အီရန်ဗိုလ်ချုပ်တစ်ဦးထပ်မံသေဆုံးမှုအတွက် အစ္စရေးကိုလက်တုံ့ပြန်မယ်လို့ အီရန်အစိုးရ သတိပေး

 1292

ဂျန်ဇက် (NP News) - ဧပြီ ၂

အီရန် အစိုးရက ၎င်းတို့ရဲ့ဗိုလ်ချုပ်တစ်ဦး ထပ်မံသေဆုံးမှုအတွက် အစ္စရေးနိုင်ငံကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆီးရီးယားနိုင်ငံကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန် စစ်တပ်၏ ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ရီဇာဇာဟီဒီဆိုသူ သေဆုံးခဲ့ကြောင်းသိရပါတယ်။ အစ္စရေးဟာ ဧပြီ ၁ ရက်နေ့က ဆီးရီးယားနိုင်ငံ ဒမ္မစကတ်မြို့ရှီ အီရန်သံတမန်အဆောက်အအုံတွေကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး အီရန်ဗိုလ်ချုပ်နှစ်ဦးအပါအဝင်အနည်းဆုံး ၇ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ရီဇာဇာဟီဒီဟာ အီရန်နိုင်ငံ Quds Force အဖွဲ့ရဲ့အကြီးတန်းတပ်မှူးတစ်ဦးဖြစ်ပြီး ၎င်းရဲ့လက်ထောက်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ရီဟာမီဆိုသူလည်း ကျဆုံးခဲ့ကြောင်းသိရပါတယ်။

အီရန် နဲ့ ဆီးရီးယားတို့ဟာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွက် ဝေဖန်ပြစ်တင်ထားပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက "အီရန်နိုင်ငံဟာ ကျူးကျော်တိုက်ခိုက်သူတွေကိုအပြစ်ပေးသွားမှာဖြစ်ပါတယ်။ သူတို့လုပ်ဆောင်တဲ့ ပုံစံအမျိုးအစားအတိုင်း ပြန်လည်လုပ်ဆောင်သွားမယ်"လို့ပြောပါတယ်။ အစ္စရေးအစိုးရကတော့ ဆီးရီးယးနိုင်ငံရှိ အီရန်သံတမန်အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေအတွက် တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်းသိရပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွက် အမေရိကန်နိုင်ငံမှာတာဝန်ရှိကြောင်းပြောပါတယ်။ ဟားမက်စ်အုပ်စုနဲ့ အစ္စရေးနိုင်ငံကြား ဖြစ်ပွားတဲ့ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းတင်းမာမှုများဖြစ်လာခဲ့ရာ အစ္စရေးက ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေနဲ့ အီရန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ဖူးကြောင်း သိရပါတယ်။

zawgyi version
အီရန္ဗိုလ္ခ်ဳပ္တစ္ဦးထပ္မံေသဆုံးမႈအတြက္ အစၥေရးကိုလက္တုံ႔ျပန္မယ္လို႔ အီရန္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂

အီရန္ အစိုးရက ၎တို႔ရဲ႕ဗိုလ္ခ်ဳပ္တစ္ဦး ထပ္မံေသဆုံးမႈအတြက္ အစၥေရးႏိုင္ငံကို လက္တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

အစၥေရးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဆီးရီးယားႏိုင္ငံကို ေလေၾကာင္းဗုံးႀကဲတိုက္ခိုက္ခဲ့ရာ အီရန္ စစ္တပ္၏ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္သူ ရီဇာဇာဟီဒီဆိုသူ ေသဆုံးခဲ့ေၾကာင္းသိရပါတယ္။ အစၥေရးဟာ ဧၿပီ ၁ ရက္ေန႔က ဆီးရီးယားႏိုင္ငံ ဒမၼစကတ္ၿမိဳ႕ရွီ အီရန္သံတမန္အေဆာက္အအုံေတြကို ေလေၾကာင္းကတိုက္ခိုက္ခဲ့ၿပီး အီရန္ဗိုလ္ခ်ဳပ္ႏွစ္ဦးအပါအဝင္အနည္းဆုံး ၇ ဦးေသဆုံးခဲ့ေၾကာင္းသိရပါတယ္။ ရီဇာဇာဟီဒီဟာ အီရန္ႏိုင္ငံ Quds Force အဖြဲ႕ရဲ႕အႀကီးတန္းတပ္မႉးတစ္ဦးျဖစ္ၿပီး ၎ရဲ႕လက္ေထာက္တစ္ဦးျဖစ္တဲ့ ဗိုလ္မႉးခ်ဳပ္ ရီဟာမီဆိုသူလည္း က်ဆုံးခဲ့ေၾကာင္းသိရပါတယ္။

အီရန္ နဲ႔ ဆီးရီးယားတို႔ဟာ အစၥေရးရဲ႕တိုက္ခိုက္မႈေတြအတြက္ ေဝဖန္ျပစ္တင္ထားပါတယ္။အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "အီရန္ႏိုင္ငံဟာ က်ဴးေက်ာ္တိုက္ခိုက္သူေတြကိုအျပစ္ေပးသြားမွာျဖစ္ပါတယ္။ သူတို႔လုပ္ေဆာင္တဲ့ ပုံစံအမ်ိဳးအစားအတိုင္း ျပန္လည္လုပ္ေဆာင္သြားမယ္"လို႔ေျပာပါတယ္။ အစၥေရးအစိုးရကေတာ့ ဆီးရီးယးႏိုင္ငံရွိ အီရန္သံတမန္အေဆာက္အအုံေတြကို တိုက္ခိုက္မႈေတြအတြက္ တစ္စုံတရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိေသးေၾကာင္းသိရပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက အစၥေရးရဲ႕တိုက္ခိုက္မႈေတြအတြက္ အေမရိကန္ႏိုင္ငံမွာတာဝန္ရွိေၾကာင္းေျပာပါတယ္။ ဟားမက္စ္အုပ္စုနဲ႔ အစၥေရးႏိုင္ငံၾကား ျဖစ္ပြားတဲ့ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေရွ႕အလယ္ပိုင္းေဒသအတြင္းတင္းမာမႈမ်ားျဖစ္လာခဲ့ရာ အစၥေရးက ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အီရန္တပ္ဖြဲ႕ေတြကို တိုက္ခိုက္ခဲ့ဖူးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.