တူရကီနိုင်ငံရှိ ပြုပြင်နေသော နိုက်ကလပ်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂၉)ဦး သေဆုံး

 274

Pika (NP News) - ဧပြီ ၃

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ (၁၆)ထပ်တိုက်အဆောက်အဦးတွင် ဧပြီလ(၂)ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ရာ အနည်းဆုံးလူ(၂၉)ဦး သေဆုံးခဲ့ကြောင်း အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးမှူး Davut Gul ၏ ရုံးက “Besiktas ခရိုင် Gayrettepe ရပ်ကွက်မှာဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုအတွင်း သေဆုံးခဲ့တဲ့လူဟာ (၂၉)ဦးအထိ ရှိလာပါပြီ။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြားလူတစ်ဦး ကတော့ ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေပါတယ်” ဟု ပြောခဲ့သည်။

ဧပြီလ(၂)ရက် နေ့လည်(၁၂)နာရီ (၄၇)မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် မီးသတ်သမားများက မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၎င်း၏ ရုံးက ပြောကြားခဲ့သည်။ နိုက်ကလပ် တစ်ခုတည်ဆောက်နေသည့် မြေအောက်ရှိ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Davut Gul က ပြောကြားခဲ့သည်။

တူရကီပြည်ထဲရေးဝန်ကြီး Ali Yerlikaya က “Gayrettepe ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး လူ(၅)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း NTV သတင်းချန်နယ်က ဖော်ပြခဲ့သည်။ အစ္စတန်ဘူလ်မြို့၏ အသစ်ပြန်လည်ရွေးကောက်ခံရသော မြို့တော်ဝန် Ekrem Imamoglu က “မီးလောငကျွမ်းမှုကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါပြီ။ နောက်ထပ် သေဆုံးသူတွေ မရှိစေဖို့ဘဲ မျှော်လင့်ပါတယ်။ ဒီမီးလောင်မှုအတွင်း အသက်ဆုံးရှုံးသွားတဲ့သူတွေရဲ့မိသားစုဝင်တွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်” ဟု ပြောခဲ့သည်။

တူရကီႏိုင္ငံရွိ ျပဳျပင္ေနေသာ ႏိုက္ကလပ္တစ္ခုတြင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၂၉)ဦး ေသဆုံး
Pika (NP News) - ဧၿပီ ၃

တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕ရွိ (၁၆)ထပ္တိုက္အေဆာက္အဦးတြင္ ဧၿပီလ(၂)ရက္က မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ ရာ အနည္းဆုံးလူ(၂၉)ဦး ေသဆုံးခဲ့ေၾကာင္း အစၥတန္ဘူလ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားခဲ့သည္။

အစၥတန္ဘူလ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး Davut Gul ၏ ႐ုံးက “Besiktas ခ႐ိုင္ Gayrettepe ရပ္ကြက္မွာျဖစ္ပြားခဲ့တဲ့ မီးေလာင္ကြၽမ္းမႈအတြင္း ေသဆုံးခဲ့တဲ့လူဟာ (၂၉)ဦးအထိ ရွိလာပါၿပီ။ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ အျခားလူတစ္ဦး ကေတာ့ ေဆး႐ုံမွာ ေဆးကုသမႈေတြ ခံယူေနပါတယ္” ဟု ေျပာခဲ့သည္။

ဧၿပီလ(၂)ရက္ ေန႔လည္(၁၂)နာရီ (၄၇)မိနစ္တြင္ မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး နာရီပိုင္းအၾကာတြင္ မီးသတ္သမားမ်ားက မီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း ၎၏ ႐ုံးက ေျပာၾကားခဲ့သည္။ ႏိုက္ကလပ္ တစ္ခုတည္ေဆာက္ေနသည့္ ေျမေအာက္ရွိ ပထမထပ္ႏွင့္ ဒုတိယထပ္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း Davut Gul က ေျပာၾကားခဲ့သည္။

တူရကီျပည္ထဲေရးဝန္ႀကီး Ali Yerlikaya က “Gayrettepe ရပ္ကြက္မွာ ျဖစ္ပြားခဲ့တဲ့ မီးေလာင္ကြၽမ္းမႈနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္” ဟု ေျပာသည္။

အဆိုပါမီးေလာင္ကြၽမ္းမႈႏွင့္ပတ္သက္ၿပီး လူ(၅)ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း NTV သတင္းခ်န္နယ္က ေဖာ္ျပခဲ့သည္။ အစၥတန္ဘူလ္ၿမိဳ႕၏ အသစ္ျပန္လည္ေ႐ြးေကာက္ခံရေသာ ၿမိဳ႕ေတာ္ဝန္ Ekrem Imamoglu က “မီးေလာငကြၽမ္းမႈကိုေတာ့ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါၿပီ။ ေနာက္ထပ္ ေသဆုံးသူေတြ မရွိေစဖို႔ဘဲ ေမွ်ာ္လင့္ပါတယ္။ ဒီမီးေလာင္မႈအတြင္း အသက္ဆုံးရႈံးသြားတဲ့သူေတြရဲ႕မိသားစုဝင္ေတြအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.