အပူဒဏ်ကြောင့် ဖိလစ်ပိုင်ကျောင်းများ ဒါဇင်နှင့်ချီပြီး ဆိုင်းငံ့ထား

 668

ALynn (NP News) - ဧပြီ ၂

အန္တရာယ်ရှိသော အပူရှိန်ကြောင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရှိ စာသင်ကျောင်း ဒါဇင် ပေါင်းများစွာတွင် လူကိုယ်တိုင်သင်တန်းများကို ဧပြီ ၂ ရက် (အင်္ဂါနေ့) မှစ ဆိုင်းငံ့ထားကြောင်း ပညာရေးတာဝန်ရှိသူများက ပြော ကြားခဲ့သည်။

အင်္ဂါနေ့တွင် အပူအညွှန်းကိန်းသည် မြို့ကြီးပြကြီးများ၌ "အန္တရာယ်" အဆင့် ၄၂ ဒီဂရီစင်တီဂရိတ် နှင့် ဗုဒ္ဓဟူးနေ့ တွင် ၄၃ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိသွားမည်ဟု မျှော်လင့်ထားကြောင်း မြို့နယ် မိုးလေဝသခန့်မှန်းသူက ပြောကြားခဲ့သည်။ အင်္ဂါနေ့တွင် မနီလာမြို့အတွက် အမှန်တကယ်အမြင့်ဆုံးအပူချိန်ခန့်မှန်းချက်မှာ ၃၄ ဒီဂရီစင်တီ ဂရိတ်ဖြစ်သည်။ မြို့တော်၏လူဦးရေအများဆုံးဖြစ်သော ကွီဇုံရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သော်လည်း အခြားဒေသများရှိ ကျောင်းများကို အဝေသင်ပညာ‌ရေးပုံစံသို့ ပြောင်းလဲနိုင် ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ရွေးချယ်ခွင့်ပေးထားသည်။

အချို့ကျောင်းများသည် နေ့လယ်ပိုင်း အပူဆုံးအချိန်ကို ရှောင်ရှားရန် စာသင်ချိန်ကို လျှော့ချခဲ့သည်။ အပူအညွှန်း ကိန်း ၄၂ ဒီဂရီစင်တီဂရိတ်မှ ၅၁ ဒီဂရီစင်တီဂရိတ်တွင် အပူဒဏ်ကြောင့် အပူဝင်အပူရှပ်ခြင်းအန္တရာယ်ကို ကြုံတွေ့ ရစေနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်တစ်ခုတွင် အကြံပြုပြောကြားထားသည်။ အပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်မှ ၄၁ ဒီဂရီ စင်တီဂရိတ်တို့တွင်လည်း အပူဝင်အပူရှပ်ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။

မင်ဒါနာအိုကျွန်း၏ တောင်ပိုင်းဒေသရှိ အရာရှိများသည် သီတင်း ၂ ပတ်တိုင်အောင် လူကိုယ်တိုင်သင်တန်းများကို ဆိုင်းငံထားပြီး ကျောင်းချိန်ကိုလည်း လျှော့ချထားကြောင်း ဒေသဆိုင်ရာပညာရေးဌာနပြောရေးဆိုခွင့်ရှိသူ Rea Halique က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အဆိုပါအမိန့်သည် Cotabato၊ South Cotabato၊ Sultan Kudarat နှင့် Cotabato မြို့များ အပြင် General Santos နှင့် Koronadal မြို့များရှိကျောင်းရာပေါင်းများစွာအပေါ်ပါ သက်ရောက်သွား မည်ဖြစ်သည်။ ကိုတာဘာတိုမြို့ သည် တနင်္လာနေ့ နှင့် အင်္ဂါနေ့တို့တွင် အမြင့်ဆုံးအပူအညွှန်းကိန်း ၄၂ ဒီဂရီစင်တီဂရိတ်အထိ ကြုံတွေ့ခဲ့ရကြောင်း မြို့နယ်မိုးလေဝသက ဖော်ပြခဲ့သည်။

Zawgyi Version;
အပူဒဏ္ေၾကာင့္ ဖိလစ္ပိုင္ေက်ာင္းမ်ား ဒါဇင္ႏွင့္ခ်ီၿပီး ဆိုင္းငံ့ထား
ALynn (NP News) - ဧၿပီ ၂

အႏၲရာယ္ရွိေသာ အပူရွိန္ေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ေတာ္ရွိ စာသင္ေက်ာင္း ဒါဇင္ ေပါင္းမ်ားစြာတြင္ လူကိုယ္တိုင္သင္တန္းမ်ားကို ဧၿပီ ၂ ရက္ (အဂၤါေန႔) မွစ ဆိုင္းငံ့ထားေၾကာင္း ပညာေရးတာဝန္ရွိသူမ်ားက ေျပာ ၾကားခဲ့သည္။

အဂၤါေန႔တြင္ အပူအၫႊန္းကိန္းသည္ ၿမိဳ႕ႀကီးျပႀကီးမ်ား၌ "အႏၲရာယ္" အဆင့္ ၄၂ ဒီဂရီစင္တီဂရိတ္ ႏွင့္ ဗုဒၶဟူးေန႔ တြင္ ၄၃ ဒီဂရီစင္တီဂရိတ္သို႔ ေရာက္ရွိသြားမည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ၿမိဳ႕နယ္ မိုးေလဝသခန႔္မွန္းသူက ေျပာၾကားခဲ့သည္။ အဂၤါေန႔တြင္ မနီလာၿမိဳ႕အတြက္ အမွန္တကယ္အျမင့္ဆုံးအပူခ်ိန္ခန႔္မွန္းခ်က္မွာ ၃၄ ဒီဂရီစင္တီ ဂရိတ္ျဖစ္သည္။ ၿမိဳ႕ေတာ္၏လူဦးေရအမ်ားဆုံးျဖစ္ေသာ ကြီဇုံရွိ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ားကို ပိတ္ပစ္ရန္ အမိန႔္ေပးခဲ့ေသာ္လည္း အျခားေဒသမ်ားရွိ ေက်ာင္းမ်ားကို အေဝသင္ပညာ‌ေရးပုံစံသို႔ ေျပာင္းလဲႏိုင္ ေၾကာင္း ေဒသဆိုင္ရာတာဝန္ရွိသူမ်ားက ေ႐ြးခ်ယ္ခြင့္ေပးထားသည္။

အခ်ိဳ႕ေက်ာင္းမ်ားသည္ ေန႔လယ္ပိုင္း အပူဆုံးအခ်ိန္ကို ေရွာင္ရွားရန္ စာသင္ခ်ိန္ကို ေလွ်ာ့ခ်ခဲ့သည္။ အပူအၫႊန္း ကိန္း ၄၂ ဒီဂရီစင္တီဂရိတ္မွ ၅၁ ဒီဂရီစင္တီဂရိတ္တြင္ အပူဒဏ္ေၾကာင့္ အပူဝင္အပူရွပ္ျခင္းအႏၲရာယ္ကို ႀကဳံေတြ႕ ရေစႏိုင္ေၾကာင္း မိုးေလဝသခန႔္မွန္းခ်က္တစ္ခုတြင္ အႀကံျပဳေျပာၾကားထားသည္။ အပူခ်ိန္ ၃၃ ဒီဂရီ စင္တီဂရိတ္မွ ၄၁ ဒီဂရီ စင္တီဂရိတ္တို႔တြင္လည္း အပူဝင္အပူရွပ္ျခင္းတို႔ ျဖစ္ႏိုင္ေၾကာင္း သိရသည္။

မင္ဒါနာအိုကြၽန္း၏ ေတာင္ပိုင္းေဒသရွိ အရာရွိမ်ားသည္ သီတင္း ၂ ပတ္တိုင္ေအာင္ လူကိုယ္တိုင္သင္တန္းမ်ားကို ဆိုင္းငံထားၿပီး ေက်ာင္းခ်ိန္ကိုလည္း ေလွ်ာ့ခ်ထားေၾကာင္း ေဒသဆိုင္ရာပညာေရးဌာနေျပာေရးဆိုခြင့္ရွိသူ Rea Halique က ေအအက္ဖ္ပီသို႔ ေျပာၾကားခဲ့သည္။

အဆိုပါအမိန႔္သည္ Cotabato၊ South Cotabato၊ Sultan Kudarat ႏွင့္ Cotabato ၿမိဳ႕မ်ား အျပင္ General Santos ႏွင့္ Koronadal ၿမိဳ႕မ်ားရွိေက်ာင္းရာေပါင္းမ်ားစြာအေပၚပါ သက္ေရာက္သြား မည္ျဖစ္သည္။ ကိုတာဘာတိုၿမိဳ႕ သည္ တနလၤာေန႔ ႏွင့္ အဂၤါေန႔တို႔တြင္ အျမင့္ဆုံးအပူအၫႊန္းကိန္း ၄၂ ဒီဂရီစင္တီဂရိတ္အထိ ႀကဳံေတြ႕ခဲ့ရေၾကာင္း ၿမိဳ႕နယ္မိုးေလဝသက ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.