ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတသစ်ဖြစ်လာမည့် ပရာဘိုဝို ကတိပြု

 283

ALynn (NP News) - ဧပြီ ၃

အင်ဒိုနီးရှားသမ္မတသစ်ဖြစ်လာမည့် ပရာဘိုဝိုက ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါအား “လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလိုကြောင်း” ဧပြီလ ၃ ရက် (ဗုဒ္ဓဟူးနေ့) က ပြောကြားခဲ့သည်။

ယင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်အား “နီးကပ်သည့်ဆက်ဆံရေးဖန်တီးလိုကြောင်း” ပြောကြားခဲ့သည့် နှစ်ရက် အကြာတွင် ဖြစ်သည်။ တိုကျိုတွင်ပြုလုပ်သည့်အစည်းအဝေး၌ ပရာဘိုဝိုက ကီရှီဒါအား “ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးမျိုးကို တည်ဆောက်ပြီး ရှေ့ဆက် ခိုင်မာအောင်ဆောင်ရွက်သွားလိုကြောင်း” ပြောခဲ့သည်။

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးနိုင်ငံသည် ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကတိကဝတ် ပြုထားသော သမ္မတပရာဘိုဝိုသည် ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ၌ အနိုင်ရပြီးနောက် ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ တနင်္လာနေ့က သွားရောက်ခဲ့ပြီး ယခုအခါ ဂျပန်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့သည်။

တရုတ်နှင့် ဂျပန်တို့သည် အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် လွှမ်းမိုးမှုရရှိရန် အပြိုင်ကြိုးပမ်းလျက်ရှိနေကြသည်။ သမ္မတဂျိုကိုဝီဒိုဒို၏ လက်ရှိ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် အင်ဒိုနီးရှား၏ သမ္မတသစ်ဖြစ်လာမည့် ပရာဘိုဝိုသည် အောက်တိုဘာလတွင် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်သည်။ ဂျပန်ခရီးစဉ်အတွင်း ပရာဘိုဝိုသည် ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara နှင့်လည်း တွေ့ဆုံခဲ့သည်။

Zawgyi Version;
ဂ်ပန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားသမၼတသစ္ျဖစ္လာမည့္ ပရာဘိုဝို ကတိျပဳ
ALynn (NP News) - ဧၿပီ ၃

အင္ဒိုနီးရွားသမၼတသစ္ျဖစ္လာမည့္ ပရာဘိုဝိုက ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယိုကီရွီဒါအား “လုံၿခဳံေရးႏွင့္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုနက္ရႈိင္းလိုေၾကာင္း” ဧၿပီလ ၃ ရက္ (ဗုဒၶဟူးေန႔) က ေျပာၾကားခဲ့သည္။

ယင္းမွာ တ႐ုတ္သမၼတရွီက်င့္ဖ်င္အား “နီးကပ္သည့္ဆက္ဆံေရးဖန္တီးလိုေၾကာင္း” ေျပာၾကားခဲ့သည့္ ႏွစ္ရက္ အၾကာတြင္ ျဖစ္သည္။ တိုက်ိဳတြင္ျပဳလုပ္သည့္အစည္းအေဝး၌ ပရာဘိုဝိုက ကီရွီဒါအား “ပူးေပါင္းေဆာင္႐ြက္သည့္ ဆက္ဆံေရးမ်ိဳးကို တည္ေဆာက္ၿပီး ေရွ႕ဆက္ ခိုင္မာေအာင္ေဆာင္႐ြက္သြားလိုေၾကာင္း” ေျပာခဲ့သည္။

ကမာၻ႔စတုတၳလူဦးေရအမ်ားဆုံးႏိုင္ငံသည္ ဘက္မလိုက္သည့္မူဝါဒကို က်င့္သုံးသြားမည္ျဖစ္ေၾကာင္း ကတိကဝတ္ ျပဳထားေသာ သမၼတပရာဘိုဝိုသည္ ေဖေဖာ္ဝါရီလတြင္ အင္ဒိုနီးရွားသမၼတေ႐ြးေကာက္ပြဲ၌ အႏိုင္ရၿပီးေနာက္ ၎၏ ပထမဆုံးႏိုင္ငံျခားခရီးစဥ္အျဖစ္ တ႐ုတ္ႏိုင္ငံသို႔ တနလၤာေန႔က သြားေရာက္ခဲ့ၿပီး ယခုအခါ ဂ်ပန္ႏိုင္ငံသို႔ ထပ္မံသြားေရာက္ခဲ့သည္။

တ႐ုတ္ႏွင့္ ဂ်ပန္တို႔သည္ အျငင္းပြားမႈမ်ားရွိေနေသာ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥႏွင့္ပတ္သက္ၿပီး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ လႊမ္းမိုးမႈရရွိရန္ အၿပိဳင္ႀကိဳးပမ္းလ်က္ရွိေနၾကသည္။ သမၼတဂ်ိဳကိုဝီဒိုဒို၏ လက္ရွိ ကာကြယ္ေရးဝန္ႀကီးလည္းျဖစ္သည့္ အင္ဒိုနီးရွား၏ သမၼတသစ္ျဖစ္လာမည့္ ပရာဘိုဝိုသည္ ေအာက္တိုဘာလတြင္ က်မ္းသစၥာက်ိန္ဆိုသြားမည္ျဖစ္သည္။ ဂ်ပန္ခရီးစဥ္အတြင္း ပရာဘိုဝိုသည္ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး Minoru Kihara ႏွင့္လည္း ေတြ႕ဆုံခဲ့သည္။

Related news

© 2021. All rights reserved.