လူမှုကွန်ယက်စာမျက်နှာများတွင် ရောင်းချနေသော Body Art လိမ်းဆေး (၇)မျိုးကို မသုံးစွဲသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အသိပေး

 396

စော (NP News) - ဧပြီ ၂

လူမှုကွန်ယက်စာမျက်နှာများတွင် ရောင်းချနေသော Body Art လိမ်းဆေး (၇)မျိုးကို မသုံးစွဲသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် Facebook ကဲ့သို့ Online Media များတွင် ရောင်းချနေသော တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်များ ရရှိထားခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ၎င်းတိုင်းရင်းဆေးဝါးများသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ အာနိသင်ထိရောက်မှုအတွက် အာမခံချက်မပေးနိုင်ခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ တိုင်းရင်းဆေးဝါး (၇)မျိုးမှာ B1-သွေးတွင်းအဆီကျလိမ်းဆေး၊ B2-လေမဖြတ်ရလိမ်းဆေး၊ B3-ခရေမနွမ်းလိမ်းဆေး၊ B4-ရင်/တင် ချမ်းသာလိမ်းဆေး၊ B5-ကြည်ရှင်းတောက်လိမ်းဆေး၊ B7-သရဖူလိမ်းဆေး၊ B9-သဘာဝလိမ်းဆေးတို့ဖြစ်ပြီး အမှတ်တံဆိပ်မှာ Body Art အမှတ်တံဆိပ်ဖြစ်ကြောင်း သိရသည်။

zawgyi version
လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေရာင္းခ်ေနေသာ Body Art လိမ္းေဆး (၇)မ်ိဳးကို မသုံးစြဲသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန အသိေပး

ေစာ (NP News) - ဧၿပီ ၂

လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေရာင္းခ်ေနေသာ Body Art လိမ္းေဆး (၇)မ်ိဳးကို မသုံးစြဲသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ယေန႔ (ဧၿပီလ ၂ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

က်န္းမာေရးဝန္ႀကီးဌာန၊ တိုင္းရင္းေဆးပညာဦးစီးဌာနအေနျဖင့္ အရည္အေသြး စစ္မွန္ေကာင္းမြန္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းေသာ တိုင္းရင္းေဆးဝါးမ်ားကို အမ်ားျပည္သူတို႔ သုံးစြဲႏိုင္ရန္ စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ Facebook ကဲ့သို႔ Online Media မ်ားတြင္ ေရာင္းခ်ေနေသာ တိုင္းရင္းေဆးဝါးမ်ားသည္ တိုင္းရင္းေဆးပညာဦးစီးဌာနမွ တိုင္းရင္းေဆးဝါးမွတ္ပုံတင္ႏွင့္ တိုင္းရင္းေဆးဝါးထုတ္လုပ္ခြင့္လိုင္စင္မ်ား ရရွိထားျခင္းမရွိေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၎တိုင္းရင္းေဆးဝါးမ်ားသည္ အရည္အေသြးစစ္မွန္ေကာင္းမြန္ၿပီး ေဘးအႏၲရာယ္ကင္းရွင္း၍ အာနိသင္ထိေရာက္မႈအတြက္ အာမခံခ်က္မေပးႏိုင္ျခင္းေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။ အဆိုပါ တိုင္းရင္းေဆးဝါး (၇)မ်ိဳးမွာ B1-ေသြးတြင္းအဆီက်လိမ္းေဆး၊ B2-ေလမျဖတ္ရလိမ္းေဆး၊ B3-ခေရမႏြမ္းလိမ္းေဆး၊ B4-ရင္/တင္ ခ်မ္းသာလိမ္းေဆး၊ B5-ၾကည္ရွင္းေတာက္လိမ္းေဆး၊ B7-သရဖူလိမ္းေဆး၊ B9-သဘာဝလိမ္းေဆးတို႔ျဖစ္ၿပီး အမွတ္တံဆိပ္မွာ Body Art အမွတ္တံဆိပ္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.