ပေါ်တူဂီသား Fabio Reis ကို ဒုတိယအချီတွင် အလဲထိုးအနိုင်ယူပြလိုက်သည့် သံမဏိစိုးလင်းဦး

 1589

သန့်ဇင် (NP News) - မတ် ၃၀

ONE Championship ၏ One Friday Fights ပွဲစဉ်တွင် နှစ်ကြိမ်မြောက်ထိုးခွင့်ရခဲ့သော မြန်မာဖိုက်တာ စိုးလင်းဦးအနေဖြင့် ပေါ်တူဂီသား Fabio Reis ကို ဒုတိယအချီ၌ အလဲထိုးအနိုင်ယူနိုင်ခဲ့ကြောင်း သိရသည်။

စိုးလင်းဦးနှင့် ပေါ်တူဂီသား Fabio Reis တို့သည် ယမန်နေ့(မတ်လ ၂၉ ရက်)ညပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ONE Championship ၏ One Friday Fights ပွဲစဉ်(၆) အဖြစ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် စိုးလင်းဦးအနေဖြင့် ပေါ်တူဂီဖိုက်တာ Fabio Reis ကိုဒုတိယအချီ၌ အလဲထိုးအနိုင်ရယူနိုင်ခဲ့ပြီး ONE Championship ၏ One Friday Fights ၌ (၂)ကြိမ်ပါဝင်ကာ (၂)ကြိမ်တိုင်အနိုင်ရခဲ့သည့် မှတ်တမ်းကောင်းတစ်ခုကို ရယူထားနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါပြိုင်ပွဲ၏ ပွဲစဉ်(၅)တွင်လည်း ONE Championship တွင် ပထမဆုံးပွဲထွက်လာခဲ့သည့်မြန်မာနိုင်ငံသား မိုးထက်အောင် နှင့် ဂျပန်နိုင်ငံသား Tomoya Maruyama တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ မိုးထက်အောင်အနေဖြင့် တတိယအချီ၌ ဂျပန်ဖိုက်တာကိုအလဲထိုးအနိုင်ရယူနိုင်ခဲ့ကာ ဘောနပ်ငွေထိုင်းဘတ်(၃၅၀၀၀၀)ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

ယှဉ်ပြိုင်ပြီးစီးခဲ့သော One Friday Fights 57 ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား သန့်ဇင်နှင့်ထိုင်း ဖိုက်တာ Tai တို့ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း သန့်ဇင်အနေဖြင့် အူအတက်ပေါက်ခဲ့သောကြောင့် ပြိုင်ပွဲနှင့်လွဲချော်ခဲ့ရကြောင်း သိရသည်။

zawgyi version
ေပၚတူဂီသား Fabio Reis ကို ဒုတိယအခ်ီတြင္ အလဲထိုးအႏိုင္ယူျပလိုက္သည့္ သံမဏိစိုးလင္းဦး
သန႔္ဇင္ (NP News) - မတ္ ၃၀

ONE Championship ၏ One Friday Fights ပြဲစဥ္တြင္ ႏွစ္ႀကိမ္ေျမာက္ထိုးခြင့္ရခဲ့ေသာ ျမန္မာဖိုက္တာ စိုးလင္းဦးအေနျဖင့္ ေပၚတူဂီသား Fabio Reis ကို ဒုတိယအခ်ီ၌ အလဲထိုးအႏိုင္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။

စိုးလင္းဦးႏွင့္ ေပၚတူဂီသား Fabio Reis တို႔သည္ ယမန္ေန႔(မတ္လ ၂၉ ရက္)ညပိုင္းက ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ONE Championship ၏ One Friday Fights ပြဲစဥ္(၆) အျဖစ္ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲစဥ္တြင္ စိုးလင္းဦးအေနျဖင့္ ေပၚတူဂီဖိုက္တာ Fabio Reis ကိုဒုတိယအခ်ီ၌ အလဲထိုးအႏိုင္ရယူႏိုင္ခဲ့ၿပီး ONE Championship ၏ One Friday Fights ၌ (၂)ႀကိမ္ပါဝင္ကာ (၂)ႀကိမ္တိုင္အႏိုင္ရခဲ့သည့္ မွတ္တမ္းေကာင္းတစ္ခုကို ရယူထားႏိုင္ခဲ့ေၾကာင္း သိရသည္။

အလားတူ အဆိုပါၿပိဳင္ပြဲ၏ ပြဲစဥ္(၅)တြင္လည္း ONE Championship တြင္ ပထမဆုံးပြဲထြက္လာခဲ့သည့္ျမန္မာႏိုင္ငံသား မိုးထက္ေအာင္ ႏွင့္ ဂ်ပန္ႏိုင္ငံသား Tomoya Maruyama တို႔ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ မိုးထက္ေအာင္အေနျဖင့္ တတိယအခ်ီ၌ ဂ်ပန္ဖိုက္တာကိုအလဲထိုးအႏိုင္ရယူႏိုင္ခဲ့ကာ ေဘာနပ္ေငြထိုင္းဘတ္(၃၅၀၀၀၀)ကိုလည္း ရရွိခဲ့ေၾကာင္း သိရသည္။

ယွဥ္ၿပိဳင္ၿပီးစီးခဲ့ေသာ One Friday Fights 57 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံသား သန္႔ဇင္ႏွင့္ထိုင္း ဖိုက္တာ Tai တို႔ထိုးသတ္ရန္ စီစဥ္ထားခဲ့ေသာ္လည္း သန႔္ဇင္အေနျဖင့္ အူအတက္ေပါက္ခဲ့ေသာေၾကာင့္ ၿပိဳင္ပြဲႏွင့္လြဲေခ်ာ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.