တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ကြိုတင်ပြင်ဆင်ထားသော ရာဇဝတ်မှုများကို ဖြိုခွင်းရန် ရုရှားသမ္မတ အမိန့်ပေး

 512

Pika (NP News) - ဧပြီ ၃

ရုရှားသမ္မတပူတင်သည် တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ကြိုတင်ပြင်ဆင်ထားသော ရာဇဝတ်မှုများကို ဖြိုခွင်း ရန် နိုင်ငံ၏တရားဥပဒေစိုးမိုးရေးအေဂျင်စီများကို ညွှန်ကြားထားကြောင်း သိရသည်။

ပူတင်သည် ဧပြီလ(၂)ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံစဉ်အချိန်အတွင်း အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းနေထိုင်ခြင်းသည် အစွန်းရောက်ဝါဒများ နှင့် ရာဇဝတ်မှုများသို့ ဦးတည်သွားလေ့ရှိကြောင်း ပူတင်က ပြောခဲ့သည်။

ပူတင်က “ပြည်သူလူထုစည်းလုံးညီညွတ်မှုရှိစေဖို့၊ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့နဲ့ တရားမဝင် ရွှေ့ပြောင်း နေထိုင်မှုတွေကို နှိမ်နှင်းဖို့အပြင် ကြိုတင်ပြင်ဆင်ထားတဲ့ ရာဇဝတ်မှုတွေကို ချေမှုန်းဖို့ ဒေသတွင်းအေဂျင်စီတွေနဲ့ ပူပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောခဲ့သည်။

ရာဇဝတ်ဂိုဏ်းများသည် နယ်စပ်ဖြတ်ကျော်ကာ ရာဇဝတ်မှုများကို လုပ်ဆောင်နေပြီး နိုင်ငံခြားထောက်လှမ်းရေး ဝန်ဆောင်မှုများ၊ နိုင်ငံတကာအစွန်းရောက်ဖွဲ့စည်းမှုဆိုင်ရာကိုယ်စားလှယ်များ နှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း ပူတင်က ပြောခဲ့သည်။

အဆိုပါအဖွဲ့အစည်းများသည် လူကုန်ကူးမှု နှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ နှင့် ဆိုက်ဘာရာဇဝတ်မှုများတို့တွင်လည်း ပါဝင်ပတ်သက်နေကြောင်း ပူတင်က ထပ်မံပြောခဲ့သည်။ လက်ရှိအချိန်တွင် ရှိသော ဒေတာဘေ့စ်များသည် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်သေးကြောင်း နှင့် ခေတ်မီဒစ်ဂျစ်တယ် အီလက်ထရွန်းနစ်ဒေတာဘေ့စ်များ၏ biometric ဒေတာကောက်ယူမှုများ လိုအပ် ကြောင်း ပူတင်က ပြောခဲ့သည်။

ရုရှားနိုင်ငံရှိ ပြဇာတ်ရုံတစ်ခုကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ(၁၄၄)ဦး သေဆုံးခဲ့ပြီး အခြားလူ(၅၅ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိပြီးနောက် ပူတင် နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အရာရှိများ တွေ့ဆုံမှုထွက်ပေါ်လာခြင်းဖြစ်သည်။

တရားမဝင္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ႀကိဳတင္ျပင္ဆင္ထားေသာ ရာဇဝတ္မႈမ်ားကို ၿဖိဳခြင္းရန္ ႐ုရွားသမၼတ အမိန႔္ေပး
Pika (NP News) - ဧၿပီ ၃

႐ုရွားသမၼတပူတင္သည္ တရားမဝင္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ႀကိဳတင္ျပင္ဆင္ထားေသာ ရာဇဝတ္မႈမ်ားကို ၿဖိဳခြင္း ရန္ ႏိုင္ငံ၏တရားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ားကို ၫႊန္ၾကားထားေၾကာင္း သိရသည္။

ပူတင္သည္ ဧၿပီလ(၂)ရက္တြင္ ျပည္ထဲေရးဝန္ႀကီးဌာနမွ အႀကီးတန္းအရာရွိမ်ားႏွင့္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အဆိုပါအမိန႔္ကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ခြင့္ျပဳခ်က္မရွိဘဲ ေ႐ႊ႕ေျပာင္းေနထိုင္ျခင္းသည္ အစြန္းေရာက္ဝါဒမ်ား ႏွင့္ ရာဇဝတ္မႈမ်ားသို႔ ဦးတည္သြားေလ့ရွိေၾကာင္း ပူတင္က ေျပာခဲ့သည္။

ပူတင္က “ျပည္သူလူထုစည္းလုံးညီၫြတ္မႈရွိေစဖို႔၊ အစြန္းေရာက္ဝါဒကို တိုက္ဖ်က္ဖို႔နဲ႔ တရားမဝင္ ေ႐ႊ႕ေျပာင္း ေနထိုင္မႈေတြကို ႏွိမ္ႏွင္းဖို႔အျပင္ ႀကိဳတင္ျပင္ဆင္ထားတဲ့ ရာဇဝတ္မႈေတြကို ေခ်မႈန္းဖို႔ ေဒသတြင္းေအဂ်င္စီေတြနဲ႔ ပူေပါင္းေဆာင္႐ြက္ဖို႔ ေတာင္းဆိုလိုပါတယ္” ဟု ေျပာခဲ့သည္။

ရာဇဝတ္ဂိုဏ္းမ်ားသည္ နယ္စပ္ျဖတ္ေက်ာ္ကာ ရာဇဝတ္မႈမ်ားကို လုပ္ေဆာင္ေနၿပီး ႏိုင္ငံျခားေထာက္လွမ္းေရး ဝန္ေဆာင္မႈမ်ား၊ ႏိုင္ငံတကာအစြန္းေရာက္ဖြဲ႕စည္းမႈဆိုင္ရာကိုယ္စားလွယ္မ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေန ေၾကာင္း ပူတင္က ေျပာခဲ့သည္။

အဆိုပါအဖြဲ႕အစည္းမ်ားသည္ လူကုန္ကူးမႈ ႏွင့္ မူးယစ္ေဆးဝါးေမွာင္ခိုကူးမႈ၊ေငြေၾကးဆိုင္ရာ ရာဇဝတ္မႈမ်ား ႏွင့္ ဆိုက္ဘာရာဇဝတ္မႈမ်ားတို႔တြင္လည္း ပါဝင္ပတ္သက္ေနေၾကာင္း ပူတင္က ထပ္မံေျပာခဲ့သည္။ လက္ရွိအခ်ိန္တြင္ ရွိေသာ ေဒတာေဘ့စ္မ်ားသည္ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္မႈကို ကိုင္တြယ္ေျဖရွင္းရန္ မလုံေလာက္ေသးေၾကာင္း ႏွင့္ ေခတ္မီဒစ္ဂ်စ္တယ္ အီလက္ထ႐ြန္းနစ္ေဒတာေဘ့စ္မ်ား၏ biometric ေဒတာေကာက္ယူမႈမ်ား လိုအပ္ ေၾကာင္း ပူတင္က ေျပာခဲ့သည္။

႐ုရွားႏိုင္ငံရွိ ျပဇာတ္႐ုံတစ္ခုကို ေသနတ္သမားမ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး အနည္းဆုံး လူ(၁၄၄)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၅၅ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိၿပီးေနာက္ ပူတင္ ႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနတို႔၏ အရာရွိမ်ား ေတြ႕ဆုံမႈထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.