နွေရာသီ ရေရှားပါးမှု ဖြစ်ပေါ်လာပါက Water-Donation Mobile Application ဖြင့် ဆက်သွယ်၍ အကူအညီတောင်းခံနိုင်

 224

Pearl (NP News) - ဧပြီ ၁

နွေရာသီ ရေရှားပါးမှု ဖြစ်ပေါ်လာပါက Water-Donation Mobile Application ဖြင့် ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် နွေရာသီကာလ သောက်သုံး ရေပြတ်လပ်မှုဖြစ်နိုင်ခြေရှိသော ကျေးရွာများအား ကြိုတင်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ရန် ၊ သောက်သုံးရေ အလျင် အမြန် ပံ့ပိုးဖြည့်ဆည်းပေးရန် အစီအစဉ်များ ကြိုတင်ချမှတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ နွေရာသီရေပြတ်လပ်မှုဖြစ်ပေါ်ပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်နှင့် အချက်အလက်များ အချိန်နှင့်တပြေးညီသိနိုင်ရန် www.water-donation.com Website ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

သောက်သုံးရေပြတ်လပ်မှုများကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှတစ်ဆင့် သက်ဆိုင်ရာကျေးရွာအသီးသီးသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ဖြန့်ဝေထားကြောင်း နှင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်ပါက ဖုန်း၊ Viber ၊ Facebook Messenger စသည့် ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းလည်း သိရသည်။

အလားတူ www.water-donation.com Website သို့ ဝင်ရောက်၍လည်းကောင်း၊ မိုဘိုင်း ဖုန်းများ၌ အသုံးပြုနိုင်သော Water-Donation Mobile Application ဖြင့်လည်းကောင်း ဆက်သွယ်သတင်း ပေးပို့နိုင်ကြောင်းလည်း သိရသည်။

အဆိုပါ Water-Donation Mobile Application အား ဖော်ပြပါ Website တွင် အလွယ် တကူ ရယူအသုံးပြုနိုင်ပြီး ကျေးရွာများ၌ ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)သို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသိပေးထုတ် ပြန်ထားသည်။

zawgyi version
ေႏြရာသီ ေရရွားပါးမႈ ျဖစ္ေပၚလာပါက Water-Donation Mobile Application ျဖင့္ ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္

Pearl (NP News) - ဧၿပီ ၁

ေႏြရာသီ ေရရွားပါးမႈ ျဖစ္ေပၚလာပါက Water-Donation Mobile Application ျဖင့္ ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနအေနျဖင့္ ႏွစ္စဥ္ ေႏြရာသီကာလ ေသာက္သုံး ေရျပတ္လပ္မႈျဖစ္ႏိုင္ေျခရွိေသာ ေက်း႐ြာမ်ားအား ႀကိဳတင္စာရင္းေကာက္ယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေက်း႐ြာမ်ားႏွင့္ တိုက္႐ိုက္ဆက္သြယ္ေဆာင္႐ြက္ႏိုင္ရန္ ၊ ေသာက္သုံးေရ အလ်င္ အျမန္ ပံ့ပိုးျဖည့္ဆည္းေပးရန္ အစီအစဥ္မ်ား ႀကိဳတင္ခ်မွတ္ ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ေႏြရာသီေရျပတ္လပ္မႈျဖစ္ေပၚပါက ခ်က္ခ်င္းတုံ႔ျပန္ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ အခ်က္အလက္မ်ား အခ်ိန္ႏွင့္တေျပးညီသိႏိုင္ရန္ www.water-donation.com Website ကိုလည္း ထုတ္ျပန္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ေသာက္သုံးေရျပတ္လပ္မႈမ်ားကို ခ်က္ခ်င္းတုံ႔ျပန္ေဆာင္႐ြက္ႏိုင္ရန္ ၿမိဳ႕နယ္ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမ်ားမွတစ္ဆင့္ သက္ဆိုင္ရာေက်း႐ြာအသီးသီးသို႔ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ားအား ျဖန႔္ေဝထားေၾကာင္း ႏွင့္ ေသာက္သုံးေရရွားပါးမႈ ျဖစ္ေပၚပါက ဖုန္း၊ Viber ၊ Facebook Messenger စသည့္ ဆက္သြယ္ေရးနည္းလမ္းမ်ိဳးစုံျဖင့္ ဆက္သြယ္သတင္းေပးပို႔ႏိုင္ေၾကာင္းလည္း သိရသည္။

အလားတူ www.water-donation.com Website သို႔ ဝင္ေရာက္၍လည္းေကာင္း၊ မိုဘိုင္း ဖုန္းမ်ား၌ အသုံးျပဳႏိုင္ေသာ Water-Donation Mobile Application ျဖင့္လည္းေကာင္း ဆက္သြယ္သတင္း ေပးပို႔ႏိုင္ေၾကာင္းလည္း သိရသည္။

အဆိုပါ Water-Donation Mobile Application အား ေဖာ္ျပပါ Website တြင္ အလြယ္ တကူ ရယူအသုံးျပဳႏိုင္ၿပီး ေက်း႐ြာမ်ား၌ ေရရွားပါးျပတ္လပ္မႈမ်ား ျဖစ္ေပၚလာပါက ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါအဝင္ တိုင္းေဒသႀကီး/ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမ်ား ႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန(႐ုံးခ်ဳပ္)သို႔ ဆက္သြယ္သတင္းေပးပို႔ႏိုင္ေၾကာင္း ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးဦးစီးဌာနက အသိေပးထုတ္ ျပန္ထားသည္။

Related news

© 2021. All rights reserved.