မိုးဇလ၏ တိုင်းထွာချက်များအရ မြန်မာနိုင်ငံတစ်ဝှမ်း အပူလှိုင်းဖြတ်နိုင်သည့်အ‌ခြေအနေမရှိဟုဆို

 7025

ယွန်း (NP News) - ဧပြီ ၂

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ မြန်မာနိုင်ငံတစ်ဝှမ်း အပူလှိုင်းဖြတ်နိုင်သည့် အခြေအနေမရှိကြောင်း သိရသည်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံနေသည့် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ အပူလှိုင်းဖြတ်သန်းနိုင်သည်ဆိုသည့်သတင်းအရ ပြည်သူလူထုအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

ယခုဧပြီလတွင် နေ့အပူချိန်မြင့်တက်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် အပူချိန်စံချိန်သစ်တင်မြင့်တက်နိုင်သည့် ဒေသများရှိနိုင်သော်လည်း အပူလှိုင်းဖြတ်မည့်အခြေအနေမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“သူတို့ကတော့ ဘယ်လိုသတ်မှတ်ပြီးတော့ အပူလှိုင်းလို့ပြောတာလဲတော့မသိဘူး။ ကျွန်တော်တို့ရဲ့ အပူလှိုင်းသတ်မှတ်ချက်ရှိတယ်။ ဒေသတစ်ခု ဥပမာ ရန်ကုန်(ကမ္ဘာအေး) မှာဆို မိုးလေဝသတိုင်းတဲ့စခန်းရှိတယ်။ သူရဲ့ဧပြီလတိုင်းထွာချက် နှစ်ပေါင်း(၃၀)ရှိတဲ့ ဒေတာတွေကို ပျမ်းမျှယူလိုက်ရင်ထွက်လာတဲ့ တန်ဖိုးက အဲဒီဒေသရဲ့ ဖြစ်မြဲအပူချိန်လို့သတ်မှတ်တယ်။ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီ၊ ၆ ဒီဂရီဆိုရင်တော့ အပူလှိုင်းလို့ပြောလို့ရတာပေါ့။ ၅ ဒီဂရီ၊ ၆ ဒီဂရီ ပူရင်တောင် တစ်ရက်ထဲပူလို့မရဘူး။ (၃)(၄)ရက်ဆက်တိုက်ပူမှ အပူလှိုင်းဖြတ်တယ်လို့ပြောလို့ရတာ။ အခုကတော့ ပူတဲ့အချိန်လည်းရောက်လာလို့ ပူတာပါ။ ပူတာတော့ပူမယ်။ ဘယ်လောက်ထိပူမှာလဲဆိုတော့ ပျမ်းမျှအပူချိန်ထက်တော့ ၂ ဒီဂရီ၊ ၃ ဒီဂရီလောက်တော့ ပူနေတာရှိတယ်။ ဒီကာလမှာ ပုံမှန်ဖြစ်နေတဲ့ အနေအထားပါပဲ” ဟု မိုးဇလညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်နိုင်ကြောင်း မိုးဇလမှ ပြီးခဲ့သည့်လတွင် အသိပေးပြောကြားထားသည်။ ထို့ပြင် အယ်လ်နီညိုဖြစ်စဥ်ကြောင့်လည်း အပူချိန်မြင့်တက်နိုင်ပြီး အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင် များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

zawgyi version
မိုးဇလ၏ တိုင္းထြာခ်က္မ်ားအရ ျမန္မာႏိုင္ငံတစ္ဝွမ္း အပူလႈိင္းျဖတ္ႏိုင္သည့္အ‌ေျခအေနမရွိဟုဆို
ယြန္း (NP News) - ဧၿပီ ၂

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ တိုင္းထြာခ်က္မ်ားအရ ျမန္မာႏိုင္ငံတစ္ဝွမ္း အပူလႈိင္းျဖတ္ႏိုင္သည့္ အေျခအေနမရွိေၾကာင္း သိရသည္။

လတ္တေလာ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံေနသည့္ လာမည့္ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံ၌ အပူလႈိင္းျဖတ္သန္းႏိုင္သည္ဆိုသည့္သတင္းအရ ျပည္သူလူထုအေနျဖင့္ စိုးရိမ္မႈမ်ားရွိေနေၾကာင္း သိရသည္။

ယခုဧၿပီလတြင္ ေန႔အပူခ်ိန္ျမင့္တက္မႈေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အမ်ားအျပားတြင္ အပူခ်ိန္စံခ်ိန္သစ္တင္ျမင့္တက္ႏိုင္သည့္ ေဒသမ်ားရွိႏိုင္ေသာ္လည္း အပူလႈိင္းျဖတ္မည့္အေျခအေနမရွိေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာသည္။

“သူတို႔ကေတာ့ ဘယ္လိုသတ္မွတ္ၿပီးေတာ့ အပူလႈိင္းလို႔ေျပာတာလဲေတာ့မသိဘူး။ ကြၽန္ေတာ္တို႔ရဲ႕ အပူလႈိင္းသတ္မွတ္ခ်က္ရွိတယ္။ ေဒသတစ္ခု ဥပမာ ရန္ကုန္(ကမာၻေအး) မွာဆို မိုးေလဝသတိုင္းတဲ့စခန္းရွိတယ္။ သူရဲ႕ဧၿပီလတိုင္းထြာခ်က္ ႏွစ္ေပါင္း(၃၀)ရွိတဲ့ ေဒတာေတြကို ပ်မ္းမွ်ယူလိုက္ရင္ထြက္လာတဲ့ တန္ဖိုးက အဲဒီေဒသရဲ႕ ျဖစ္ၿမဲအပူခ်ိန္လို႔သတ္မွတ္တယ္။ ပ်မ္းမွ်အပူခ်ိန္ထက္ ၅ ဒီဂရီ၊ ၆ ဒီဂရီဆိုရင္ေတာ့ အပူလႈိင္းလို႔ေျပာလို႔ရတာေပါ့။ ၅ ဒီဂရီ၊ ၆ ဒီဂရီ ပူရင္ေတာင္ တစ္ရက္ထဲပူလို႔မရဘူး။ (၃)(၄)ရက္ဆက္တိုက္ပူမွ အပူလႈိင္းျဖတ္တယ္လို႔ေျပာလို႔ရတာ။ အခုကေတာ့ ပူတဲ့အခ်ိန္လည္းေရာက္လာလို႔ ပူတာပါ။ ပူတာေတာ့ပူမယ္။ ဘယ္ေလာက္ထိပူမွာလဲဆိုေတာ့ ပ်မ္းမွ်အပူခ်ိန္ထက္ေတာ့ ၂ ဒီဂရီ၊ ၃ ဒီဂရီေလာက္ေတာ့ ပူေနတာရွိတယ္။ ဒီကာလမွာ ပုံမွန္ျဖစ္ေနတဲ့ အေနအထားပါပဲ” ဟု မိုးဇလၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။

ျမန္မာႏိုင္ငံအရပ္ရပ္တြင္ ေႏြကာလျဖစ္သည့္ မတ္လ၊ ဧၿပီလႏွင့္ ေမလမ်ားအတြင္း ေန႔အပူခ်ိန္မ်ား တျဖည္းျဖည္းျမင့္တက္ႏိုင္ေၾကာင္း မိုးဇလမွ ၿပီးခဲ့သည့္လတြင္ အသိေပးေျပာၾကားထားသည္။ ထို႔ျပင္ အယ္လ္နီညိဳျဖစ္စဥ္ေၾကာင့္လည္း အပူခ်ိန္ျမင့္တက္ႏိုင္ၿပီး အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္း၍ မြန္းလြဲပိုင္းႏွင့္ ညေနပိုင္းတို႔တြင္ မိုးတိမ္ေတာင္ မ်ား ျဖစ္ေပၚႏိုင္ၿပီး အဆိုပါမိုးတိမ္ေတာင္မ်ား ေ႐ြ႕လ်ားရာ ေနရာတစ္ေလွ်ာက္တြင္ ေလျပင္းတိုက္ျခင္း၊ ေလျပင္းႏွင့္အတူ မိုးထစ္ခ်ဳန္း႐ြာျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.