ဆောင်းဟာယွန်းဟာ ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် ကျောင်းပြောင်းခဲ့ရတယ်ဆိုတဲ့ ကောလဟာလ မဟုတ်မှန်ကြောင်း သူမရဲ့အေဂျင်စီက ငြင်းဆို

 688

ရောင်နီ (NP News) – ဧပြီ ၃

"Marry My Husband" ဒရာမာမှာ ဗီလိန်နေရာမှ ပါဝင်ပြီး နာမည်ကြီးလာခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး ဆောင်းဟာယွန်းဟာ လွန်ခဲ့တဲ့အနှစ် ၂၀၊ သူမငယ်ငယ်က ကျောင်းတွင်း အနိုင်ကျင့်မှုဖြစ်ရပ်တစ်ခုကြောင့် အတင်းအကြပ် ကျောင်းပြောင်းခဲ့ရတယ်ဆိုတဲ့သတင်းတွေ ထွက်ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆောင်းဟာယွန်းရဲ့အေဂျင်စီ King Kong by Starship က "သူမဟာ ကျောင်း အကြမ်းဖက်မှုနဲ့ဆက်နွယ်ပြီး Banpo အထက်တန်းကျောင်းမှ အတင်းအကျပ်ပြောင်းရွှေ့ခံခဲ့ရတာ အမှန်ပါပဲ။ ဒါပေမယ့် သူမက အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူ မဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ဒါအပြင် "အေဂျင်စီအနေနဲ့ အဆိုပါကိစ္စရဲ့ ကနဦးအစီရင်ခံစာကို လက်ခံရရှိပြီးနောက် အမှန်တရားကို အတည်ပြုဖို့ အတွက် သတင်းပေးသူကို ဖုန်းဆက်ခဲ့ကြောင်း၊ အဲဒီနောက်၊ အမှန်တရားကို အတိအကျ အတည်ပြုဖို့အတွက် စာတိုအက်ပ်တစ်ခုမှ တစ်ဆင့် တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် သတင်းပေးသူဘက်မှ ငြင်းဆိုခဲ့ကြောင်း၊ ဖုန်းပြောခွင့် တောင်းဆိုခဲ့ပေမယ့်လည်း တုံ့ပြန်မှုမရှိခဲ့ကြောင်း၊ ဒါကြောင့် သတင်းပေးတိုင်ကြားချက်များနဲ့ပတ်သက်ပြီး စစ်ဆေးရာမှာ အချက်အလက်အားလုံးသည် မမှန်ပဲ၊ သတင်းပေးသူဟာ သူမအတွက် လုံးဝ သူစိမ်းဖြစ်နေခဲ့ ကြောင်း၊ လက်ရှိ သတင်းပေးသူရဲ့တစ်ဖက်သတ်ပြောဆိုချက်တွေဟာ အမုန်းတရား ပျံ့နှံ့စေဖို့ ရည်ရွယ်တာကြောင့် သတိထားဖို့ တိုက်တွန်းလိုက်ကြောင်း" လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆောင်းဟာယွန်းဟာ မကြာသေးခင်က "Marry my husband" ဒရာမာမှာ ဗီလိန်နေရာက ပါဝင်ခဲ့ပြီး နာမည်ကြီးလာသူဖြစ်ပါတယ်။

Zawgyi Version;
ေဆာင္းဟာယြန္းဟာ ေက်ာင္းတြင္းအႏိုင္က်င့္မႈေၾကာင့္ ေက်ာင္းေျပာင္းခဲ့ရတယ္ဆိုတဲ့ ေကာလဟာလ မဟုတ္မွန္ေၾကာင္း သူမရဲ႕ေအဂ်င္စီက ျငင္းဆို
ေရာင္နီ (NP News) – ဧၿပီ ၃

"Marry My Husband" ဒရာမာမွာ ဗီလိန္ေနရာမွ ပါဝင္ၿပီး နာမည္ႀကီးလာခဲ့တဲ့ ေတာင္ကိုရီးယားမင္းသမီး ေဆာင္းဟာယြန္းဟာ လြန္ခဲ့တဲ့အႏွစ္ ၂၀၊ သူမငယ္ငယ္က ေက်ာင္းတြင္း အႏိုင္က်င့္မႈျဖစ္ရပ္တစ္ခုေၾကာင့္ အတင္းအၾကပ္ ေက်ာင္းေျပာင္းခဲ့ရတယ္ဆိုတဲ့သတင္းေတြ ထြက္ရွိေနပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး ေဆာင္းဟာယြန္းရဲ႕ေအဂ်င္စီ King Kong by Starship က "သူမဟာ ေက်ာင္း အၾကမ္းဖက္မႈနဲ႔ဆက္ႏြယ္ၿပီး Banpo အထက္တန္းေက်ာင္းမွ အတင္းအက်ပ္ေျပာင္းေ႐ႊ႕ခံခဲ့ရတာ အမွန္ပါပဲ။ ဒါေပမယ့္ သူမက အၾကမ္းဖက္မႈမွာ ပါဝင္ခဲ့သူ မဟုတ္ပါဘူး" လို႔ေျပာၾကားခဲ့ပါတယ္။

ဒါအျပင္ "ေအဂ်င္စီအေနနဲ႔ အဆိုပါကိစၥရဲ႕ ကနဦးအစီရင္ခံစာကို လက္ခံရရွိၿပီးေနာက္ အမွန္တရားကို အတည္ျပဳဖို႔ အတြက္ သတင္းေပးသူကို ဖုန္းဆက္ခဲ့ေၾကာင္း၊ အဲဒီေနာက္၊ အမွန္တရားကို အတိအက် အတည္ျပဳဖို႔အတြက္ စာတိုအက္ပ္တစ္ခုမွ တစ္ဆင့္ ေတြ႕ဆုံဖို႔ ေတာင္းဆိုခဲ့ေပမယ့္ သတင္းေပးသူဘက္မွ ျငင္းဆိုခဲ့ေၾကာင္း၊ ဖုန္းေျပာခြင့္ ေတာင္းဆိုခဲ့ေပမယ့္လည္း တုံ႔ျပန္မႈမရွိခဲ့ေၾကာင္း၊ ဒါေၾကာင့္ သတင္းေပးတိုင္ၾကားခ်က္မ်ားနဲ႔ပတ္သက္ၿပီး စစ္ေဆးရာမွာ အခ်က္အလက္အားလုံးသည္ မမွန္ပဲ၊ သတင္းေပးသူဟာ သူမအတြက္ လုံးဝ သူစိမ္းျဖစ္ေနခဲ့ ေၾကာင္း၊ လက္ရွိ သတင္းေပးသူရဲ႕တစ္ဖက္သတ္ေျပာဆိုခ်က္ေတြဟာ အမုန္းတရား ပ်ံ႕ႏွံ႔ေစဖို႔ ရည္႐ြယ္တာေၾကာင့္ သတိထားဖို႔ တိုက္တြန္းလိုက္ေၾကာင္း" လို႔ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ေဆာင္းဟာယြန္းဟာ မၾကာေသးခင္က "Marry my husband" ဒရာမာမွာ ဗီလိန္ေနရာက ပါဝင္ခဲ့ၿပီး နာမည္ႀကီးလာသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.