အစ္စရေးက အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာမှုမရှိဟု ကုလသမဂ္ဂပြော

531

ALynn (NP News) - ဧပြီ ၃
ဧပြီလ ၂ ရက် (အင်္ဂါနေ့) က ကမ္ဘာ့အင်အားကြီးနိုင်ငံများက အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စစ်ဘေးသင့်နယ်မြေ များသို့ အထောက်အပံ့များဖြန့်ဝေပေးရန် ဆောင်ရွက်နေသော ပရဟိတ ဝန်ထမ်း ၇ ဦးသေဆုံးခဲ့သည့်အတွက် ရှုတ်ချခဲ့ကြသည်။
လှေဖြင့် အကူအညီများ ပို့ဆောင်ရန် ကြိုးပမ်းနေသည့် NGO နှစ်ခုအနက်မှ တစ်ခုဖြစ်သည့် World Central Kitchen ၏ပြောကြားချက် အရ တနင်္လာနေ့က အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သြစတြေးလျ၊ ဗြိတိန်၊ ပါလက်စတိုင်း၊ ပိုလန်နှင့် အမေရိကန်-ကနေဒါ ဝန်ထမ်းများ သေဆုံးခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပရဟိတကိုဦးဆောင်နေသော စားဖိုမှူး Jose Andres ကို ခေါ်ယူ၍ “၎င်းအနေ ဖြင့် တိုက်ခိုက်မှုအတွက် အလွန်အမင်းခံစားနေရကြောင်းနှင့် အစ္စရေးအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးလုပ်သားများ အကာအကွယ်ရရန် အသေအချာဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “တိုက်ခိုက်မှုသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် လူသားချင်စာနာမှုအကူအညီပေးသည့်လုပ်သားများအပေါ် အကာအကွယ်ပေးခြင်းတို့ကို လစ်လျှူရှုနေကြောင်း” ဖော်ပြခဲ့သည်။
“ဒီလိုဖြစ်ရပ်တွေများပြားလာတာဟာ စစ်ရဲ့ရှောင်လွှဲလို့မရတဲ့အကျိုးဆက်တွေပဲဖြစ်ကြောင်း” ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်နေတန်ယာဟုက “တိုက်ခိုက်မှုမှာ မရည်ရွယ်ပဲဖြစ်ခဲ့ကြောင်း နှင့် ဝမ်းနည်းကြောင်း” သာဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ရှာဖွေတွေ့ရှိချက်များကို ပွင့်ပွင့်လင်းလင်း ဝေမျှပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ “သေဆုံးသူတွေထဲမှာ ဗြိတိန်နိုင်ငံသားတွေ ပါဝင်ကြောင်း သိလိုက်ရတဲ့အတွက် တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်မိကြောင်း” ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak က ပြောကြားခဲ့သည်။
အစ္စရေး-ဟားမက်စ်စစ်ပွဲ စတင်ချိန်မှစ၍ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရောက်အောင် ပိတ်ဆို့မှုများဆောင်ရွက်နေကြောင်း ကုလသမဂ္ဂက စွပ်စွဲခဲ့သည်။

Zawgyi Version;
အစၥေရးက အျပည္ျပည္ဆိုင္ရာလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒကို ေလးစားလိုက္နာမႈမရွိဟု ကုလသမဂၢေျပာ
ALynn (NP News) - ဧၿပီ ၃
ဧၿပီလ ၂ ရက္ (အဂၤါေန႔) က ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားက အစၥေရး၏ တိုက္ခိုက္မႈေၾကာင့္ စစ္ေဘးသင့္နယ္ေျမ မ်ားသို႔ အေထာက္အပံ့မ်ားျဖန႔္ေဝေပးရန္ ေဆာင္႐ြက္ေနေသာ ပရဟိတ ဝန္ထမ္း ၇ ဦးေသဆုံးခဲ့သည့္အတြက္ ရႈတ္ခ်ခဲ့ၾကသည္။
ေလွျဖင့္ အကူအညီမ်ား ပို႔ေဆာင္ရန္ ႀကိဳးပမ္းေနသည့္ NGO ႏွစ္ခုအနက္မွ တစ္ခုျဖစ္သည့္ World Central Kitchen ၏ေျပာၾကားခ်က္ အရ တနလၤာေန႔က အစၥေရးတို႔၏ တိုက္ခိုက္မႈေၾကာင့္ ၾသစေၾတးလ်၊ ၿဗိတိန္၊ ပါလက္စတိုင္း၊ ပိုလန္ႏွင့္ အေမရိကန္-ကေနဒါ ဝန္ထမ္းမ်ား ေသဆုံးခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ပရဟိတကိုဦးေဆာင္ေနေသာ စားဖိုမႉး Jose Andres ကို ေခၚယူ၍ “၎အေန ျဖင့္ တိုက္ခိုက္မႈအတြက္ အလြန္အမင္းခံစားေနရေၾကာင္းႏွင့္ အစၥေရးအေနျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာအကူအညီေပးေရးလုပ္သားမ်ား အကာအကြယ္ရရန္ အေသအခ်ာေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။
ကုလသမဂၢအေထြေထြအတြင္း ေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က “တိုက္ခိုက္မႈသည္ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒႏွင့္ လူသားခ်င္စာနာမႈအကူအညီေပးသည့္လုပ္သားမ်ားအေပၚ အကာအကြယ္ေပးျခင္းတို႔ကို လစ္လွ်ဴရႈေနေၾကာင္း” ေဖာ္ျပခဲ့သည္။
“ဒီလိုျဖစ္ရပ္ေတြမ်ားျပားလာတာဟာ စစ္ရဲ႕ေရွာင္လႊဲလို႔မရတဲ့အက်ိဳးဆက္ေတြပဲျဖစ္ေၾကာင္း” ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က ေျပာၾကားခဲ့သည္။ ဝန္ႀကီးခ်ဳပ္ေနတန္ယာဟုက “တိုက္ခိုက္မႈမွာ မရည္႐ြယ္ပဲျဖစ္ခဲ့ေၾကာင္း ႏွင့္ ဝမ္းနည္းေၾကာင္း” သာေဖာ္ျပခဲ့သည္။
အစၥေရးစစ္တပ္က စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ရွာေဖြေတြ႕ရွိခ်က္မ်ားကို ပြင့္ပြင့္လင္းလင္း ေဝမွ်ေပးသြားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။ “ေသဆုံးသူေတြထဲမွာ ၿဗိတိန္ႏိုင္ငံသားေတြ ပါဝင္ေၾကာင္း သိလိုက္ရတဲ့အတြက္ တုန္လႈပ္ၿပီး စိတ္မေကာင္းျဖစ္မိေၾကာင္း” ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Rishi Sunak က ေျပာၾကားခဲ့သည္။
အစၥေရး-ဟားမက္စ္စစ္ပြဲ စတင္ခ်ိန္မွစ၍ အစၥေရးသည္ ဂါဇာကမ္းေျမာင္ေဒသသို႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား မေရာက္ေအာင္ ပိတ္ဆို႔မႈမ်ားေဆာင္႐ြက္ေနေၾကာင္း ကုလသမဂၢက စြပ္စြဲခဲ့သည္။