အိန္ဒိယနိုင်ငံတွင် ၎င်း၏ပထမဆုံးဒေတာစင်တာကို ဖွင့်လှစ်ရန် Meta ကုမ္ပဏီစီစဉ်နေ

 452

Pika (NP News) - ဧပြီ ၃

ဖေ့စ်ဘုတ်၊ အင်စတာဂရမ် နှင့် WhatsApp တို့ပါဝင်သော IT ကုမ္ပဏီကြီးဖြစ်သည့် Meta သည် ၎င်း၏ ပထမဆုံး ဒေတာစင်တာကို အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် Mukesh Ambani ပိုင်ဆိုင်သည့် Reliance Industries ကုမ္ပဏီဝန်းအတွင်းတွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း Economic Times(ET) သတင်းစာက ရေးသားဖော်ပြခဲ့ သည်။

အဆိုပါ ဒေတာစင်တာသည် အိန္ဒိယနိုင်ငံတွင် Meta ကုမ္ပဏီအတွက် ပထမဆုံးဒေတာ စင်တာဖြစ်လာမည်ဖြစ်ပြီး ဒေတာအများအပြားကို ပိုမိုလျင်မြန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများ၏ ပြောကြား ချက်များကို ကိုးကားပြီး (ET) က ဖော်ပြခဲ့သည်။

ထို့အပြင် Meta ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင်းတွင် AI နည်းပညာမော်ဒယ်များကို အသုံးပြုရန် စီစဉ်နေနိုင်ကြောင်း ကျွမ်းကျင်သူများက အကြုံပြုထားသည်။ မကြာသေးမီအချိန်က အိန္ဒိယနိုင်ငံတွင် AI နည်းပညာနှင့်ပတ်သက်ပြီး စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်းလည်း သိရသည်။ အဆိုပြုထားသော ဒေတာစင်တာသည် Tamil Nadu ပြည်နယ် ချန်နိုင်းမြို့ရှိ Reliance Industries ကုမ္ပဏီဝန်းအတွင်းတွင် ဆောက်လုပ်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါဒေတာစင်တာသည် အသုံးပြုသူများ၏ အတွေ့အကြုံများကို တိုးမြှင့်ပေးလိမ့်မည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဒေတာစင်တာများမှ ထုတ်လွှင့်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း (ET) က ရေးသားဖော်ပြခဲ့ သည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံမှ သုံးစွဲသူများကို ဒေတာကို စင်ကာပူနိုင်ငံရှိ စင်တာတစ်ခုက ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Meta ကုမ္ပဏီ၏ အဓိကပလက်ဖောင်းများဖြစ်သော ဖေ့စ်ဘုတ်(၃၁၄ ဒသမ ၆) သန်း၊ အင်စတာဂရမ် သန်း(၃၅၀) နှင့် WhatsApp သန်း(၄၈၀) တွင် သုံးစွဲသူအများဆုံးမှာ အိန္ဒိယလူမျိုးများ၏ အကောင့်များဖြစ်ကြောင်း သိရသည်။ အစီရင်ခံစာအရ Meta နှင့် Reliance Industries ကုမ္ပဏီတို့သည် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ကို မတ်လအစောပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Meta ကုမ္ပဏီတည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် စီအီးအိုဖြစ်သူ ဇူကာဘတ်သည် Mukesh Ambani ၏ သားဖြစ်သူ၏ မင်္ဂလာအကြိုပွဲကို တက်ရောက်သည့်အချိန်တွင် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါမင်္ဂလာအကြိုပွဲ၏ ဧည့်သည်စာရင်းတွင် အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသမီးဖြစ်သူ Ivanka၊ ဘီလျံနာသူဋ္ဌေးကြီး ဘီလ်ဂိတ်၊ BlackRock investment ကုမ္ပဏီ ပူးတွဲတည်ထောင်သူ လယ်ရီဖင့်ခ် နှင့် ကနေဒါဝန်ကြီးချုပ်ဟောင်း စတီဖင်ဟားပါးတို့ အပါအဝင် အိန္ဒိယ နှင့် နိုင်ငံတကာမှ နာမည်ကြီးများနှင့် စီးပွားရေးသမား(၁၂၀၀)ဝန်းကျင် ပါဝင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံတြင္ ၎၏ပထမဆုံးေဒတာစင္တာကို ဖြင့္လွစ္ရန္ Meta ကုမၸဏီစီစဥ္ေန
Pika (NP News) - ဧၿပီ ၃

ေဖ့စ္ဘုတ္၊ အင္စတာဂရမ္ ႏွင့္ WhatsApp တို႔ပါဝင္ေသာ IT ကုမၸဏီႀကီးျဖစ္သည့္ Meta သည္ ၎၏ ပထမဆုံး ေဒတာစင္တာကို အာရွတိုက္၏ အခ်မ္းသာဆုံးပုဂၢိဳလ္ Mukesh Ambani ပိုင္ဆိုင္သည့္ Reliance Industries ကုမၸဏီဝန္းအတြင္းတြင္ ဖြင့္လွစ္ရန္ စီစဥ္ေနေၾကာင္း Economic Times(ET) သတင္းစာက ေရးသားေဖာ္ျပခဲ့ သည္။

အဆိုပါ ေဒတာစင္တာသည္ အိႏၵိယႏိုင္ငံတြင္ Meta ကုမၸဏီအတြက္ ပထမဆုံးေဒတာ စင္တာျဖစ္လာမည္ျဖစ္ၿပီး ေဒတာအမ်ားအျပားကို ပိုမိုလ်င္ျမန္စြာလုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သူမ်ား၏ ေျပာၾကား ခ်က္မ်ားကို ကိုးကားၿပီး (ET) က ေဖာ္ျပခဲ့သည္။

ထို႔အျပင္ Meta ကုမၸဏီသည္ အိႏၵိယႏိုင္ငံတြင္းတြင္ AI နည္းပညာေမာ္ဒယ္မ်ားကို အသုံးျပဳရန္ စီစဥ္ေနႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက အႀကဳံျပဳထားသည္။ မၾကာေသးမီအခ်ိန္က အိႏၵိယႏိုင္ငံတြင္ AI နည္းပညာႏွင့္ပတ္သက္ၿပီး စစ္ေဆးမႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္းလည္း သိရသည္။ အဆိုျပဳထားေသာ ေဒတာစင္တာသည္ Tamil Nadu ျပည္နယ္ ခ်န္ႏိုင္းၿမိဳ႕ရွိ Reliance Industries ကုမၸဏီဝန္းအတြင္းတြင္ ေဆာက္လုပ္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။

အဆိုပါေဒတာစင္တာသည္ အသုံးျပဳသူမ်ား၏ အေတြ႕အႀကဳံမ်ားကို တိုးျမႇင့္ေပးလိမ့္မည္ျဖစ္ၿပီး ကမာၻလုံးဆိုင္ရာ ေဒတာစင္တာမ်ားမွ ထုတ္လႊင့္မႈ ကုန္က်စရိတ္ကို ေလွ်ာ့ခ်ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း (ET) က ေရးသားေဖာ္ျပခဲ့ သည္။ လက္ရွိအခ်ိန္တြင္ အိႏၵိယႏိုင္ငံမွ သုံးစြဲသူမ်ားကို ေဒတာကို စင္ကာပူႏိုင္ငံရွိ စင္တာတစ္ခုက ဝန္ေဆာင္မႈ ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Meta ကုမၸဏီ၏ အဓိကပလက္ေဖာင္းမ်ားျဖစ္ေသာ ေဖ့စ္ဘုတ္(၃၁၄ ဒသမ ၆) သန္း၊ အင္စတာဂရမ္ သန္း(၃၅၀) ႏွင့္ WhatsApp သန္း(၄၈၀) တြင္ သုံးစြဲသူအမ်ားဆုံးမွာ အိႏၵိယလူမ်ိဳးမ်ား၏ အေကာင့္မ်ားျဖစ္ေၾကာင္း သိရသည္။ အစီရင္ခံစာအရ Meta ႏွင့္ Reliance Industries ကုမၸဏီတို႔သည္ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ေဆြးေႏြးမႈမ်ား ကို မတ္လအေစာပိုင္းတြင္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Meta ကုမၸဏီတည္ေထာင္သူ၊ ဥကၠ႒ ႏွင့္ စီအီးအိုျဖစ္သူ ဇူကာဘတ္သည္ Mukesh Ambani ၏ သားျဖစ္သူ၏ မဂၤလာအႀကိဳပြဲကို တက္ေရာက္သည့္အခ်ိန္တြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ ေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါမဂၤလာအႀကိဳပြဲ၏ ဧည့္သည္စာရင္းတြင္ အေမရိကန္သမၼတ ေဟာင္း ေဒၚနယ္ထရမ့္၏ အႀကီးဆုံးသမီးျဖစ္သူ Ivanka၊ ဘီလ်ံနာသူေ႒းႀကီး ဘီလ္ဂိတ္၊ BlackRock investment ကုမၸဏီ ပူးတြဲတည္ေထာင္သူ လယ္ရီဖင့္ခ္ ႏွင့္ ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း စတီဖင္ဟားပါးတို႔ အပါအဝင္ အိႏၵိယ ႏွင့္ ႏိုင္ငံတကာမွ နာမည္ႀကီးမ်ားႏွင့္ စီးပြားေရးသမား(၁၂၀၀)ဝန္းက်င္ ပါဝင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.