မောင်ကိန်းရွှေဆိုင် အပါအဝင် ရွှေဆိုင်အချို့ကို ရွှေရောင်ဝယ်သူများဆိုင်ရာညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်မှုကြောင့် ဗဟိုဘဏ် အရေးယူ

 3706

ယွန်း (NP News) - ဧပြီ ၃

မောင်ကိန်းရွှေဆိုင် အပါအဝင် ရွှေဆိုင်(၃)ဆိုင် နှင့် ရွှေလုပ်ငန်း(၄)ခုကို ရွှေရောင်ဝယ်သူများဆိုင်ရာ ညွှန်ကြားချက် ကို လိုက်နာရန်ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရေးယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့(ဧပြီ ၂ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ်ဆေး ရေးအဖွဲ့များကို ဖွဲ့စည်းပြီး ရန်ကုန်နှင့် မန္တလေးတို့ရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင် နှင့် ခရမ်းသုံးခွရွှေဆိုင်တို့ သည် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေး အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါအဝင် ရွှေရောင်းဝယ် သူများလိုက်နာရမည့် “အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်” ကို လိုက်နာရန် ပျက်ကွက် သည်ကိုတွေ့ရကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ထို့ပြင် မန္တလေးတိုင်းအတွင်းရှိ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း အပါအဝင် ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ် ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေရွှေဆိုင်လုပ်ငန်းတို့သည်လည်း အထက်ပါအတိုင်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါရွှေဆိုင်များကို ဧပြီ(၂)ရက်မှစ၍ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင် လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် သတိပေးလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းယာယီရပ်ဆိုင်းခြင်း အပါအဝင် လိုအပ်သည့်အရေးယူမှုများကို သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အလားတူ ရွှေဈေးနှုန်းများကို ဈေးကစားပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေရန် သတင်းထုတ်လွှင့်သူများ၊ အရောင်းအဝယ် တကယ်မဖြစ်သည့် လေပတ်ကားရွှေ‌ဈေးနှုန်းများကို လူမှုကွန်ယက်မီဒီယာများတွင်ဖော်ပြပြီး ရွှေဈေးနှုန်းမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်သူများကို ဥပ‌ဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူနိုင်ရန် ကြီးကြပ် စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာနများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

Zawgyi Version;
ေမာင္ကိန္းေ႐ႊဆိုင္ အပါအဝင္ ေ႐ႊဆိုင္အခ်ိဳ႕ကို ေ႐ႊေရာင္ဝယ္သူမ်ားဆိုင္ရာၫႊန္ၾကားခ်က္ကို လိုက္နာရန္ ပ်က္ကြက္မႈေၾကာင့္ ဗဟိုဘဏ္ အေရးယူ
ယြန္း (NP News) - ဧၿပီ ၃

ေမာင္ကိန္းေ႐ႊဆိုင္ အပါအဝင္ ေ႐ႊဆိုင္(၃)ဆိုင္ ႏွင့္ ေ႐ႊလုပ္ငန္း(၄)ခုကို ေ႐ႊေရာင္ဝယ္သူမ်ားဆိုင္ရာ ၫႊန္ၾကားခ်က္ ကို လိုက္နာရန္ပ်က္ကြက္မႈေၾကာင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အေရးယူခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယမန္ေန႔(ဧၿပီ ၂ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီသည္ ပူးေပါင္းအထူးစစ္ေဆး ေရးအဖြဲ႕မ်ားကို ဖြဲ႕စည္းၿပီး ရန္ကုန္ႏွင့္ မႏၲေလးတို႔ရွိ ေ႐ႊဆိုင္မ်ားကို ကြင္းဆင္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ရန္ကုန္တိုင္းအတြင္းရွိ ေမာင္ကိန္းေ႐ႊဆိုင္၊ နယူးတိုင္စင္ေ႐ႊဆိုင္ ႏွင့္ ခရမ္းသုံးခြေ႐ႊဆိုင္တို႔ သည္ အဖိုးတန္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ေရး အသိအမွတ္ျပဳ မွတ္ပုံတင္လက္မွတ္မရွိျခင္း အပါအဝင္ ေ႐ႊေရာင္းဝယ္ သူမ်ားလိုက္နာရမည့္ “အဖိုးတန္သတၱဳ (ေ႐ႊ) ေရာင္းဝယ္သူမ်ားဆိုင္ရာ ၫႊန္ၾကားခ်က္” ကို လိုက္နာရန္ ပ်က္ကြက္ သည္ကိုေတြ႕ရေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

ထို႔ျပင္ မႏၲေလးတိုင္းအတြင္းရွိ ေ႐ႊစင္ဝင္းေ႐ႊသန႔္စင္လုပ္ငန္း အပါအဝင္ ေ႐ႊမင္းသားေ႐ႊေလွာ္ဖိုလုပ္ငန္း၊ မန္းစံပယ္ ေ႐ႊေရာင္းဝယ္ေရးလုပ္ငန္းႏွင့္ ျမန္မာေ႐ႊေ႐ႊဆိုင္လုပ္ငန္းတို႔သည္လည္း အထက္ပါအတိုင္း အသိအမွတ္ျပဳ မွတ္ပုံတင္လက္မွတ္မရွိျခင္း ႏွင့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါေ႐ႊဆိုင္မ်ားကို ဧၿပီ(၂)ရက္မွစ၍ အဖိုးတန္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ေရး အသိအမွတ္ျပဳမွတ္ပုံတင္ လက္မွတ္မရွိဘဲ လုပ္ငန္းေဆာင္႐ြက္ျခင္းမျပဳရန္ သတိေပးလက္မွတ္ေရးထိုးေစခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လုပ္ငန္းယာယီရပ္ဆိုင္းျခင္း အပါအဝင္ လိုအပ္သည့္အေရးယူမႈမ်ားကို သက္ဆိုင္ရာဥပေဒျပ႒ာန္းခ်က္မ်ား ႏွင့္အညီ ေဆာင္႐ြက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

အလားတူ ေ႐ႊေဈးႏႈန္းမ်ားကို ေဈးကစားၿပီး ျပည္သူလူထု စိုးရိမ္ပူပန္မႈျဖစ္ေစရန္ သတင္းထုတ္လႊင့္သူမ်ား၊ အေရာင္းအဝယ္ တကယ္မျဖစ္သည့္ ေလပတ္ကားေ႐ႊ‌ေဈးႏႈန္းမ်ားကို လူမႈကြန္ယက္မီဒီယာမ်ားတြင္ေဖာ္ျပၿပီး ေ႐ႊေဈးႏႈန္းမၿငိမ္မသက္ျဖစ္ေစရန္ ေဆာင္႐ြက္သူမ်ားကို ဥပ‌ေဒျပ႒ာန္းခ်က္မ်ားႏွင့္အညီ အေရးယူႏိုင္ရန္ ႀကီးၾကပ္ စစ္ေဆးျခင္းလုပ္ငန္းမ်ားကို သက္ဆိုင္ရာအစိုးရဌာနမ်ား၊ တရားဥပေဒစိုးမိုးေရးအဖြဲ႕အစည္းမ်ား ႏွင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

Picture

heintay zar

05/04/2024 22:55

အာလူးပါလို့။ မရှင်းမှာစီုးလို့ potato ပါလို့။

Related news

© 2021. All rights reserved.