မြင့်မားသော အပူချိန်ကြောင့် ဖိလစ်ပိုင်နိုင်ငံရှိကျောင်း ရာချီတွင် စာသင်ချိန်များရပ်ဆိုင်း

 627

Pika (NP News) - ဧပြီ ၃

ဖိလစ်ပိုင်နိုင်ငံတွင် အန္တရာယ်ရှိသော မြင့်မားသောအပူချိန်ကြောင့် ဧပြီလ(၂)ရက်နေ့တွင် မနီလာမြို့ရှိ ဒါဇင်နှင့်ချီသောကျောင်းများအပါအဝင် နိုင်ငံတွင်းရှိ ရာနှင့်ချီသောကျောင်းများတွင် လူကိုယ်တိုင်သင်ကြားပို့ချသည့်အတန်းများကို ရပ်ဆိုင်းလိုက်ကြောင်း ပညာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မနီလာမြို့ရှိ အပူချိန်သည် ဧပြီလ(၂)ရက်နေ့တွင် (၄၂)ဒီဂရီဆဲလ်စီးယက်စ်ထိရောက်ရှိနိုင်ပြီး ဧပြီလ(၃)ရက်နေ့တွင် အပူချိန်မှာ (၄၃)ဒီဂရီဆဲလ်စီးယက်စ်ထိရောက်ရှိနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတွင်းရှိ အခြားနေရာ (၁) ဒါဇင်ခန့်တွင်လည်း အပူချိန်မှာ (၄၂-၄၃)ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။ Quezon မြို့ရှိ မူလတန်းနှင့်အလယ်တန်းကျောင်းများကို ပိတ်ပစ်ရန်အမိန့်ပေးထားသော်လည်း အခြားနေရာများရှိကျောင်းများကို အွန်လိုင်းမှသင်ကြားရေးသို့ပြောင်းရန် ဒေသတွင်းအရာရှိများက ရွေးချယ်ခွင့်ပေးထားကြောင်းသိရသည်။

မနီလာမြို့ရှိ ကျောင်းအချို့တွင် တစ်နေ့လုံး၏အပူဆုံးအချိန်ကို ရှောင်ရှားရန်အတွက် အတန်းချိန်များကို လျှော့ချထားကြောင်းသိရသည်။ အပူညွှန်းကိန်း (၄၂)ဒီဂရီဆဲလ်စီးယက်စ်မှ (၅၁)ဒီဂရီဆဲလ်စီးယက်စ်အတွင်း အပူရှိန်များကြောင့် ကြွက်တက်ခြင်းနှင့် ပင်ပန်းနွမ်း နယ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးက အကြံပေးပြောဆိုထားသည်။ အပူချိန်(၃၃)ဒီဂရီဆဲလ်စီးယက်စ်နှင့် (၄၁)ဒီဂရီဆဲလ်စီးယက်စ်တို့တွင်လည်း ကြွက်တက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို ဖြစ်စေနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးက ပြောဆိုခဲ့သည်။

Mindanao ကျွန်း၏ ဒေသအများအပြားရှိ ဒေသဆိုင်ရာအရာရှိများသည် သီတင်း ပတ်(၂)ပတ်ကျော်အထိ လူကိုယ်တိုင်သင်ကြားပို့ချသည့် အတန်းများကို ရပ်ဆိုင်းခြင်း သို့မဟုတ် အတန်းချိန်များကို လျှော့ချခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာပညာရေးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Rea Halique ကပြောကြားခဲ့သည်။ အဆိုပါအမိန့်သည် Cotabato ပြည်နယ်၊ South Cotabato ပြည်နယ်၊ Sultan Kudarat ပြည်နယ်တို့အပြင် Cotabato၊ General Santos နှင့် Koronadal မြို့တို့ရှိ ရာနှင့်ချီသောကျောင်းများအပေါ် သက်ရောက်ကြောင်း Rea Halique ကပြောကြားခဲ့သည်။ Cotabato မြို့၏ အပူချိန်သည် ဧပြီလ(၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် အပူချိန်(၄၂)ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးကပြောကြားခဲ့သည်။

zawgyi version
ျမင့္မားေသာ အပူခ်ိန္ေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံရွိေက်ာင္း ရာခ်ီတြင္ စာသင္ခ်ိန္မ်ားရပ္ဆိုင္း
Pika (NP News) - ဧၿပီ ၃

ဖိလစ္ပိုင္ႏိုင္ငံတြင္ အႏၲရာယ္ရွိေသာ ျမင့္မားေသာအပူခ်ိန္ေၾကာင့္ ဧၿပီလ(၂)ရက္ေန႔တြင္ မနီလာၿမိဳ႕ရွိ ဒါဇင္ႏွင့္ခ်ီေသာေက်ာင္းမ်ားအပါအဝင္ ႏိုင္ငံတြင္းရွိ ရာႏွင့္ခ်ီေသာေက်ာင္းမ်ားတြင္ လူကိုယ္တိုင္သင္ၾကားပို႔ခ်သည့္အတန္းမ်ားကို ရပ္ဆိုင္းလိုက္ေၾကာင္း ပညာေရးတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

မနီလာၿမိဳ႕ရွိ အပူခ်ိန္သည္ ဧၿပီလ(၂)ရက္ေန႔တြင္ (၄၂)ဒီဂရီဆဲလ္စီးယက္စ္ထိေရာက္ရွိႏိုင္ၿပီး ဧၿပီလ(၃)ရက္ေန႔တြင္ အပူခ်ိန္မွာ (၄၃)ဒီဂရီဆဲလ္စီးယက္စ္ထိေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသခန႔္မွန္းသူတစ္ဦးက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ႏိုင္ငံတြင္းရွိ အျခားေနရာ (၁) ဒါဇင္ခန႔္တြင္လည္း အပူခ်ိန္မွာ (၄၂-၄၃)ဒီဂရီဆဲလ္စီးယက္စ္အထိ ေရာက္ရွိႏိုင္ေၾကာင္း ခန႔္မွန္းထားၾကသည္။ Quezon ၿမိဳ႕ရွိ မူလတန္းႏွင့္အလယ္တန္းေက်ာင္းမ်ားကို ပိတ္ပစ္ရန္အမိန႔္ေပးထားေသာ္လည္း အျခားေနရာမ်ားရွိေက်ာင္းမ်ားကို အြန္လိုင္းမွသင္ၾကားေရးသို႔ေျပာင္းရန္ ေဒသတြင္းအရာရွိမ်ားက ေ႐ြးခ်ယ္ခြင့္ေပးထားေၾကာင္းသိရသည္။

မနီလာၿမိဳ႕ရွိ ေက်ာင္းအခ်ိဳ႕တြင္ တစ္ေန႔လုံး၏အပူဆုံးအခ်ိန္ကို ေရွာင္ရွားရန္အတြက္ အတန္းခ်ိန္မ်ားကို ေလွ်ာ့ခ်ထားေၾကာင္းသိရသည္။ အပူၫႊန္းကိန္း (၄၂)ဒီဂရီဆဲလ္စီးယက္စ္မွ (၅၁)ဒီဂရီဆဲလ္စီးယက္စ္အတြင္း အပူရွိန္မ်ားေၾကာင့္ ႂကြက္တက္ျခင္းႏွင့္ ပင္ပန္းႏြမ္း နယ္မႈမ်ားကို ျဖစ္ေပၚေစႏိုင္ေၾကာင္း မိုးေလဝသခန႔္မွန္းသူတစ္ဦးက အႀကံေပးေျပာဆိုထားသည္။ အပူခ်ိန္(၃၃)ဒီဂရီဆဲလ္စီးယက္စ္ႏွင့္ (၄၁)ဒီဂရီဆဲလ္စီးယက္စ္တို႔တြင္လည္း ႂကြက္တက္ျခင္းႏွင့္ ပင္ပန္းႏြမ္းနယ္မႈတို႔ကို ျဖစ္ေစႏိုင္ေၾကာင္း မိုးေလဝသခန႔္မွန္းသူတစ္ဦးက ေျပာဆိုခဲ့သည္။

Mindanao ကြၽန္း၏ ေဒသအမ်ားအျပားရွိ ေဒသဆိုင္ရာအရာရွိမ်ားသည္ သီတင္း ပတ္(၂)ပတ္ေက်ာ္အထိ လူကိုယ္တိုင္သင္ၾကားပို႔ခ်သည့္ အတန္းမ်ားကို ရပ္ဆိုင္းျခင္း သို႔မဟုတ္ အတန္းခ်ိန္မ်ားကို ေလွ်ာ့ခ်ျခင္းတို႔ လုပ္ေဆာင္ခဲ့ေၾကာင္း ေဒသဆိုင္ရာပညာေရးဌာန ေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသမီး Rea Halique ကေျပာၾကားခဲ့သည္။ အဆိုပါအမိန႔္သည္ Cotabato ျပည္နယ္၊ South Cotabato ျပည္နယ္၊ Sultan Kudarat ျပည္နယ္တို႔အျပင္ Cotabato၊ General Santos ႏွင့္ Koronadal ၿမိဳ႕တို႔ရွိ ရာႏွင့္ခ်ီေသာေက်ာင္းမ်ားအေပၚ သက္ေရာက္ေၾကာင္း Rea Halique ကေျပာၾကားခဲ့သည္။ Cotabato ၿမိဳ႕၏ အပူခ်ိန္သည္ ဧၿပီလ(၂)ရက္ေန႔ႏွင့္ (၃)ရက္ေန႔တို႔တြင္ အပူခ်ိန္(၄၂)ဒီဂရီဆဲလ္စီးယက္စ္အထိ ေရာက္ရွိခဲ့ေၾကာင္း မိုးေလဝသခန႔္မွန္းသူတစ္ဦးကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.