မန္တလေးကျုံးဘေးတွင် ပြိုင်ဘီး နှင့် အုတ်သယ်ကားတို့တိုက်မိ၍ ကလေးငယ်တစ်ဦး ခြေထောက်ကြေမွဒဏ်ရာရ

 867

သန့်ဇင် (NP News) - ဧပြီ ၂

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ပြိုင်ဘီး နှင့် အုတ်သယ်ကားတို့တိုက်မိ၍ ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦး ခြေထောက်ကြေမွဒဏ်ရာရရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၂ ရက်)၊ နံနက် ၆နာရီ ၄၂မိနစ်အချိန်တွင် အော်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၂၄/၂၅ ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိရတာတော့ ညီအစ်ကို(၂)ယောက် ပြိုင်ဘီးလေးတွေနဲ့ ကျုံးဘေးနားမှာစီးနေကြရင်းနဲ့ သူ့အစ်ကိုကို ကျော်တက်တာမှာ တစ်ဖက်က အုတ်ကားနဲ့တိုက်မိတာ။ အဲဒီမှာ ခြေထောက်ကိုကားဘီးနဲ့ကြိတ်မိသွားတာ”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၁၄)နှစ်အရွယ် ကလေးတစ်ဦးတွင် ဝဲဘက်ခြေထောက် ကြွေမွဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဒီမှာက မနက်ပိုင်းဆိုစက်ဘီးတွေစီးကြတယ်။ ကျုံးဘေးနားကလမ်းမှာက သူလမ်းနဲ့သူရှိတယ်။ စက်ဘီး၊ဆိုင်ကယ်ဆိုတစ်လမ်းနဲ့ ကားဆိုတစ်လမ်းရှိတယ်။ များသောအားဖြင့် စက်ဘီး၊ဆိုင်ကယ်သမားတွေက ကားလမ်းဘက်ကိုဝင်စီးကြတာများတယ်။ အုတ်ကား၊ ကျောက်ကားတွေဆို Main လမ်းပေါ်မှာမောင်းခွင့်မရှိဘူး။ အခုက Main လမ်းပေါ်မှာဖြစ်သွားတာ။ အရင်ကလည်း ကျောက်ကား၊ အုတ်ကားတွေနဲ့တိုက်ပြီး လူသေဆုံးတာတွေရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူကလေးငယ်ကို နန်းတော်ရှေ့လူမှုကူညီရေးအသင်းက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးက်ဳံးေဘးတြင္ ၿပိဳင္ဘီး ႏွင့္ အုတ္သယ္ကားတို႔တိုက္မိ၍ ကေလးငယ္တစ္ဦး ေျခေထာက္ေၾကမြဒဏ္ရာရ
သန႔္ဇင္ (NP News) - ဧၿပီ ၂

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ၿပိဳင္ဘီး ႏွင့္ အုတ္သယ္ကားတို႔တိုက္မိ၍ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးတစ္ဦး ေျခေထာက္ေၾကမြဒဏ္ရာရရွိခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဧၿပီလ ၂ ရက္)၊ နံနက္ ၆နာရီ ၄၂မိနစ္အခ်ိန္တြင္ ေအာ္ေျမသာစံၿမိဳ႕နယ္၊ ၆၆လမ္း၊ ၂၄/၂၅ ၾကား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သိရတာေတာ့ ညီအစ္ကို(၂)ေယာက္ ၿပိဳင္ဘီးေလးေတြနဲ႔ က်ဳံးေဘးနားမွာစီးေနၾကရင္းနဲ႔ သူ႔အစ္ကိုကို ေက်ာ္တက္တာမွာ တစ္ဖက္က အုတ္ကားနဲ႔တိုက္မိတာ။ အဲဒီမွာ ေျခေထာက္ကိုကားဘီးနဲ႔ႀကိတ္မိသြားတာ”ဟု နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၁၄)ႏွစ္အ႐ြယ္ ကေလးတစ္ဦးတြင္ ဝဲဘက္ေျခေထာက္ ေႂကြမြဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

“ ဒီမွာက မနက္ပိုင္းဆိုစက္ဘီးေတြစီးၾကတယ္။ က်ဳံးေဘးနားကလမ္းမွာက သူလမ္းနဲ႔သူရွိတယ္။ စက္ဘီး၊ဆိုင္ကယ္ဆိုတစ္လမ္းနဲ႔ ကားဆိုတစ္လမ္းရွိတယ္။ မ်ားေသာအားျဖင့္ စက္ဘီး၊ဆိုင္ကယ္သမားေတြက ကားလမ္းဘက္ကိုဝင္စီးၾကတာမ်ားတယ္။ အုတ္ကား၊ ေက်ာက္ကားေတြဆို Main လမ္းေပၚမွာေမာင္းခြင့္မရွိဘူး။ အခုက Main လမ္းေပၚမွာျဖစ္သြားတာ။ အရင္ကလည္း ေက်ာက္ကား၊ အုတ္ကားေတြနဲ႔တိုက္ၿပီး လူေသဆုံးတာေတြရွိတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသူကေလးငယ္ကို နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းက မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.