အမေရိကန်နိုင်ငံ၊ တက္ကဆက်မှာ လူတစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရ

 187

ရောင်နီ (NP News) – ဧပြီ ၃

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ နို့စားနွားတွေနဲ့ ထိတွေ့ခြင်းကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက် ခံထားရသူ တွေ့ရှိလာရတယ်လို့ ဧပြီ ၁ ရက်က သတင်းအရ သိရပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် လက်ရှိကမ္ဘာ့တစ်ဝှမ်းမှာ ဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု တွေ တိုးပွားလာနေတယ်လို့ သိရပါတယ်။ ၎င်းဟာ နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိတဲ့ ဒုတိယ မြောက်လူနာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က တက္ကဆက်၊ ကန်ဆက် နဲ့ အခြားပြည်နယ်များရှိ တောရိုင်း ငှက်တွေနဲ့ ထိတွေ့ခဲ့မှုရှိတဲ့ တိရစ္ဆာန်တွေ ကြက်ငှက်တူပ်ကွေး ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရပြီဆိုရင် လက္ခဏာအဖြစ် မျက်လုံးနီခြင်း၊ မျက်လုံးရောင်ခြင်းများ ရှိလာနိုင် တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) မှ ပြောကြားပါတယ်။ အဆိုပါဗိုင်းရပ်စ်ကြောင့် ကြက်ငှက်သန်းပေါင်းများစွာ သေဆုံးခဲ့ပြီး တောငှက်များအပြင် ကုန်းနဲ့ အဏ္ဏဝါနို့တိုက်သတ္တဝါတွေမှာပါ ကူးစက် ခံရမှုတွေ တွေ့ရှိခဲ့ရပါတယ်။ အခုဖြစ်ရပ်အတွက် နွားတွေမှာ ကူးစက်မှု အစုလိုက်အပြုံလိုက် ဆက်တိုက်တွေ့နိုင် တာကြောင့် နွားတွေကို စောင့်ကြည့်ဖို့ လိုအပ်ပြီး လူသားတွေအတွက်ကတော့ ကြီးကြီးမားမား စိုးရိမ်စရာ မရှိဘူးလို့ CDC က ဆိုပါတယ်။

"ကနဦးစမ်းသပ်မှုမှာ လူကို ကူးစက်နိုင်စေမယ့် ဗိုင်းရပ်စ်ပြောင်းလဲမှုတွေကိုတော့ မတွေ့ခဲ့ရပါဘူး” လို့ အမေရိကန် စိုက်ပျိုးရေးဌာန၊ CDC နဲ့ အစားအသောက် ဆေးဝါးကွပ်ကဲရေးဌာနတို့က ပြီးခဲ့တဲ့သီတင်းပတ်က ပူးတွဲထုတ်ပြန် ချက်မှာ ပြောကြားခဲ့ပါတယ်။

မတ်လအစောပိုင်းကလည်း အမေရိကန်နိုင်ငံ၊ မင်နီဆိုတား ပြည်နယ်မှာ ဆိတ်တွေကြား အစုလိုက်အပြုံလိုက် ကြက်ငှက်တုပ်ကွေးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ တကၠဆက္မွာ လူတစ္ဦး ၾကက္ငွက္တုပ္ေကြးေရာဂါ ကူးစက္ခံထားရ
ေရာင္နီ (NP News) – ဧၿပီ ၃

အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္မွာ ႏို႔စားႏြားေတြနဲ႔ ထိေတြ႕ျခင္းေၾကာင့္ ၾကက္ငွက္တုပ္ေကြးေရာဂါ ကူးစက္ ခံထားရသူ ေတြ႕ရွိလာရတယ္လို႔ ဧၿပီ ၁ ရက္က သတင္းအရ သိရပါတယ္။

အဆိုပါျဖစ္ရပ္ေၾကာင့္ လက္ရွိကမာၻ႔တစ္ဝွမ္းမွာ ဗိုင္းရပ္စ္မ်ိဳးစိတ္သစ္ ကူးစက္ပ်ံ႕ႏွံ႔မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈ ေတြ တိုးပြားလာေနတယ္လို႔ သိရပါတယ္။ ၎ဟာ ႏိုင္ငံအတြင္း ၾကက္ငွက္တုပ္ေကြးေရာဂါပိုးေတြ႕ရွိတဲ့ ဒုတိယ ေျမာက္လူနာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္က တကၠဆက္၊ ကန္ဆက္ နဲ႔ အျခားျပည္နယ္မ်ားရွိ ေတာ႐ိုင္း ငွက္ေတြနဲ႔ ထိေတြ႕ခဲ့မႈရွိတဲ့ တိရစာၦန္ေတြ ၾကက္ငွက္တူပ္ေကြး ဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ သိရပါတယ္။

ၾကက္ငွက္တုပ္ေကြးေရာဂါ ကူးစက္ခံရၿပီဆိုရင္ လကၡဏာအျဖစ္ မ်က္လုံးနီျခင္း၊ မ်က္လုံးေရာင္ျခင္းမ်ား ရွိလာႏိုင္ တယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာ (CDC) မွ ေျပာၾကားပါတယ္။ အဆိုပါဗိုင္းရပ္စ္ေၾကာင့္ ၾကက္ငွက္သန္းေပါင္းမ်ားစြာ ေသဆုံးခဲ့ၿပီး ေတာငွက္မ်ားအျပင္ ကုန္းနဲ႔ အဏၰဝါႏို႔တိုက္သတၱဝါေတြမွာပါ ကူးစက္ ခံရမႈေတြ ေတြ႕ရွိခဲ့ရပါတယ္။ အခုျဖစ္ရပ္အတြက္ ႏြားေတြမွာ ကူးစက္မႈ အစုလိုက္အၿပဳံလိုက္ ဆက္တိုက္ေတြ႕ႏိုင္ တာေၾကာင့္ ႏြားေတြကို ေစာင့္ၾကည့္ဖို႔ လိုအပ္ၿပီး လူသားေတြအတြက္ကေတာ့ ႀကီးႀကီးမားမား စိုးရိမ္စရာ မရွိဘူးလို႔ CDC က ဆိုပါတယ္။

"ကနဦးစမ္းသပ္မႈမွာ လူကို ကူးစက္ႏိုင္ေစမယ့္ ဗိုင္းရပ္စ္ေျပာင္းလဲမႈေတြကိုေတာ့ မေတြ႕ခဲ့ရပါဘူး” လို႔ အေမရိကန္ စိုက္ပ်ိဳးေရးဌာန၊ CDC နဲ႔ အစားအေသာက္ ေဆးဝါးကြပ္ကဲေရးဌာနတို႔က ၿပီးခဲ့တဲ့သီတင္းပတ္က ပူးတြဲထုတ္ျပန္ ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

မတ္လအေစာပိုင္းကလည္း အေမရိကန္ႏိုင္ငံ၊ မင္နီဆိုတား ျပည္နယ္မွာ ဆိတ္ေတြၾကား အစုလိုက္အၿပဳံလိုက္ ၾကက္ငွက္တုပ္ေကြးျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.