တိုက်ပွဲတွင် ကျဆုံးခဲ့သော လုံခြုံရေးအဖွဲ့ဝင်များ၏သား၊ သမီး နှင့် ဆုတံဆိပ်ရနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်

 6005

မြူနစ် (NP News) - ဧပြီ ၃

တိုက်ပွဲတွင် ကျဆုံးခဲ့သော လုံခြုံရေးအဖွဲ့ဝင်များ ၏ သား၊ သမီးများနှင့် ဆုတံဆိပ်ရ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများသည် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည် ပြီးခဲ့သော မတ်လ ၂၀ ရက်တွင် အမိန့်òန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဖွဲ့ကို ပေးပို့အကြောင်းကြားထား ကြောင်း သိရသည်။ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ သည် စစ်မှုထမ်းဆောင်ရန် ကင်းလွတ်ခွင့်ရရှိသည့် အချက်(၈)ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Óဏ် အရည်အသွေးမပြည့်မီသူ၊ စိတ်ပေါသွပ်သည်ဟု သတ်မှတ်ခံရသူ၊ နိုင်ငံအတွက် တာဝန်ထမ်းဆောင် နေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာရှင်၊ အတတ် ပညာရှင်များသည် ကင်းလွတ်ခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

'နောက်တစ်ချက်က တိုက်ပွဲမှာကျဆုံးခဲ့တဲ့ တပ်မ တော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့ စစ်အဖွဲ့ဝင်တွေရဲ့ သား၊ သမီးအရင်းအချာတွေက ကင်းလွတ်ခွင့်ရမယ်။ အဲဒီမှာတော့ မွေးစားသား သမီး တွေ မပါပါဘူး။ အဲဒီမှာလည်း သူ့ရဲ့သား၊ သမီးအရင်း က စစ်မှုထမ်းဆောင်ဖို့ ဆန္ဒပြုရင်တော့ ထမ်းဆောင် ခွင့်ပြုမယ်ပေါ့။ ကင်းလွတ်ပေမယ့်လည်း သူ့ဆန္ဒရှိရင် တော့ စစ်မှုထမ်းဆောင်ခွင့်ပြုမယ်ပေါ့'ဟု ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ အရာရှိတစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် အာဆီယံအဆင့်၊ ကမ္ဘာ့အဆင့်တို့တွင် ကျင်းပခဲ့သော အားကစားပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ် ဆောင် ရွှေတံဆိပ်၊ ကြေးတံဆိပ် ဆုရရှိခဲ့သည့် အားကစားသမားများသည်လည်း စစ်မှုထမ်းရန် ကင်း လွတ်ခွင့်ရရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်သက်နှစ်နှစ်နှင့်အထက် တစ်ဆက်တည်း ထမ်း ဆောင်နေသော ဆရာဝန်နှင့် သူနာပြုများသည်လည်း ကင်းလွတ်ခွင့်ရရှိမည်ဟု အထက်ပါ အရာရှိက ပြောသည်။

'နောက်တစ်ခုကတော့ တစ်ဆက်တည်း လုပ်သက် နှစ်နှစ်နဲ့အထက်ရှိတဲ့ တပ်မတော် စစ်သည်အစားခန့် အရပ်သားဝန်ထမ်းတွေလည်း ကင်းလွတ်ခွင့်ရပါမယ်။ နောက်ဆုံးအချက်ကတော့ ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများ အဖြစ် အကျိုးအကြောင်းခိုင်လုံစွာ တင်ပြနိုင်တဲ့သူ တွေ အဲဒီ(၈)ချက်ကို ကင်းလွတ်ခွင့်ပြုထားပါတယ်' ဟု ၎င်းက ထပ်မံပြောသည်။

ဆက်လက်ပြီး စစ်မှုထမ်းဆောင်ရန်နှင့် ပတ် သက်၍ လျော့ပေါ့ခွင့်များကိုလည်း အမိန့်ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ပေးထားကြောင်း သိရသည်။ 'နောက်တစ်ခုကတော့ လျှော့ပေါ့ခွင့်ပေါ့။ ဝန်ထမ်းတွေနဲ့ အများကြီးပတ်သက်ပါတယ်။ လျှောက် ထားသူရဲ့ မိဘနှစ်ပါးလုံးဟာ နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း (၂၀)ထက်မနည်း တာဝန်ထမ်းဆောင်ဆဲ ဖြစ်ခြင်း၊ နောက်တစ်ခုက နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါက အဲဒီလျှောက်ထားသူကို ဥပဒေအရ ၄င်းထမ်းဆောင်ရမယ့် ပြည်သူ့စစ်မှုထမ်းကာလကို တစ်ဝက်အထိ လျှော့ပေါ့ပေးဖို့ရှိပါတယ်'ဟု အထက်ပါအရာရှိက ဆက်လက်ပြောသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ်ကာလ၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ဒဏ်ရာရရှိသည့်နေ့ရက် နောက်ပိုင်းမှစ၍ တာဝန် ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလများကို လျှော့ပေးရန်ရှိကြောင်း သိရသည်။ စစ်မှုထမ်းဆောင်ရန် ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍လည်း ရွှေ့ဆိုင်းနိုင် ခွင့်ရှိသည့် အချက်(၅)ချက်ကို ထပ်မံထုတ်ပြန်ပေး ထားကြောင်း သိရသည်။

'ရွှေ့ဆိုင်းခွင့်နဲ့ပတ်သက်လို့ (၅)ချက်ရှိတယ်။ ရွှေ့ဆိုင်းခွင့်က ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့် နေ့မှသတ်မှတ်သည့် နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်း ကောင်း၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက ဇနီး သော်လည်းကောင်း ရုတ်တရက်သေဆုံးခြင်းဖြစ်ပါက ရွှေ့ဆိုင်းနိုင်တယ်'ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုမှ အရာရှိက ပြောသည်။

ထို့ပြင် ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့် နေ့မှ သတ်မှတ်ကာလအတွင်း သတင်းပို့ခြင်း မပြုရသေးမီ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ အခြား သူတစ်ဦးဦး၏ ဘေးပယောဂကြောင့်ဖြစ်စေ အပြင်း အထန်ဒဏ်ရရှိခဲ့ပါက ရွှေ့ဆိုင်းနိုင်ကြောင်း သိရ သည်။ 'ဥပဒေနဲ့အညီ အချုပ်အနှောင်ခံခဲ့ရသူ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူဖြစ် ပါက ရွှေ့ဆိုင်းနိုင်တယ်။ နောက်တစ်ချက်ကတော့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ပညာရပ်တစ်ခုခုကို လေ့လာသင်ယူနေသူဖြစ်ခြင်းနဲ့ ပြည်သူ့စစ်မှု ထမ်းရ မယ့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေလို အပ်သူတို့ကို ရွှေ့ဆိုင်းခွင့်ကို ထပ်ပြီးလျှော့ပေါ့ပေး ထားတယ်'ဟု ၄င်းက ဆက်လက်ပြောသည်။

ယခုကဲ့သို့ ထပ်မံဖြေလျှော့ပေးလိုက်သည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များသည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

zawgyi version
တိုက္ပြဲတြင္ က်ဆုံးခဲ့ေသာ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၏သား၊ သမီး ႏွင့္ ဆုတံဆိပ္ရႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားမ်ား စစ္မႈထမ္းကင္းလြတ္ခြင့္ရမည္
ျမဴနစ္ (NP News) - ဧၿပီ ၃

တိုက္ပြဲတြင္ က်ဆုံးခဲ့ေသာ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား ၏ သား၊ သမီးမ်ားႏွင့္ ဆုတံဆိပ္ရ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားမ်ားသည္ စစ္မႈထမ္းရန္ ကင္းလြတ္ခြင့္ရရွိမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး ဗဟိုအဖြဲ႕သည္ ၿပီးခဲ့ေသာ မတ္လ ၂၀ ရက္တြင္ အမိန႔္òန္ၾကားခ်က္မ်ား ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး သက္ဆိုင္ရာ တိုင္း၊ ျပည္နယ္၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အဖြဲ႕ကို ေပးပို႔အေၾကာင္းၾကားထား ေၾကာင္း သိရသည္။ စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕ သည္ စစ္မႈထမ္းေဆာင္ရန္ ကင္းလြတ္ခြင့္ရရွိသည့္ အခ်က္(၈)ခ်က္ကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး Óဏ္ အရည္အေသြးမျပည့္မီသူ၊ စိတ္ေပါသြပ္သည္ဟု သတ္မွတ္ခံရသူ၊ ႏိုင္ငံအတြက္ တာဝန္ထမ္းေဆာင္ ေနၿပီး အစားထိုးရန္ မျဖစ္ႏိုင္ေသးေသာ အသိပညာရွင္၊ အတတ္ ပညာရွင္မ်ားသည္ ကင္းလြတ္ခြင့္ရရွိ မည္ျဖစ္ေၾကာင္း သိရသည္။

'ေနာက္တစ္ခ်က္က တိုက္ပြဲမွာက်ဆုံးခဲ့တဲ့ တပ္မ ေတာ္သားေတြ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ေတြ၊ ျပည္သူ႔ စစ္အဖြဲ႕ဝင္ေတြရဲ႕ သား၊ သမီးအရင္းအခ်ာေတြက ကင္းလြတ္ခြင့္ရမယ္။ အဲဒီမွာေတာ့ ေမြးစားသား သမီး ေတြ မပါပါဘူး။ အဲဒီမွာလည္း သူ႔ရဲ႕သား၊ သမီးအရင္း က စစ္မႈထမ္းေဆာင္ဖို႔ ဆႏၵျပဳရင္ေတာ့ ထမ္းေဆာင္ ခြင့္ျပဳမယ္ေပါ့။ ကင္းလြတ္ေပမယ့္လည္း သူ႔ဆႏၵရွိရင္ ေတာ့ စစ္မႈထမ္းေဆာင္ခြင့္ျပဳမယ္ေပါ့'ဟု ျပည္သူ႔ စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕မွ အရာရွိတစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ အာဆီယံအဆင့္၊ ကမာၻ႔အဆင့္တို႔တြင္ က်င္းပခဲ့ေသာ အားကစားၿပိဳင္ပြဲမ်ား၌ ႏိုင္ငံ့ဂုဏ္ ေဆာင္ ေ႐ႊတံဆိပ္၊ ေၾကးတံဆိပ္ ဆုရရွိခဲ့သည့္ အားကစားသမားမ်ားသည္လည္း စစ္မႈထမ္းရန္ ကင္း လြတ္ခြင့္ရရွိမည္ျဖစ္သကဲ့သို႔ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ လုပ္သက္ႏွစ္ႏွစ္ႏွင့္အထက္ တစ္ဆက္တည္း ထမ္း ေဆာင္ေနေသာ ဆရာဝန္ႏွင့္ သူနာျပဳမ်ားသည္လည္း ကင္းလြတ္ခြင့္ရရွိမည္ဟု အထက္ပါ အရာရွိက ေျပာသည္။

'ေနာက္တစ္ခုကေတာ့ တစ္ဆက္တည္း လုပ္သက္ ႏွစ္ႏွစ္နဲ႔အထက္ရွိတဲ့ တပ္မေတာ္ စစ္သည္အစားခန႔္ အရပ္သားဝန္ထမ္းေတြလည္း ကင္းလြတ္ခြင့္ရပါမယ္။ ေနာက္ဆုံးအခ်က္ကေတာ့ ကင္းလြတ္ခြင့္ျပဳရန္ မျဖစ္မေနလိုအပ္ေနသူမ်ား အျဖစ္ အက်ိဳးအေၾကာင္းခိုင္လုံစြာ တင္ျပႏိုင္တဲ့သူ ေတြ အဲဒီ(၈)ခ်က္ကို ကင္းလြတ္ခြင့္ျပဳထားပါတယ္' ဟု ၎က ထပ္မံေျပာသည္။

ဆက္လက္ၿပီး စစ္မႈထမ္းေဆာင္ရန္ႏွင့္ ပတ္ သက္၍ ေလ်ာ့ေပါ့ခြင့္မ်ားကိုလည္း အမိန႔္ၫႊန္ၾကားခ်က္မ်ား ထပ္မံထုတ္ျပန္ေပးထားေၾကာင္း သိရသည္။ 'ေနာက္တစ္ခုကေတာ့ ေလွ်ာ့ေပါ့ခြင့္ေပါ့။ ဝန္ထမ္းေတြနဲ႔ အမ်ားႀကီးပတ္သက္ပါတယ္။ ေလွ်ာက္ ထားသူရဲ႕ မိဘႏွစ္ပါးလုံးဟာ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ ႏွစ္ေပါင္း (၂၀)ထက္မနည္း တာဝန္ထမ္းေဆာင္ဆဲ ျဖစ္ျခင္း၊ ေနာက္တစ္ခုက ႏိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး သက္ျပည့္အၿငိမ္းစားယူခဲ့သူျဖစ္ပါက အဲဒီေလွ်ာက္ထားသူကို ဥပေဒအရ ၄င္းထမ္းေဆာင္ရမယ့္ ျပည္သူ႔စစ္မႈထမ္းကာလကို တစ္ဝက္အထိ ေလွ်ာ့ေပါ့ေပးဖို႔ရွိပါတယ္'ဟု အထက္ပါအရာရွိက ဆက္လက္ေျပာသည္။

ထို႔ျပင္ ျပည္သူ႔စစ္မႈထမ္းတစ္ဦးသည္ တာဝန္ထမ္းေဆာင္ေနစဥ္ကာလ၌ ထိခိုက္ဒဏ္ရာရရွိခဲ့ပါက ဒဏ္ရာရရွိသည့္ေန႔ရက္ ေနာက္ပိုင္းမွစ၍ တာဝန္ ထမ္းေဆာင္ရန္ က်န္ရွိသည့္ကာလမ်ားကို ေလွ်ာ့ေပးရန္ရွိေၾကာင္း သိရသည္။ စစ္မႈထမ္းေဆာင္ရန္ ေ႐ႊ႕ဆိုင္းခြင့္မ်ားႏွင့္ပတ္သက္၍လည္း ေ႐ႊ႕ဆိုင္းႏိုင္ ခြင့္ရွိသည့္ အခ်က္(၅)ခ်က္ကို ထပ္မံထုတ္ျပန္ေပး ထားေၾကာင္း သိရသည္။

'ေ႐ႊ႕ဆိုင္းခြင့္နဲ႔ပတ္သက္လို႔ (၅)ခ်က္ရွိတယ္။ ေ႐ႊ႕ဆိုင္းခြင့္က ဆင့္ေခၚေရးအမိန႔္စာ လက္ခံရရွိသည့္ ေန႔မွသတ္မွတ္သည့္ ေန႔ရက္အတိုင္း သတင္းပို႔ျခင္းမျပဳရေသးမီကာလအတြင္း မိဘတစ္ဦးဦးေသာ္လည္း ေကာင္း၊ အိမ္ေထာင္သည္အမ်ိဳးသားျဖစ္ပါက ဇနီး ေသာ္လည္းေကာင္း ႐ုတ္တရက္ေသဆုံးျခင္းျဖစ္ပါက ေ႐ႊ႕ဆိုင္းႏိုင္တယ္'ဟု ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုမွ အရာရွိက ေျပာသည္။

ထို႔ျပင္ ဆင့္ေခၚေရးအမိန႔္စာ လက္ခံရရွိသည့္ ေန႔မွ သတ္မွတ္ကာလအတြင္း သတင္းပို႔ျခင္း မျပဳရေသးမီ မေတာ္တဆထိခိုက္မႈေၾကာင့္ျဖစ္ေစ၊ အျခား သူတစ္ဦးဦး၏ ေဘးပေယာဂေၾကာင့္ျဖစ္ေစ အျပင္း အထန္ဒဏ္ရရွိခဲ့ပါက ေ႐ႊ႕ဆိုင္းႏိုင္ေၾကာင္း သိရ သည္။ 'ဥပေဒနဲ႔အညီ အခ်ဳပ္အေႏွာင္ခံခဲ့ရသူ သို႔မဟုတ္ တရား႐ုံးတစ္ခုခုတြင္ အမႈရင္ဆိုင္ေနရသူျဖစ္ ပါက ေ႐ႊ႕ဆိုင္းႏိုင္တယ္။ ေနာက္တစ္ခ်က္ကေတာ့ ႏိုင္ငံေတာ္ရဲ႕ လိုအပ္ခ်က္အရ ပညာရပ္တစ္ခုခုကို ေလ့လာသင္ယူေနသူျဖစ္ျခင္းနဲ႔ ျပည္သူ႔စစ္မႈ ထမ္းရ မယ့္တာဝန္မွ ယာယီေ႐ႊ႕ဆိုင္းေပးရန္ မျဖစ္မေနလို အပ္သူတို႔ကို ေ႐ႊ႕ဆိုင္းခြင့္ကို ထပ္ၿပီးေလွ်ာ့ေပါ့ေပး ထားတယ္'ဟု ၄င္းက ဆက္လက္ေျပာသည္။

ယခုကဲ့သို႔ ထပ္မံေျဖေလွ်ာ့ေပးလိုက္သည့္ ကင္းလြတ္ခြင့္၊ ေလွ်ာ့ေပါ့ခြင့္၊ ေ႐ႊ႕ဆိုင္းခြင့္မ်ားသည္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ လုပ္ပိုင္ခြင့္ကို က်င့္သုံးကာ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕က အမိန႔္ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.