မှီခိုသူ ရဲမေများကိုဧပြီလမှစတင်၍ တိုက်ပွဲဝင်ချီးမြှင့်ငွေ ခံစားခွင့်ပြုမည်ဟု သတင်းထွက်

 8123

Pearl (NP News) - ဧပြီ ၃

စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော စစ်သည်များအပါအဝင် ရန်သူ့စစ်ဆင်ရေးဧရိယာအတွင်းရှိတပ်များမှ မှီခိုသူရဲမေများကို ဧပြီလမှစတင်၍ လစဉ်တိုက်ပွဲဝင်ချီးမြှင့်ငွေခံစားခွင့်ပြုမည်ဖြစ်ကြောင်း ကနဦးသတင်းများထွက်ပေါ်နေသည်။

'အဲဒီသတင်းက ဖြစ်နိုင်ပါတယ်။ ဧပြီလကုန်လောက်က စပြီးတော့ပေါ့'ဟု တပ်မတော်အရာရှိ ကြီးများနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ထွက်ပေါ်နေသည့် သတင်းများအရ ၆လ မှ တစ်နှစ်အတွင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည့် စစ်သည်ဆိုပါက (၅)သောင်းကျပ်၊ (၁)နှစ်မှ (၂)နှစ်အတွင်းဆိုပါက (၈)သောင်းကျပ်နှင့် (၂) နှစ် နှင့်အထက်ဆိုပါက (၁)သိန်း(၁)သောင်းကျပ်ကို ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ လစဉ်ခံစားခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

'အဲဒီသတင်းက မတ်လ(၂၀)ရက် လောက်ကတည်းက ကြားနေရတယ်။ ကြေးနန်းတော့ မဝင်သေးဘူးလို့သိရတယ်။ ဥပမာ ဇရပ်ကြီးတို့၊ မုန်းတို့ကလို စစ်သည်မျိုးတွေပါတယ် သိရတယ်'ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို့ပြင် ဝေးလံခေါင်သီသောဒေသများနှင့် ရန်သူ့စစ်ဆင်ရေးဧရိယာအတွင်းရှိ တပ်များမှမှီခိုသူရဲမေ များကိုလည်း (၁)သိန်းကျပ်နှုန်းဖြင့် လစဉ်ခံစားခွင့်ပြုမည်ဖြစ်ကြောင်းလည်း ထွက်ပေါ်နေသည့်သတင်းများအရ သိရသည်။

zawgyi version
မွီခိုသူ ရဲေမမ်ားကိုဧၿပီလမွစတင္၍ တိုက္ပြဲဝင္ခ်ီးျမႇင့္ေငြ ခံစားခြင့္ျပဳမည္ဟု သတင္းထြက္
Pearl (NP News) - ဧၿပီ ၃

စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ေနေသာ စစ္သည္မ်ားအပါအဝင္ ရန္သူ႔စစ္ဆင္ေရးဧရိယာအတြင္းရွိတပ္မ်ားမွ မွီခိုသူရဲေမမ်ားကို ဧၿပီလမွစတင္၍ လစဥ္တိုက္ပြဲဝင္ခ်ီးျမႇင့္ေငြခံစားခြင့္ျပဳမည္ျဖစ္ေၾကာင္း ကနဦးသတင္းမ်ားထြက္ေပၚေနသည္။

'အဲဒီသတင္းက ျဖစ္ႏိုင္ပါတယ္။ ဧၿပီလကုန္ေလာက္က စၿပီးေတာ့ေပါ့'ဟု တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ထြက္ေပၚေနသည့္ သတင္းမ်ားအရ ၆လ မွ တစ္ႏွစ္အတြင္း စစ္ဆင္ေရး တာဝန္ထမ္းေဆာင္ေနသည့္ စစ္သည္ဆိုပါက (၅)ေသာင္းက်ပ္၊ (၁)ႏွစ္မွ (၂)ႏွစ္အတြင္းဆိုပါက (၈)ေသာင္းက်ပ္ႏွင့္ (၂) ႏွစ္ ႏွင့္အထက္ဆိုပါက (၁)သိန္း(၁)ေသာင္းက်ပ္ကို ၂၀၂၄ ခုႏွစ္ ဧၿပီလမွစတင္၍ လစဥ္ခံစားခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

'အဲဒီသတင္းက မတ္လ(၂၀)ရက္ ေလာက္ကတည္းက ၾကားေနရတယ္။ ေၾကးနန္းေတာ့ မဝင္ေသးဘူးလို႔သိရတယ္။ ဥပမာ ဇရပ္ႀကီးတို႔၊ မုန္းတို႔ကလို စစ္သည္မ်ိဳးေတြပါတယ္ သိရတယ္'ဟု လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။

ထို႔ျပင္ ေဝးလံေခါင္သီေသာေဒသမ်ားႏွင့္ ရန္သူ႔စစ္ဆင္ေရးဧရိယာအတြင္းရွိ တပ္မ်ားမွမွီခိုသူရဲေမ မ်ားကိုလည္း (၁)သိန္းက်ပ္ႏႈန္းျဖင့္ လစဥ္ခံစားခြင့္ျပဳမည္ျဖစ္ေၾကာင္းလည္း ထြက္ေပၚေနသည့္သတင္းမ်ားအရ သိရသည္။

Related news

© 2021. All rights reserved.