ချောက်မြို့၊ ဇောင်းတူမြို့ နှင့် ရေးမြို့တို့တွင် အပူချိန်စံချိန်သစ်တင်

 3469

ယွန်း (NP News) - ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဇောင်းတူမြို့နှင့် မွန်ပြည်နယ်၊ ရေးမြို့တို့တွင် အပူချိန်စံချိန်သစ်တင် မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ချောက်မြို့တွင် ယမန်နေ့(မတ်လ ၃၁ ရက်)က အမြင့်ဆုံးအပူချိန်( ၄၅ ဒသမ ၂) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း (၅၆)နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ ယခင်ကဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းသည် (၄၅ ဒသမ ၀) ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း မိုးဇလမှဆိုသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ဇောင်းတူမြို့တွင်လည်း အပူချိန်(၄၀ ဒသမ ၇)ဒီဂရီစင်တီဂရိတ်ဖြင့် နှစ်ပေါင်း(၃၇)နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး မွန်ပြည်နယ်၊ ရေးမြို့တွင် အပူချိန်(၃၉ ဒသမ ၅) ဒီဂရီစင်တီဂရိတ်ဖြင့် နှစ်ပေါင်း(၆၀)အတွင်း အပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလမှ ဆိုထားသည်။

အလားတူ ရန်ကုန် နှင့် မကွေးတို့တွင် မတ်လ(၃၁)ရက်နေ့က အမြင့်ဆုံးအပူချိန်(၄၂)ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့ပြီး မုံရွာ၊ ပဲခူး၊ ဘားအံနှင့် ထားဝယ်တို့တွင် အမြင့်ဆုံးအပူချိန် (၄၀)ဒီဂရီစင်တီဂရိတ်အထိရှိခဲ့သည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ဧပြီ(၂)ရက်နှင့် (၃)ရက်တို့တွင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ပဲခူးတို့တွင် နေ့အပူချိန်များ အနည်း ငယ်တိုးလာနိုင်ကြောင်း သိရသည်။

zawgyi version
ေခ်ာက္ၿမိဳ႕၊ ေဇာင္းတူၿမိဳ႕ ႏွင့္ ေရးၿမိဳ႕တို႔တြင္ အပူခ်ိန္စံခ်ိန္သစ္တင္
ယြန္း (NP News) - ဧၿပီ ၁

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕အပါအဝင္ ပဲခူးတိုင္းေဒသႀကီး၊ ေဇာင္းတူၿမိဳ႕ႏွင့္ မြန္ျပည္နယ္၊ ေရးၿမိဳ႕တို႔တြင္ အပူခ်ိန္စံခ်ိန္သစ္တင္ ျမင့္တက္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ေခ်ာက္ၿမိဳ႕တြင္ ယမန္ေန႔(မတ္လ ၃၁ ရက္)က အျမင့္ဆုံးအပူခ်ိန္( ၄၅ ဒသမ ၂) ဒီဂရီစင္တီဂရိတ္ျဖင့္ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၅၆)ႏွစ္အတြင္း အျမင့္ဆုံးအပူခ်ိန္အျဖစ္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း သိရသည္။

ေခ်ာက္ၿမိဳ႕၌ ယခင္ကျဖစ္ေပၚခဲ့ေသာ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္ေဟာင္းသည္ (၄၅ ဒသမ ၀) ဒီဂရီစင္တီဂရိတ္ျဖစ္ေၾကာင္း မိုးဇလမွဆိုသည္။

ထို႔ျပင္ ပဲခူးတိုင္းေဒသႀကီး၊ ေဇာင္းတူၿမိဳ႕တြင္လည္း အပူခ်ိန္(၄၀ ဒသမ ၇)ဒီဂရီစင္တီဂရိတ္ျဖင့္ ႏွစ္ေပါင္း(၃၇)ႏွစ္အတြင္း အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္သစ္တင္ခဲ့ၿပီး မြန္ျပည္နယ္၊ ေရးၿမိဳ႕တြင္ အပူခ်ိန္(၃၉ ဒသမ ၅) ဒီဂရီစင္တီဂရိတ္ျဖင့္ ႏွစ္ေပါင္း(၆၀)အတြင္း အပူခ်ိန္စံခ်ိန္သစ္တင္ခဲ့ေၾကာင္း မိုးဇလမွ ဆိုထားသည္။

အလားတူ ရန္ကုန္ ႏွင့္ မေကြးတို႔တြင္ မတ္လ(၃၁)ရက္ေန႔က အျမင့္ဆုံးအပူခ်ိန္(၄၂)ဒီဂရီစင္တီဂရိတ္အထိျမင့္တက္ခဲ့ၿပီး မုံ႐ြာ၊ ပဲခူး၊ ဘားအံႏွင့္ ထားဝယ္တို႔တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၀)ဒီဂရီစင္တီဂရိတ္အထိရွိခဲ့သည္။ မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ဧၿပီ(၂)ရက္ႏွင့္ (၃)ရက္တို႔တြင္ ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြးႏွင့္ ပဲခူးတို႔တြင္ ေန႔အပူခ်ိန္မ်ား အနည္း ငယ္တိုးလာႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.