မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း နှင့် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းတို့ ခြေစမ်းပွဲကန်ရန် စီစဉ်ထားသော်လည်း မကန်ဖြစ်တော့

 1257

သန့်ဇင် (NP News) - ဧပြီ ၃

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းတို့ ခြေစမ်းပွဲကန်ရန် စီစဉ်ထားသော်လည်း မကန်ဖြစ်တော့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါခြေစမ်းပွဲကို လာမည့် ဧပြီလ ဒုတိယပတ်တွင် ရန်ကုန်၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ခြေစမ်းပွဲ ကစားရန်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ပေါ်နေသောသတင်းများအရ သိရသည်။

“ခြေစမ်းပွဲ စီစဉ်တာပါပဲ။ ခြေစမ်းပွဲဆိုတာ လာကန်မယ်၊ မကန်ဘူးဆိုပြီး ပြဿနာမရှိဘူး။ လာဖို့သွားဖို့ အဆင်မပြေလို့ ပျက်သွားတယ်။ ပွဲကလည်း ပြိုင်ပွဲ မဟုတ်ဘူး။ FIFA DAY ပါပဲ။ အဲဒီလိုပဲ ခြေစမ်းပွဲကန်မယ့်ရက် ရှိသလို အသင်းနားနေတဲ့ရက်ရှိတာဆိုတော့ ချိန်းကန်ကြတာပါပဲ။ မကန်ဖြစ်တာကလည်း သင်္ကြန်တွင်းကာလကြီး ဆိုတော့ အကုန်လုံး အခက်အခဲရှိလို့ပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ ASIAN FOOTBALL အမည်ရှိ လူမှုကွန်ရက် Facebook သတင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ၏ မတည်ငြိမ်သောအခြေအနေကြောင့် မကန်ဖြစ်တော့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားထားကြောင်းရေးသားထားသည်။

Zawgyi Version;
ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္း ႏွင့္ ဘဂၤလားေဒ့ရွ္အမ်ိဳးသမီးေဘာလုံးအသင္းတို႔ ေျခစမ္းပြဲကန္ရန္ စီစဥ္ထားေသာ္လည္း မကန္ျဖစ္ေတာ့
သန႔္ဇင္ (NP News) - ဧၿပီ ၃

ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းႏွင့္ ဘဂၤလားေဒ့ရွ္အမ်ိဳးသမီးေဘာလုံးအသင္းတို႔ ေျခစမ္းပြဲကန္ရန္ စီစဥ္ထားေသာ္လည္း မကန္ျဖစ္ေတာ့ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါေျခစမ္းပြဲကို လာမည့္ ဧၿပီလ ဒုတိယပတ္တြင္ ရန္ကုန္၌ က်င္းပရန္ စီစဥ္ထားျခင္းျဖစ္ေသာ္လည္း ေျခစမ္းပြဲ ကစားရန္အစီအစဥ္ကို ဘဂၤလားေဒ့ရွ္ဘက္မွ ဖ်က္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ေပၚေနေသာသတင္းမ်ားအရ သိရသည္။

“ေျခစမ္းပြဲ စီစဥ္တာပါပဲ။ ေျခစမ္းပြဲဆိုတာ လာကန္မယ္၊ မကန္ဘူးဆိုၿပီး ျပႆနာမရွိဘူး။ လာဖို႔သြားဖို႔ အဆင္မေျပလို႔ ပ်က္သြားတယ္။ ပြဲကလည္း ၿပိဳင္ပြဲ မဟုတ္ဘူး။ FIFA DAY ပါပဲ။ အဲဒီလိုပဲ ေျခစမ္းပြဲကန္မယ့္ရက္ ရွိသလို အသင္းနားေနတဲ့ရက္ရွိတာဆိုေတာ့ ခ်ိန္းကန္ၾကတာပါပဲ။ မကန္ျဖစ္တာကလည္း သၾကၤန္တြင္းကာလႀကီး ဆိုေတာ့ အကုန္လုံး အခက္အခဲရွိလို႔ေပါ့” ဟု ၎က ေျပာသည္။

အဆိုပါပြဲစဥ္ႏွင့္ပတ္သက္၍ ASIAN FOOTBALL အမည္ရွိ လူမႈကြန္ရက္ Facebook သတင္းစာမ်က္ႏွာတြင္ ေဖာ္ျပထားခ်က္အရ ျမန္မာႏိုင္ငံ၏ မတည္ၿငိမ္ေသာအေျခအေနေၾကာင့္ မကန္ျဖစ္ေတာ့ျခင္းျဖစ္သည္ဟု ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မွတ္ခ်က္ျပဳေျပာၾကားထားေၾကာင္းေရးသားထားသည္။

Related news

© 2021. All rights reserved.