျဖင့္ ေဘာလုံးအားကစားနည္းကို ဘက္စုံက ေန ပံ့ပိုးကူညီႏိုင္တဲ့ပုဂၢိဳလ္ဆိုရင္ေတာ့ ပိုၿပီးအက်ိဳးရွိ တာျဖစ္ပါတယ္။ အခု ဥကၠ႒ဆိုလို႔ရွိရင္ အားလုံးသိတဲ့ အတိုင္းပဲ ဘက္စုံနီးပါး သူ႔အေနနဲ႔ ပံ့ပိုးကူညီေဆာင္႐ြက္ေနတာကို ခင္ဗ်ားတို႔ ေတြ႕ရွိမွာ ျဖစ္ပါတယ္'ဟု ေဘာလုံးအဖြဲ႕ခ်ဳပ္ေ႐ြးေကာက္ပြဲေကာ္မရွင္ ဒုတိယ ဥကၠ႒ ဦးဘန္နီတင္ေအာင္ကေျပာသည္။

ဦးဘန္နီ တင္ေအာင္၏အဆိုအရ ဦးေဇာ္ေဇာ္မွလြဲ၍ အျခားေသာ ပုဂၢိဳလ္မ်ားက ေဘာလုံးအားကစားတိုးတက္ေရး အတြက္ ဘက္စုံနီးပါး ပံ့ပိုးကူညီသူမရွိသည့္ သေဘာမ်ိဳးအသြင္ေဆာင္ေနၿပီး တစ္ႏိုင္ငံလုံးတြင္ ဦးေဇာ္ေဇာ္ တစ္ဦးတည္းကသာ ေဘာလုံးအားကစား တိုးတက္ေရးအတြက္ စြမ္းေဆာင္ႏိုင္သူဟု သတ္ မွတ္ရမည္ျဖစ္ေနျပန္သည္။ အထူးသျဖင့္ ႏွစ္ေပါင္း (၂၀)ေက်ာ္အတြင္း ဦးေဇာ္ေဇာ္ထက္ပို၍ စြမ္းေဆာင္ ႏိုင္သူ သို႔မဟုတ္ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒တာဝန္ကို ထမ္းေဆာင္ႏိုင္သူ တစ္ဦးတေလမွ်ပင္ မရွိေတာ့ သည့္သေဘာမ်ိဳးလည္း ျဖစ္ေနသည္။ ဥကၠ႒အျဖစ္ ထပ္မံေ႐ြးခ်ယ္ခံရသည့္ ဦးေဇာ္ေဇာ္သည္ အသက္ (၃၈)ႏွစ္အ႐ြယ္ ၂၀ဝ၅ ခုႏွစ္ကတည္းက ဥကၠ႒ တာဝန္ကို စတင္ထမ္းေဆာင္လာသူျဖစ္ၿပီး ၂၀၂၈ အထိ စုစုေပါင္း(၂၃)ႏွစ္တိုင္တိုင္ တာဝန္ထမ္းေဆာင္ ခြင့္ရမည့္ပုဂၢိဳလ္လည္း ျဖစ္သည္။ တပ္မေတာ္အစိုးရ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ(ၿငိမ္း) လက္ထက္၊ ဦးသိန္း စိန္ သမၼတအစိုးရလက္ထက္၊ ေဒၚေအာင္ဆန္းစု ၾကည္-ဦးဝင္းျမင့္ အစိုးရလက္ထက္ႏွင့္ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ လက္ထက္အထိ သက္ေတာ္ရွည္ဥကၠ႒တစ္ဦးျဖစ္ၿပီး ႏိုင္ငံ၏အေျပာင္းအလဲ အခ်ိဳးအေကြ႕မ်ားစြာကို ရင္ဆိုင္ႀကဳံေတြ႕ျဖတ္ေက်ာ္ႏိုင္ခဲ့သူလည္း ျဖစ္သည္။ အတြင္း သတင္းအခ်ိဳ႕အရ ေဘာလုံးအဖြဲ႕ခ်ဳပ္အတြင္းရွိ အုပ္ခ်ဳပ္ေရးယႏၲရားႀကီးတစ္ခုလုံးတြင္ ပါဝင္လႈပ္ရွား လုပ္ကိုင္ေနသည့္ လခစားဝန္ထမ္းမ်ားက ဦးေဇာ္ေဇာ္အား ရာသက္ပန္ဥကၠ႒ျဖစ္ေစခ်င္သူမ်ား ရွိေနသကဲ့သို႔ အျခားေသာ ျပင္ပပုဂၢိဳလ္မ်ားကို အဝင္မခံဘဲ အုပ္စုဖြဲ႕၍ အင္အားစုထားၾကေၾကာင္းလည္း ၾကားသိရသည္။

အဆိုပါအင္အားစုစည္းမႈမ်ား ၌ ေဘာလုံးေလာကအျပင္ ႏိုင္ငံေရးကိစၥရပ္မ်ားအထိ ပါဝင္ပတ္သက္မႈမ်ားရွိခဲ့ၿပီး အခ်ိဳ႕မွာမူ ပေရာ္ဖက္ရွင္ နယ္ဆန္ဆန္ အလုပ္လုပ္ကိုင္ရမည့္အစား ပုဂၢိဳလ္စြဲ ဝန္ထမ္းမ်ားပင္ ရွိေနသည္ဟု ဆိုသည္။ 'ဦးေဇာ္က အတြင္းထဲမွာ လႈိက္စားေနတဲ့ ဝန္ထမ္းယႏၲရားကို ျပဳျပင္ေျပာင္းလဲခ်င္ေနၿပီ'ဟု အတြင္းသတင္းရင္းျမစ္က NP News ကို ေျပာၾကားသည္။ ေဘာလုံးအဖြဲ႕ခ်ဳပ္အတြင္းမွ ဝန္ထမ္းအခ်ိဳ႕၏ အက်င့္ပ်က္ျခစားမႈမ်ားႏွင့္ ကိုယ္က်ိဳးစီးပြားရွာေဖြမႈမ်ားကို ဥကၠ႒ျဖစ္သူက ေလ့လာသိရွိထားေသာ္လည္း လက္ရွိအေျခအေနအရ ႐ုတ္ခ်ည္းျပဳျပင္ေျပာင္းလဲရန္ခက္ခဲေနသည္ဟု ၾကားသိရသည္။ ယင္းအျပင္ ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ႏွစ္ေပါင္း(၂၀)ေက်ာ္ၾကာ အုပ္ခ်ဳပ္ေရးယႏၲရားအတြင္း ျမန္မာေဘာလုံး အသင္း က မည္သည့္ေအာင္ျမင္မႈ ႀကီးႀကီးမားမားမွ ရရွိထား ျခင္းမရွိမႈအေပၚ အျပစ္ပုံခ်ရမည့္ပုဂၢိဳလ္ သို႔မဟုတ္ တာဝန္ခံရမည့္ တာဝန္ရွိသည့္ပုဂၢိဳလ္အခ်ိဳ႕လည္း သတိထားခံလာရၿပီဟုဆိုသည္။ ျပည္သူလူထုကို စိတ္ပ်က္ေစသည္အထိ ျမန္မာေဘာလုံးအသင္း ေအာင္ျမင္မႈမရျခင္းမွာ ဥကၠ႒ ဦးေဇာ္ေဇာ္၏ တာဝန္ဟု အျပစ္ပုံခ်သူမ်ားရွိေနေသာ္လည္း အဖြဲ႕ခ်ဳပ္ အတြင္းမွ လႈိက္စားေနေသာ လခစားအုပ္ခ်ဳပ္ေရး ယႏၲရားကိုမူ သတိျပဳမိသူ နည္းပါးေနသည္။ ဦးေဇာ္ ေဇာ္၏ ညံ့ဖ်င္းမႈ သို႔မဟုတ္ ေဘာလုံးအဖြဲ႕ခ်ဳပ္ အတြင္းမွ လခစားဝန္ထမ္းမ်ား၏ ညံ့ဖ်င္းမႈ ဆိုသည္ ကို မည္သူမွ်ခြဲျခမ္းစိတ္ျဖာႏိုင္ျခင္းမရွိဘဲ ေခါင္း ေဆာင္ျဖစ္သူ ဦးေဇာ္ေဇာ္ထံတြင္သာ အျပစ္မ်ား ပုံက် သြားသည္ကို ေတြ႕ရသည္။ 'ဒီသက္တမ္းက ဦးေဇာ္ရဲ႕ ေနာက္ဆုံးသက္တမ္းပဲ။ ဥပေဒအရ ဥကၠ႒တာဝန္ကို ထပ္ယူလို႔ မရေတာ့ဘူး။ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ ဖီဖာတို႔ကလည္း ဒီတစ္ေခါက္ကိုေတာ့ ေနာက္ဆုံး ထားၿပီး တာဝန္ထမ္းေပးေစခ်င္ေနၾကတယ္'ဟု အဖြဲ႕ခ်ဳပ္ အတြင္းသတင္းရင္းျမစ္က ေျပာသည္။

ဦးေဇာ္ေဇာ္အေနျဖင့္ လာမည့္သက္တမ္းအတြင္း ဆက္ခံသူတစ္ဦး ရွာေဖြျခင္းအလုပ္ကိုလည္းေကာင္း၊ ျမန္မာအသင္း၏ေအာင္ျမင္မႈတစ္ခုခုကို ယူျပျခင္း ေသာ္လည္းေကာင္း၊ ျမန္မာအသင္းအတြက္ အ ေကာင္းဆုံးေသာ နည္းစနစ္ႏွင့္ကစားသမားေကာင္းမ်ားေပၚထြက္ေရး အုတ္ျမစ္ခ်ျခင္းကိုလည္းေကာင္း ျပတ္ျပတ္သားသားလုပ္ေဆာင္ရေတာ့မည္ျဖစ္လာ သည္။ သို႔မဟုတ္ပါက တစ္ဆက္တည္း သက္တမ္း ႏွစ္(၂၀)ေက်ာ္တာဝန္ထမ္းေဆာင္သြား သည့္တိုင္ ေလာက္ေလာက္လားလား လုပ္မျပႏိုင္ခဲ့ေသာ ဥကၠ႒ တစ္ဦးအျဖစ္ ျမန္မာ့ေဘာလုံးသမိုင္းတြင္၊ ျမန္မာလူထုၾကားတြင္ မွတ္တမ္းဝင္သြားလိမ့္မည္ျဖစ္သည္။

ဥကၠ႒အျဖစ္ ထပ္မံေ႐ြးေကာက္ခံရသည့္ ဦးေဇာ္ေဇာ္အေနျဖင့္လည္း ေခတ္ကာလအေျခအေနအရ ၎မွလြဲ၍ တာဝန္ယူမည့္သူရွားပါးေနသည္ကို နားလည္ေၾကာင္း၊ လက္ရွိေခတ္အေျခအေန၌ ဥကၠ႒ တာဝန္မွ အနားယူခဲ့မည္ဆိုလွ်င္ ႏိုင္ငံေရးအရျဖစ္ေစ၊ ပုဂၢိဳလ္ေရးအရျဖစ္ေစ လြယ္လင့္တကူ ပစ္ခ်ေရွာင္ ေျပးသြားသူအျဖစ္ သတ္မွတ္ခံရမည့္ အေနအထား တြင္လည္း ရွိေနေၾကာင္း၊ ယင္းအတြက္ေၾကာင့္ ဥကၠ႒တာဝန္ကို ေနာက္ဆုံးအေနျဖင့္ စိတ္ပိုင္းျဖတ္၍ ရယူခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း သတင္းရင္းျမစ္အခ်ိဳ႕က ေျပာသည္။

Related news

© 2021. All rights reserved.