ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားဖို့ တရားရုံးချုပ်အမိန့်ပေး

 419

ဂျန်ဇက် (NP News) - ဧပြီ ၂

ပါကစ္စတန်တရားရုံးဟာ ဝန်ကြီးချုပ်ဟောင်း အီရန်ခန်းအပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ် ပြစ်ဒဏ်အယူခံဝင်မှုကိုလက်ခံလိုက်ပြီး ထောင်ဒဏ် ၁၄ နှစ်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။

အီရန်ခန်းဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံပိုင်ပစ္စည်းကို ရောင်းချခဲ့ပြီး အကျင့်ပျက်လာဘ်စားမှုတွေရှိတယ်လို့ စွပ်စွဲခံရကာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ အီရန်ခန်းနဲ့ ဇနီးဖြစ်သူတို့ဟာ ရွေးကောက်ပွဲကျင်းပခါနီး တစ်ပတ်အလိုဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ထောင်ဒဏ် ၁၄နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အီရန်ခန်းရဲ့ရှေ့နေဖြစ်သူက ပါကစ္စတန်တရားရုံးချုပ်ဟာ အီရန်ခန်းကို ချမှတ်ထားတဲ့အကျင့်ပျက်လာဘ်စားမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကို အယူခံအမှု ဆုံးဖြတ်ပြီးချိန်အထိ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ပြောပါတယ်။

၎င်းက "အီရန်ခန်းဟာ အကျင့်ပျက်လာဘ်စားတယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေမျိုးမရှိဘူး၊ ဒါကြောင့် တရားရုံးချုပ်ဟာ အမှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တယ်။အယူခံတင်သွင်းပြီးတရားရုံးချုပ်မှာ ပထမဆုံး ကြားနာချိန်အတွင်းဆိုင်းငံ့ခဲ့တာဖြစ်တယ်။"လို့ ပြောပါတယ်။ အီရန်ခန်းနဲ့ ဇနီးဖြစ်သူတို့ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံပိုင်ပစ္စည်းကို ရူပီး သန်း ၁၄၀ နဲ့ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်းသိရပါတယ်။ အီရန်ခန်းအပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအနက် အကျင့်ပျက်လာဘ်စားမှုနဲ့ပတ်သက်တဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားပေမယ့် အခြားစွဲချက်တွေနဲ့ပြစ်ဒဏ်တွေအတွက် အီရန်ခန်းဟာ အကျဉ်းထောင်မှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ အီရန်ခန်းဟာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ၂၀၁၈ခုနှစ်ကနေ ၂၀၂၂ခုနှစ်အထိ တာဝန်ယူခဲ့ပြီး လွှတ်တော်အတွင်းအယုံကြည်မရှိအဆိုတင်သွင်းခံရကာရာထူးကဖြုတ်ချခံခဲ့ရကြောင်းသိရပါတယ်။

zawgyi version
ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္းအေပၚခ်မွတ္ထားတဲ့ ျပစ္ဒဏ္ကို ဆိုင္းငံ့ထားဖို႔ တရား႐ုံးခ်ဳပ္အမိန႔္ေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂

ပါကစၥတန္တရား႐ုံးဟာ ဝန္ႀကီးခ်ဳပ္ေဟာင္း အီရန္ခန္းအေပၚခ်မွတ္ထားတဲ့ ေထာင္ဒဏ္ ျပစ္ဒဏ္အယူခံဝင္မႈကိုလက္ခံလိုက္ၿပီး ေထာင္ဒဏ္ ၁၄ ႏွစ္ကို ဆိုင္းငံ့ဖို႔ ဆုံးျဖတ္လိုက္ေၾကာင္းသိရပါတယ္။

အီရန္ခန္းဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံပိုင္ပစၥည္းကို ေရာင္းခ်ခဲ့ၿပီး အက်င့္ပ်က္လာဘ္စားမႈေတြရွိတယ္လို႔ စြပ္စြဲခံရကာ ေထာင္ဒဏ္ခ်မွတ္ခံထားရပါတယ္။ အီရန္ခန္းနဲ႔ ဇနီးျဖစ္သူတို႔ဟာ ေ႐ြးေကာက္ပြဲက်င္းပခါနီး တစ္ပတ္အလိုျဖစ္တဲ့ ဇန္နဝါရီ ၃၁ ရက္မွာ ေထာင္ဒဏ္ ၁၄ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ အီရန္ခန္းရဲ႕ေရွ႕ေနျဖစ္သူက ပါကစၥတန္တရား႐ုံးခ်ဳပ္ဟာ အီရန္ခန္းကို ခ်မွတ္ထားတဲ့အက်င့္ပ်က္လာဘ္စားမႈနဲ႔ပတ္သက္ၿပီး ျပစ္ဒဏ္ကို အယူခံအမႈ ဆုံးျဖတ္ၿပီးခ်ိန္အထိ ဆိုင္းငံ့ထားဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ေျပာပါတယ္။

၎က "အီရန္ခန္းဟာ အက်င့္ပ်က္လာဘ္စားတယ္ဆိုတဲ့ ခိုင္မာတဲ့သက္ေသမ်ိဳးမရွိဘူး၊ ဒါေၾကာင့္ တရား႐ုံးခ်ဳပ္ဟာ အမႈကို ဆိုင္းငံ့ထားဖို႔ ဆုံးျဖတ္ခဲ့တယ္။အယူခံတင္သြင္းၿပီးတရား႐ုံးခ်ဳပ္မွာ ပထမဆုံး ၾကားနာခ်ိန္အတြင္းဆိုင္းငံ့ခဲ့တာျဖစ္တယ္။"လို႔ ေျပာပါတယ္။ အီရန္ခန္းနဲ႔ ဇနီးျဖစ္သူတို႔ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံပိုင္ပစၥည္းကို ႐ူပီး သန္း ၁၄၀ နဲ႔ေရာင္းစားခဲ့တယ္လို႔ စြပ္စြဲခံထားရေၾကာင္းသိရပါတယ္။ အီရန္ခန္းအေပၚခ်မွတ္ထားတဲ့ ျပစ္ဒဏ္ေတြအနက္ အက်င့္ပ်က္လာဘ္စားမႈနဲ႔ပတ္သက္တဲ့ ျပစ္ဒဏ္ကို ဆိုင္းငံ့ထားေပမယ့္ အျခားစြဲခ်က္ေတြနဲ႔ျပစ္ဒဏ္ေတြအတြက္ အီရန္ခန္းဟာ အက်ဥ္းေထာင္မွာ ဆက္ရွိေနမွာျဖစ္ပါတယ္။ အီရန္ခန္းဟာ ပါကစၥတန္ဝန္ႀကီးခ်ဳပ္အျဖစ္ ၂၀၁၈ခုႏွစ္ကေန ၂၀၂၂ခုႏွစ္အထိ တာဝန္ယူခဲ့ၿပီး လႊတ္ေတာ္အတြင္းအယုံၾကည္မရွိအဆိုတင္သြင္းခံရကာရာထူးကျဖဳတ္ခ်ခံခဲ့ရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.