အမေရိကန်မှာ နှလုံးညှစ်စက် ချို့ယွင်းမှုကြောင့် သေဆုံးသူ ၄၉ ထိရှိ

 162

ရောင်နီ(NP News) - မတ် ၃၁

အမေရိကန်မှာ နှလုံးညှစ်အား ကောင်းမွန်စေဖို့အတွက် အသုံးပြုလေ့ရှိတဲ့ heart pump မှ စက်ချို့ယွင်းမှုကြောင့် နှလုံးဖောက် သေဆုံးသူတွေ ရှိလာခဲ့တယ်လို့ US Food and Drug Administration's website မှာ တင်ထားသော သတိပေးချက်တစ်ခုအရ သိရပါတယ်။

Johnson & Johnson MedTech ရဲ့ Abiomed ဌာနမှပြုလုပ်တဲ့ left-sided Impella heart pump တွေဟာ အသုံးပြုနေစဉ်အတွင်း ပြင်းထန် ဒဏ်ရာ ၁၀၀ ကျော်ရရှိစေခဲ့ပြီး လူ ၄၉ ဦးကို သေဆုံးစေခဲ့တယ်လို့ သိရပါတယ်။ US Food and Drug Administration ရဲ့ သတိပေးချက်ဟာ အဆိုပါ စက်ပစ္စည်း အသုံးပြုသူတိုင်းကို ရည်ညွှန်းပါတယ်။ Impellaheart pump တွေဟာ တုတ်ချောင်းရှည် ပုံစံရှိပြီး ဘယ်ဘက်နှလုံးအိမ်ထဲမှ ထည့်ထားရကာ နှလုံးအိမ်ထဲမှာ သွေးတွေကို ခန္ဓာကိုယ်ထဲ ညှစ်ထုတ်ဖို့ ကူညီပေးပါတယ်။ Impellaheart pump တွေကို အန္တရာယ်များတဲ့ နှလုံးခွဲစိတ်မှုတွေအတွက် သွေးလည်ပတ်မှုစနစ်ကို ကူညီနိုင်အောင် ရည်ရွယ်ကာ အသုံးပြုကြခြင်း ဖြစ်ပါတယ်။ အခုတော့ အဆိုပါ Impella ပန့်တွေကို အသုံးပြုခြင်းဟာ သွေးတိုးခြင်း၊ သွေးစီးဆင်းမှု ရပ်တန့်စေခြင်းနဲ့ သေဆုံးခြင်း အပါအဝင် ဆိုးရွားတဲ့ ကျန်းမာရေးအကျိုးဆက်တွေကို ကို ဖြစ်စေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

FDA က အဆိုပါ ကိစ္စအတွက် Johnson & Johnson MedTech ကုမ္ပဏီကို စစ်ဆေးခဲ့ပြီး Abiomed ကို သတိပေးစာတစ်စောင် ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ သတိပေးချက်ဟာ အမေရိကန်နိုင်ငံတစ်ဝှန်းမှာ ရှိနေတဲ့ စက်ကိရိယာ ၆၆,၀၀၀ ကျော်အပေါ် သက်ရောက်နိုင်ပြီး အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ယခင်နှလုံးရောဂါရှိသူတွေအတွက် ထိခိုက်မှု ရှိနိုင်တယ်လို့ FDA က ပြောကြားခဲ့ပါတယ်။

zawgyi version
အေမရိကန္မွာ ႏွလုံးညႇစ္စက္ ခ်ိဳ႕ယြင္းမႈေၾကာင့္ ေသဆုံးသူ ၄၉ ထိရွိ
ေရာင္နီ(NP News) - မတ္ ၃၁

အေမရိကန္မွာ ႏွလုံးညႇစ္အား ေကာင္းမြန္ေစဖို႔အတြက္ အသုံးျပဳေလ့ရွိတဲ့ heart pump မွ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ႏွလုံးေဖာက္ ေသဆုံးသူေတြ ရွိလာခဲ့တယ္လို႔ US Food and Drug Administration's website မွာ တင္ထားေသာ သတိေပးခ်က္တစ္ခုအရ သိရပါတယ္။

Johnson & Johnson MedTech ရဲ႕ Abiomed ဌာနမွျပဳလုပ္တဲ့ left-sided Impella heart pump ေတြဟာ အသုံးျပဳေနစဥ္အတြင္း ျပင္းထန္ ဒဏ္ရာ ၁၀၀ ေက်ာ္ရရွိေစခဲ့ၿပီး လူ ၄၉ ဦးကို ေသဆုံးေစခဲ့တယ္လို႔ သိရပါတယ္။ US Food and Drug Administration ရဲ႕ သတိေပးခ်က္ဟာ အဆိုပါ စက္ပစၥည္း အသုံးျပဳသူတိုင္းကို ရည္ၫႊန္းပါတယ္။ Impellaheart pump ေတြဟာ တုတ္ေခ်ာင္းရွည္ ပုံစံရွိၿပီး ဘယ္ဘက္ႏွလုံးအိမ္ထဲမွ ထည့္ထားရကာ ႏွလုံးအိမ္ထဲမွာ ေသြးေတြကို ခႏၶာကိုယ္ထဲ ညႇစ္ထုတ္ဖို႔ ကူညီေပးပါတယ္။ Impellaheart pump ေတြကို အႏၲရာယ္မ်ားတဲ့ ႏွလုံးခြဲစိတ္မႈေတြအတြက္ ေသြးလည္ပတ္မႈစနစ္ကို ကူညီႏိုင္ေအာင္ ရည္႐ြယ္ကာ အသုံးျပဳၾကျခင္း ျဖစ္ပါတယ္။ အခုေတာ့ အဆိုပါ Impella ပန႔္ေတြကို အသုံးျပဳျခင္းဟာ ေသြးတိုးျခင္း၊ ေသြးစီးဆင္းမႈ ရပ္တန႔္ေစျခင္းနဲ႔ ေသဆုံးျခင္း အပါအဝင္ ဆိုး႐ြားတဲ့ က်န္းမာေရးအက်ိဳးဆက္ေတြကို ကို ျဖစ္ေစႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

FDA က အဆိုပါ ကိစၥအတြက္ Johnson & Johnson MedTech ကုမၸဏီကို စစ္ေဆးခဲ့ၿပီး Abiomed ကို သတိေပးစာတစ္ေစာင္ ထုတ္ေပးခဲ့ပါတယ္။ အဆိုပါ သတိေပးခ်က္ဟာ အေမရိကန္ႏိုင္ငံတစ္ဝွန္းမွာ ရွိေနတဲ့ စက္ကိရိယာ ၆၆,၀၀၀ ေက်ာ္အေပၚ သက္ေရာက္ႏိုင္ၿပီး အမ်ိဳးသမီးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားနဲ႔ယခင္ႏွလုံးေရာဂါရွိသူေတြအတြက္ ထိခိုက္မႈ ရွိႏိုင္တယ္လို႔ FDA က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.