သံဃာတော်(၂)ပါးကို ဒလန်ဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှု ရွှေဘိုမြို့နယ် နှင့် နတ်မောက်မြို့နယ်တို့တွင်ဖြစ်ပွား
1193
စော (NP News) - ဧပြီ ၂
သံဃာတော် (၂)ပါးကို ဒလန်ဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှု ရွှေဘိုမြို့နယ်နှင့် နတ်မောက်မြို့နယ်တို့တွင်ဖြစ်ပွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်၊ နံနက် (၈)နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာတွင် သံဃာတော်တစ်ပါး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခု၌ သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးအား PDF အမည်ခံအကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲကာ ဓားဖြင့် ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် သက်တော် (၄၇)နှစ်၊ ဝါတော် (၂၅)ဝါရှိ သော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌသည် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
အလားတူ (မတ်လ ၂၉ ရက်)၊ မွန်းလွဲ (၂)နာရီခန့်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာအနီးရှိ မှန်ခြေရင်းတောင်တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် သက်တော် (၅၅)နှစ်၊ ဝါတော် (၁၀)ဝါရှိသော ဆရာတော် ဘဒ္ဒန္တပညာစာရအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ မြင်းတဲကြီးကျေးရွာအနီးလမ်းပေါ်၌ တပ်မတော်ယူနီဖောင်းအင်္ကျီနှင့် ရဲတပ်ဖွဲ့ယူနီဖောင်းဘောင်းဘီတို့အား ဝတ်ဆင်စေကာ ဦးခေါင်းအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
လက်ရှိနစက အစိုးရလက်တွင် အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် သံဃာတော် (၁၀၀)ခန့် နှင့် သီလရှင် (၃)တို့ ပျံလွန်တော်မူထားကြောင်း သိရသည်။
zawgyi version
သံဃာေတာ္(၂)ပါးကို ဒလန္ဟုစြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္မႈ ေ႐ႊဘိုၿမိဳ႕နယ္ ႏွင့္ နတ္ေမာက္ၿမိဳ႕နယ္တို႔တြင္ျဖစ္ပြား
ေစာ (NP News) - ဧၿပီ ၂
သံဃာေတာ္ (၂)ပါးကို ဒလန္ဟုစြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္မႈ ေ႐ႊဘိုၿမိဳ႕နယ္ႏွင့္ နတ္ေမာက္ၿမိဳ႕နယ္တို႔တြင္ျဖစ္ပြားခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ မတ္လ ၂၈ ရက္၊ နံနက္ (၈)နာရီခန႔္တြင္ စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ၿမိဳက္ေက်း႐ြာတြင္ သံဃာေတာ္တစ္ပါး အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာရွိ ဘုန္းႀကီးေက်ာင္းတစ္ခု၌ သီတင္းသုံးေနသည့္ ဆရာေတာ္တစ္ပါးအား PDF အမည္ခံအၾကမ္းဖက္သမားမ်ားက ဒလန္ဟုစြပ္စြဲကာ ဓားျဖင့္ ရက္စက္စြာ ထိုးခုတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သတ္ျဖတ္ခဲ့မႈေၾကာင့္ သက္ေတာ္ (၄၇)ႏွစ္၊ ဝါေတာ္ (၂၅)ဝါရွိ ေသာ ေက်ာင္းထိုင္ ဆရာေတာ္ ဘဒၵႏၲဥကၠ႒သည္ ခႏၶာကိုယ္အေပၚပိုင္းတြင္ ျပတ္ရွထိုးသြင္းဒဏ္ရာမ်ားျဖင့္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။
အလားတူ (မတ္လ ၂၉ ရက္)၊ မြန္းလြဲ (၂)နာရီခန႔္တြင္ မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္၊ ျမင္းတဲႀကီးေက်း႐ြာအနီးရွိ မွန္ေျခရင္းေတာင္ေတာရေက်ာင္း၌ တစ္ပါးတည္း သီတင္းသုံးေနထိုင္သည့္ သက္ေတာ္ (၅၅)ႏွစ္၊ ဝါေတာ္ (၁၀)ဝါရွိေသာ ဆရာေတာ္ ဘဒၵႏၲပညာစာရအား PDF အမည္ခံအၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ရာ ျမင္းတဲႀကီးေက်း႐ြာအနီးလမ္းေပၚ၌ တပ္မေတာ္ယူနီေဖာင္းအက်ႌႏွင့္ ရဲတပ္ဖြဲ႕ယူနီေဖာင္းေဘာင္းဘီတို႔အား ဝတ္ဆင္ေစကာ ဦးေခါင္းအား ေသနတ္ျဖင့္ ရက္စက္စြာ ပစ္ခတ္သတ္ျဖတ္ခဲ့သျဖင့္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။
လက္ရွိနစက အစိုးရလက္တြင္ အၾကမ္းဖက္သတ္ျဖတ္ခံရမႈေၾကာင့္ သံဃာေတာ္ (၁၀၀)ခန႔္ ႏွင့္ သီလရွင္ (၃)တို႔ ပ်ံလြန္ေတာ္မူထားေၾကာင္း သိရသည္။