နစကဥက္ကဋ္ဌ နှင့် တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

 974

စော (NP News) - ဧပြီ ၂

နစကဥက္ကဋ္ဌနှင့် တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun တို့သည် ယမန်နေ့ (ဧပြီလ ၁ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်ရေးဆိုင်ရာ ကိစ္စများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်ထွန်းနောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သော ကာလများတွင်လည်း နစကဥက္ကဋ္ဌနှင့် တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်တို့သည် မြန်မာနိုင်ငံ၌ မကြာခဏတွေ့ဆုံဆွေးနွေးမှုများရှိခဲ့ဖူးသည်။

zawgyi version
နစကဥကၠ႒ ႏွင့္ တ႐ုတ္အာရွေရးရာအထူးကိုယ္စားလွယ္တို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြး
ေစာ (NP News) - ဧၿပီ ၂

နစကဥကၠ႒ႏွင့္ တ႐ုတ္အာရွေရးရာအထူးကိုယ္စားလွယ္တို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာအထူးကိုယ္စားလွယ္ H.E. Mr. Deng Xijun တို႔သည္ ယမန္ေန႔ (ဧၿပီလ ၁ရက္)တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၊ ဧည့္ခန္းမ၌ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေတြ႕ဆုံရာတြင္ နယ္စပ္ေဒသႏွင့္ ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ႏိုင္ငံေတာ္မွ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကူညီေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မူးယစ္ေဆးဝါးတားဆီးကာကြယ္ေရး၊ အြန္လိုင္းေလာင္းကစားမႈမ်ားႏွင့္ အြန္လိုင္းလိမ္လည္မႈမ်ား ပေပ်ာက္ေစေရးႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ ကိစၥမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသကုန္သြယ္ေရးဆိုင္ရာ ကိစၥမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ နစကဥကၠ႒ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္ထြန္းေနာင္ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာအထူး ကိုယ္စားလွယ္ႏွင့္အတူ ျမန္မာ ႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ကာလမ်ားတြင္လည္း နစကဥကၠ႒ႏွင့္ တ႐ုတ္အာရွေရးရာ အထူးကိုယ္စားလွယ္တို႔သည္ ျမန္မာႏိုင္ငံ၌ မၾကာခဏေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.