နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ MSME လုပ်ငန်းများအား သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးရန် စီစဥ်နေ

593

ယွန်း (NP News) - မတ် ၃၁
နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးရန် စီစဥ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ ယနေ့ (မတ်လ ၃၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
နစက၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုတိုးတက်ရေးဥပဒေပုဒ်မ ၂၀(ဂ)တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာ သောအတိုးနှုန်းဖြင့် ထုတ်ချေးပေးနိုင်ရေးကို စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။
ချေးငွေများထုတ်ချေးရာတွင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများနှင့် နိုင်ငံ၏ ပို့ကုန်ဝင်ငွေတိုးတက် စေသည့်လုပ်ငန်းများ အပါအဝင် MSME လုပ်ငန်း (၈)မျိုးကို ဦးစားပေးအနေဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း အထက်ပါရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က ဆိုထားသည်။
ထို့ပြင် လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့်ပမာဏမှာ အသေးစားစီးပွားရေးလုပ်ငန်းအတွက် ကျပ်(၁၀) သန်း၊ အငယ်စားစီးပွားရေးလုပ်ငန်းအတွက် ကျပ်သန်း(၅၀) နှင့် အလတ်စားစီးပွားရေးလုပ်ငန်းအတွက် ကျပ်သန်း (၁၀၀) ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် ချေးငွေများ စတင်လျှောက်ထားနိုင် ကြောင်း သိရသည်။
ချေးငွေလျှောက်ထားသူများကို မြန်မာ့စီးပွားရေးဘဏ်မှ စတင်ထုတ်ချေးမည်ဖြစ်ပြီး အခြားပုဂ္ဂလိက ဘဏ်များကပါ ပါဝင်ထုတ်ချေးနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

Zawgyi Version;
ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ MSME လုပ္ငန္းမ်ားအား သက္သာေသာအတိုးႏႈန္းျဖင့္ ေခ်းေငြမ်ားထုတ္ေခ်းရန္ စီစဥ္ေန
ယြန္း (NP News) - မတ္ ၃၁
ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအား သက္သာေသာအတိုးႏႈန္းျဖင့္ ေခ်းေငြမ်ားထုတ္ေခ်းရန္ စီစဥ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။
အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးရန္ပုံေငြစီမံခန႔္ခြဲမႈအဖြဲ႕မွ ယေန႔ (မတ္လ ၃၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။
နစက၏ လမ္းၫႊန္မႈႏွင့္အညီ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳတိုးတက္ေရးဥပေဒပုဒ္မ ၂၀(ဂ)တြင္ သတ္မွတ္ျပ႒ာန္းခ်က္အရ အေသးစား၊ အငယ္စား ႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရးရန္ပုံေငြကို ႏိုင္ငံေတာ္၏မတည္ေထာက္ပံ့ေငြျဖင့္ ထူေထာင္ထားရွိၿပီး ျဖစ္ေၾကာင္း သိရသည္။
အဆိုပါရန္ပုံေငြမွ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား၏ ရင္းႏွီးေငြလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ သက္သာ ေသာအတိုးႏႈန္းျဖင့္ ထုတ္ေခ်းေပးႏိုင္ေရးကို စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ေခ်းေငြမ်ားထုတ္ေခ်းရာတြင္ တန္ဖိုးျမႇင့္ထုတ္ကုန္ ထုတ္လုပ္သည့္လုပ္ငန္းမ်ားႏွင့္ ႏိုင္ငံ၏ ပို႔ကုန္ဝင္ေငြတိုးတက္ ေစသည့္လုပ္ငန္းမ်ား အပါအဝင္ MSME လုပ္ငန္း (၈)မ်ိဳးကို ဦးစားေပးအေနျဖင့္ ထုတ္ေခ်းမည္ျဖစ္ေၾကာင္း အထက္ပါရန္ပုံေငြစီမံခန္႔ခြဲမႈအဖြဲ႕က ဆိုထားသည္။
ထို႔ျပင္ လုပ္ငန္းတစ္ခုသို႔ အမ်ားဆုံးထုတ္ေခ်းမည့္ပမာဏမွာ အေသးစားစီးပြားေရးလုပ္ငန္းအတြက္ က်ပ္(၁၀) သန္း၊ အငယ္စားစီးပြားေရးလုပ္ငန္းအတြက္ က်ပ္သန္း(၅၀) ႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းအတြက္ က်ပ္သန္း (၁၀၀) ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေခ်းေငြရယူလိုသူ MSME လုပ္ငန္းရွင္မ်ားအေနျဖင့္ ျပည္ေထာင္စုနယ္ေျမ အပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း/ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီ႐ုံးခြဲမ်ားမွတစ္ဆင့္ ေခ်းေငြမ်ား စတင္ေလွ်ာက္ထားႏိုင္ ေၾကာင္း သိရသည္။
ေခ်းေငြေလွ်ာက္ထားသူမ်ားကို ျမန္မာ့စီးပြားေရးဘဏ္မွ စတင္ထုတ္ေခ်းမည္ျဖစ္ၿပီး အျခားပုဂၢလိက ဘဏ္မ်ားကပါ ပါဝင္ထုတ္ေခ်းႏိုင္ေရးကိုလည္း ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အသိေပးထားသည္။