ကျောင်းမှတ်ပုံတင်လျှောက်လွှာ မတင်သွင်းသော ပုဂ္ဂလိကကျောင်းများကို မေလ(၁၂)ရက် နောက်ပိုင်းတွင် ပိတ်သိမ်းမည်

 532

ယွန်း (NP News) – ဧပြီ ၄

ကျောင်းမှတ်ပုံတင်လျှောက်လွှာမတင်သွင်းသော ပုဂ္ဂလိကကျောင်းများကို လာမည့် မေလ(၁၂)ရက်နေ့ နောက်ပိုင်း တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ STI Myanmar University သို့သွားရောက်စဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေး ဝန်ကြီးဌာန၊ ပုဂ္ဂလိက ကျောင်းများကြီးကြပ်ရေးအဖွဲ့က ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ မတ်လ (၈)ရက် နောက်ဆုံးထားတင်သွင်းရန် ညွှန်ကြားစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သို့သော် ကျောင်းကြီးအချို့သည် လျှောက်လွှာတင်သွင်းခြင်းမရှိခြင်းကြောင့် ကျောင်းမှတ်ပုံတင်လျှောက်လွှာကို သတ်မှတ်ရက်အမီ တင်သွင်းလျှောက်ထားရန် အသိပေးထားပြီး လျှောက်လွှာမတင်သွင်းသော ကျောင်းများကို ဥပဒေအာဏာတည်သည့်နေ့မှစ၍ တစ်နှစ်ပြည့်မြောက်သော ၂၀၂၄ ခုနှစ် မေလ (၁၂) ရက် နောက်ပိုင်းတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က ပြောသည်။

“ရန်ကုန်တစ်တိုင်းလုံးတင် ပုဂ္ဂလိကကျောင်းက (၁၂၀ဝ) လောက်ရှိတယ်လို့တော့ ခန့်မှန်းတာ‌ပေါ့။ မှတ်ပုံတင် လျှောက်လွှာမတင်တဲ့ကျောင်းတွေကတော့ သိပ်တော့မရှိပါဘူး။ တချို့တွေကလည်း International school ဆိုပြီးတော့ Shopping center တွေမှာဖွင့်ပြီးတော့ ဥပဒေနဲ့မညီလို့ လျှောက်လွှာ ပြန်မတင်တာတွေလည်း ရှိကောင်းရှိမယ်ထင်တယ်။ သေသေချာချာဥပဒေအတိုင်း တိတိကျကျလုပ်ရင်တော့ ကျောင်းကတော့ ရှားသွား မှာပေါ့။ ကျောင်းမှတ်ပုံတင်လျှောက်လွှာကတော့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒီဟာရှိမှ ကျောင်းပြောင်း လက်မှတ် ထုတ်ပေးရတာလည်းရှိတယ်။ တရားဝင်လုပ်ကိုင်ခွင့်တွေကို အစိုးကျောင်းတွေနည်းတူရတာပေါ့ ” ဟု ရန်ကုန်တိုင်းအတွင်း၌ ပုဂ္ဂလိကကျောင်းတည်ထောင်ထားသူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် အသစ်ဖွင့်လှစ်မည့် ပုဂ္ဂလိကကျောင်း များသည်လည်း ကျောင်းမှတ်ပုံတင်လျှောက်လွှာ အမြန် ဆုံးလျှောက်ထားရန်လိုအပ်ပြီး ဥပဒေတွင် မည်သူမျှ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်း မှတ်ပုံတင် လက်မှတ်မရှိဘဲ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကို တည်ထောင်ဖွင့်လှစ်ခြင်း မပြုရဟု ပြဋ္ဌာန်းထား ကြောင်း သိရသည်။ အလားတူ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်လက် မှတ်မရှိသောသူကို ပုဂ္ဂလိက ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်း မပြုရဟု ပြဋ္ဌာန်းထားကြောင်း ဒေါက်တာဇော်မြင့်က ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော် အလံအလေးပြုခြင်းရှိ၊ မရှိအပါအဝင် သတင်းအချက်အလက် များကို ကွင်းဆင်းစစ်ဆေးကောက်ယူရန် နစက၏ ပညာရေးဝန်ကြီးဌာနက အဖွဲ့ (၂) ဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ်လက ဖွဲ့စည်းခဲ့သည်။

Zawgyi Version;
ေက်ာင္းမွတ္ပုံတင္ေလွ်ာက္လႊာ မတင္သြင္းေသာ ပုဂၢလိကေက်ာင္းမ်ားကို ေမလ(၁၂)ရက္ ေနာက္ပိုင္းတြင္ ပိတ္သိမ္းမည္
ယြန္း (NP News) – ဧၿပီ ၄

ေက်ာင္းမွတ္ပုံတင္ေလွ်ာက္လႊာမတင္သြင္းေသာ ပုဂၢလိကေက်ာင္းမ်ားကို လာမည့္ ေမလ(၁၂)ရက္ေန႔ ေနာက္ပိုင္း တြင္ ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနထံမွ သိရသည္။

ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္က ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္တြင္ ရန္ကုန္ၿမိဳ႕ လႈိင္ၿမိဳ႕နယ္ရွိ STI Myanmar University သို႔သြားေရာက္စဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။ ပညာေရး ဝန္ႀကီးဌာန၊ ပုဂၢလိက ေက်ာင္းမ်ားႀကီးၾကပ္ေရးအဖြဲ႕က ပုဂၢလိကေက်ာင္း မွတ္ပုံတင္ေလွ်ာက္လႊာမ်ားကို ၂၀၂၄ ခုႏွစ္၊ မတ္လ (၈)ရက္ ေနာက္ဆုံးထားတင္သြင္းရန္ ၫႊန္ၾကားစာထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ေက်ာင္းႀကီးအခ်ိဳ႕သည္ ေလွ်ာက္လႊာတင္သြင္းျခင္းမရွိျခင္းေၾကာင့္ ေက်ာင္းမွတ္ပုံတင္ေလွ်ာက္လႊာကို သတ္မွတ္ရက္အမီ တင္သြင္းေလွ်ာက္ထားရန္ အသိေပးထားၿပီး ေလွ်ာက္လႊာမတင္သြင္းေသာ ေက်ာင္းမ်ားကို ဥပေဒအာဏာတည္သည့္ေန႔မွစ၍ တစ္ႏွစ္ျပည့္ေျမာက္ေသာ ၂၀၂၄ ခုႏွစ္ ေမလ (၁၂) ရက္ ေနာက္ပိုင္းတြင္ ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ေဒါက္တာေဇာ္ျမင့္က ေျပာသည္။

“ရန္ကုန္တစ္တိုင္းလုံးတင္ ပုဂၢလိကေက်ာင္းက (၁၂၀ဝ) ေလာက္ရွိတယ္လို႔ေတာ့ ခန႔္မွန္းတာ‌ေပါ့။ မွတ္ပုံတင္ ေလွ်ာက္လႊာမတင္တဲ့ေက်ာင္းေတြကေတာ့ သိပ္ေတာ့မရွိပါဘူး။ တခ်ိဳ႕ေတြကလည္း International school ဆိုၿပီးေတာ့ Shopping center ေတြမွာဖြင့္ၿပီးေတာ့ ဥပေဒနဲ႔မညီလို႔ ေလွ်ာက္လႊာ ျပန္မတင္တာေတြလည္း ရွိေကာင္းရွိမယ္ထင္တယ္။ ေသေသခ်ာခ်ာဥပေဒအတိုင္း တိတိက်က်လုပ္ရင္ေတာ့ ေက်ာင္းကေတာ့ ရွားသြား မွာေပါ့။ ေက်ာင္းမွတ္ပုံတင္ေလွ်ာက္လႊာကေတာ့ အေရးႀကီးတယ္။ ဘာလို႔လဲဆိုေတာ့ ဒီဟာရွိမွ ေက်ာင္းေျပာင္း လက္မွတ္ ထုတ္ေပးရတာလည္းရွိတယ္။ တရားဝင္လုပ္ကိုင္ခြင့္ေတြကို အစိုးေက်ာင္းေတြနည္းတူရတာေပါ့ ” ဟု ရန္ကုန္တိုင္းအတြင္း၌ ပုဂၢလိကေက်ာင္းတည္ေထာင္ထားသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ အသစ္ဖြင့္လွစ္မည့္ ပုဂၢလိကေက်ာင္း မ်ားသည္လည္း ေက်ာင္းမွတ္ပုံတင္ေလွ်ာက္လႊာ အျမန္ ဆုံးေလွ်ာက္ထားရန္လိုအပ္ၿပီး ဥပေဒတြင္ မည္သူမွ် ကိုယ္ပိုင္ (သို႔မဟုတ္) ပုဂၢလိကေက်ာင္း မွတ္ပုံတင္ လက္မွတ္မရွိဘဲ ကိုယ္ပိုင္(သို႔မဟုတ္)ပုဂၢလိကေက်ာင္းကို တည္ေထာင္ဖြင့္လွစ္ျခင္း မျပဳရဟု ျပ႒ာန္းထား ေၾကာင္း သိရသည္။ အလားတူ မည္သူမွ် ပုဂၢလိကေက်ာင္းဆရာမွတ္ပုံတင္လက္ မွတ္မရွိေသာသူကို ပုဂၢလိက ေက်ာင္းဆရာအျဖစ္ ခန႔္အပ္ျခင္း သို႔မဟုတ္ သင္ၾကားေစျခင္း မျပဳရဟု ျပ႒ာန္းထားေၾကာင္း ေဒါက္တာေဇာ္ျမင့္က ေျပာသည္။

လက္ရွိတြင္ ပုဂၢလိကေက်ာင္းမ်ား၌ ႏိုင္ငံေတာ္ အလံအေလးျပဳျခင္းရွိ၊ မရွိအပါအဝင္ သတင္းအခ်က္အလက္ မ်ားကို ကြင္းဆင္းစစ္ေဆးေကာက္ယူရန္ နစက၏ ပညာေရးဝန္ႀကီးဌာနက အဖြဲ႕ (၂) ဖြဲ႕ကို ၿပီးခဲ့သည့္ ဩဂုတ္လက ဖြဲ႕စည္းခဲ့သည္။

Related news

© 2021. All rights reserved.