ဆံပင်ညှပ်ဆိုင်အတွင်းမှ ဝါယာရှော့ဖြစ်ကာ ပဲနွယ်ကုန်းဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံး

 1432

သန့်ဇင် (NP News) - ဧပြီ ၃

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့တွင် ဆံပင်ညှပ်ဆိုင်အတွင်းမှ ဝါယာရှော့ဖြစ်ကာ ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးသွားခဲ့ ကြောင်း နာရေးကူညီမှုအသင်း ပဲနွယ်ကုန်းထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့(ဧပြီလ ၂ ရက်) ည ၆ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် ညောင်လေးပင်ခရိုင်၊ ပဲနွယ်ကုန်းမြို့၊ ပြည်တော်သာရပ်ကွင်ရှိ မြို့မဈေးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်မှုက ကြားရတာကတော့ ဈေးရဲ့တောင်ဘက်ခြမ်းက စလောင်တယ်။ ဆံပင်ညှပ်ဆိုင်ကအတွင်းက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး လောင်တာပါ။ ဈေးကတော့ ၁၀၀ ရာခိုင်နှုန်း အကုန်လောင်သွားတယ်။ အဲဒီအပြင် ဈေးနားက လူနေအိမ်က (၈)လုံးလောက်ထိ ပါသွားတယ်” ဟု နာရေးကူညီမှုအသင်း ပဲနွယ်ကုန်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။


အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ပဲနွယ်ကုန်းဈေးအတွင်းရှိ ဆိုင်ခန်းအားလုံးနှင့် လူနေ (၈)လုံးအထိ မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“လူထိခိုက်တယ်လို့တော့မကြားမိဘူး။ မီးကတော့ တော်တော်များတယ်။ ဈေးထဲမှာရှိတဲ့ ကုန်ခြောက်၊ ကုန်စို၊ အထည်ဆိုင်တွေရော၊ ဆန်ဆိုင်တွေ၊ သင်္ဃန်းဆိုင်တွေပါ အကုန်လောင်သွားတာ။ မီးများတော့ တစ်ညလုံးငြှိမ်းနေရ တာ။ ပဲခူးက မီးသတ်တောင် ဆင်းပြီး မီးငြှိမ်းရတယ်။ အခုမနက်ထိတောင် မီးကြွင်းမီးကျန်တွေ လိုက်ငြှိမ်းတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။

၎င်းမီးလောင်မှုဖြစ်စဉ်ကို ပဲနွယ်ကုန်းမြို့မီးသတ် နှင့် ဖြူးမြို့နယ်မီးသတ်အပြင် အခြားအနီးနားရှိ မြို့နယ်မီးသတ် များက သွားရောက်မီးငြှိမ်း သတ်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ဆံပင္ညႇပ္ဆိုင္အတြင္းမွ ဝါယာေရွာ့ျဖစ္ကာ ပဲႏြယ္ကုန္းေဈးတစ္ခုလုံး မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ဧၿပီ ၃

ပဲခူးတိုင္း၊ ပဲႏြယ္ကုန္းၿမိဳ႕တြင္ ဆံပင္ညႇပ္ဆိုင္အတြင္းမွ ဝါယာေရွာ့ျဖစ္ကာ ေဈးတစ္ခုလုံး မီးေလာင္ဆုံးရႈံးသြားခဲ့ ေၾကာင္း နာေရးကူညီမႈအသင္း ပဲႏြယ္ကုန္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယမန္ေန႔(ဧၿပီလ ၂ ရက္) ည ၆ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္တြင္ ေညာင္ေလးပင္ခ႐ိုင္၊ ပဲႏြယ္ကုန္းၿမိဳ႕၊ ျပည္ေတာ္သာရပ္ကြင္ရွိ ၿမိဳ႕မေဈးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္မႈက ၾကားရတာကေတာ့ ေဈးရဲ႕ေတာင္ဘက္ျခမ္းက စေလာင္တယ္။ ဆံပင္ညႇပ္ဆိုင္ကအတြင္းက လွ်ပ္စစ္ဝါယာေရွာ့ျဖစ္ၿပီး ေလာင္တာပါ။ ေဈးကေတာ့ ၁၀၀ ရာခိုင္ႏႈန္း အကုန္ေလာင္သြားတယ္။ အဲဒီအျပင္ ေဈးနားက လူေနအိမ္က (၈)လုံးေလာက္ထိ ပါသြားတယ္” ဟု နာေရးကူညီမႈအသင္း ပဲႏြယ္ကုန္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။


အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ပဲႏြယ္ကုန္းေဈးအတြင္းရွိ ဆိုင္ခန္းအားလုံးႏွင့္ လူေန (၈)လုံးအထိ မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္တယ္လို႔ေတာ့မၾကားမိဘူး။ မီးကေတာ့ ေတာ္ေတာ္မ်ားတယ္။ ေဈးထဲမွာရွိတဲ့ ကုန္ေျခာက္၊ ကုန္စို၊ အထည္ဆိုင္ေတြေရာ၊ ဆန္ဆိုင္ေတြ၊ သဃၤန္းဆိုင္ေတြပါ အကုန္ေလာင္သြားတာ။ မီးမ်ားေတာ့ တစ္ညလုံးျငႇိမ္းေနရ တာ။ ပဲခူးက မီးသတ္ေတာင္ ဆင္းၿပီး မီးျငႇိမ္းရတယ္။ အခုမနက္ထိေတာင္ မီးႂကြင္းမီးက်န္ေတြ လိုက္ျငႇိမ္းတုန္းပဲ” ဟု ၎က ဆက္ေျပာသည္။

၎မီးေလာင္မႈျဖစ္စဥ္ကို ပဲႏြယ္ကုန္းၿမိဳ႕မီးသတ္ ႏွင့္ ျဖဴးၿမိဳ႕နယ္မီးသတ္အျပင္ အျခားအနီးနားရွိ ၿမိဳ႕နယ္မီးသတ္ မ်ားက သြားေရာက္မီးျငႇိမ္း သတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.