ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် ဒေါ်လာသန်းပေါင်းများစွာကို NUG ဦးမိုးဇော်ဦးက စာရင်းမရှင်းဘဲ မောင်ပိုင်စီး သုံးစွဲနေပြီဟု ပါတီဝင်အချို့ ထုတ်ဖော်

 18317

Iris (NP News) - ဧပြီ ၄

ဦးဖြိုးမင်းသိန်း၊ ဦးမောင်ဝိတ်အပါအဝင် လုပ်ငန်းရှင်များနှင့် ပြည်သူများလှူဒါန်းထားသည့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းပိုင် ဒေါ်လာသန်းပေါင်းများစွာသော ငွေကြေးများကို NUG မှ ဦးမိုးဇော်ဦးက စာရင်းမရှင်းလင်းဘဲ မောင်ပိုင်စီး၍သုံးစွဲနေပြီဟု မဲဆောက်ရောက် NLD ပါတီဝင်အချို့က ထုတ်ဖော်ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန်ထမ်းဆောင်နေစဉ်ကာလများအတွင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကိစ္စအရပ်ရပ်ကို ရေနံသူဌေးကြီး ဦးမိုက်ကယ်မိုးမြင့်၏ ဇနီးဖြစ်သူ ဒေါ်ဥမ္မာမိုးမြင့်က တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ဒေါ်ဥမ္မာမိုးမြင့် ကွယ်လွန်ချိန်တွင် ငွေကြေးကိစ္စများကို တာဝန်ယူသူက ဦးမိုးဇော်ဦးဖြစ်ခဲ့ကြောင်း ပါတီဝင်အချို့က ထုတ်ဖော်ပြောကြားလာသည်။
“နိုင်ငံရေးအခြေအနေ (၂၀၂၁ ကို ဆိုလိုသည်) မကောင်းဘူးဆိုတာကို မိုးဇော်ဦးက သိတယ်။ ပိုက်ဆံတွေကို တခြား နေရာတွေဆီ တစ်ခါ တည်း ရွှေ့ထားလိုက်တယ်။ မိုးဇော်ဦးက မြန်မာပြည်မှာတုန်းကလည်း ဘာအလုပ်မှမရှိဘူး။ နိုင်ငံခြား ထွက်ပြေးသွားတော့လည်း ဘာအလုပ်မှမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နားမှာ နေတုန်းကလည်း တရားဝင်ဝန်ထမ်းလည်း မဟုတ်ဘူး။ မိဘမျိုးရိုးကလည်း ချမ်းသာတဲ့သူတွေမဟုတ်ဘူး။ အမေရိကန်မှာ ငွေအထုပ်လိုက်ပိုက်ပြီး နေနိုင်တာက ဘယ်ကရတဲ့ပိုက်ဆံတွေဖြစ်မလဲ ” ဟု မဲဆောက် ရောက် NLD သက်တမ်းရင့် ပါတီဝင်တစ်ဦးက NP News ကို ပြောသည်။
ဦးမိုးဇော်ဦး ရရှိသွားခဲ့သော ငွေပမာဏမှာ ဒေါ်လာသုံးသန်းထက် မနည်းရှိနေလိမ့်မည်ဟု ခန့်မှန်းထားကြပြီး အဆိုပါငွေကြေးများကို နာမည်အမျိုးမျိုးဖြင့် ပတ်သက်ဆက်နွယ်သူ စိတ်ချရသည့်မိသားစုဝင်များထံ လွှဲပြောင်း ပေးထားခဲ့သည် ဟု ဆိုသည်။ တစ်နည်းအားဖြင့် အမေရိကန်တွင်နေထိုင်သော ယောက်ဖဖြစ်သူ ဦးမြင့်စိုးနှင့် ဆက်စပ်နေလိမ့်မည်ဟု ခန့်မှန်းကြသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်ဥမ္မာမိုးမြင့် ဦးဆောင်နေစဉ်ကာလအတွင်းက ပူးတွဲပါဝင်သူအဖြစ် ဦးသန့်သော် ကောင်း လည်းရှိနေခဲ့ပြီး ၎င်းတို့၏ အကူပုံစံမျိုးဖြင့် ဦးမိုးဇော်ဦးက ပြည်ပမှ ပြန်လာခဲ့ပြီးနောက် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းအောက်မှ လရောင်တောစီမံကိန်း ကိစ္စများကို လုပ်ခလစာမဲ့ လုပ်ကိုင်ပေးနေသူများဖြစ်ခဲ့ကြသည်။ အဂတိမှုဖြင့် စစ်ဆေးခံရစဉ်အတွင်း၌ ဦးဖြိုးမင်းသိန်းနှင့် ဦးမောင် ဝိတ်တို့က ဒေါ်အောင်ဆန်းစုကြည်ထံပေးခဲ့ သော ဒေါ်လာနှင့်ရွှေတို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက်သာဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြား ခဲ့ကြသော်လည်း ဖောင်ဒေးရှင်း၏ ဘဏ်စာရင်းတွင်မူ မည်သည့်ငွေကြေးများမှ ကျန်ရှိနေခြင်းမရှိခဲ့ကြောင်း ပြန်လည်ကြား သိရသည်။

အထူးသဖြင့် ဘဏ်ငွေစာရင်း အဝင်အထွက်များတွင် မေးခွန်းထုတ်စရာ မရိုးရှင်းသည့် ကိန်းဂဏန်း စာရင်းဇယား များဖြစ်နေသည်ဟု ဆိုသည်။ “ စာရင်းကရှိပြီး ပိုက်ဆံက တစ်ပြားမှ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပိုက်ဆံတွေကို မိုးဇော်ဦးက ယူသွားတာ။ ပိုက်ဆံကိုကိုင်တာက ဒေါ်ဥမ္မာမိုးမြင့် ကွယ်လွန်ပြီးချိန်မှာ မိုးဇော်ဦး ကိုင်တယ်။ စာရင်းကိုကိုင်တာက သန့်သော်ကောင်း” ဟု မဲဆောက် သတင်းရင်းမြစ်က ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် လရောင် တောစီမံကိန်းတို့၏ လုပ်ငန်းလည်ပတ်မှုပုံစံမှာ ဆက်စပ်နေပြီး ဒေါ်ဥမ္မာမိုးမြင့်က ဒေါ်အောင်ဆန်းစု ကြည်၏ယုံကြည်စိတ်ချရဆုံး သူတစ်ဦးအဖြစ် ငွေကြေးထုတ်ယူခွင့်ရှိထား ကြောင်း၊ ထုတ်ယူသမျှစာရင်းများကို ဦးသန့်သော်ကောင်းက စာရင်းစစ်သဖွယ် တာဝန်ယူခဲ့ရကြောင်း၊ လရောင်တောစီမံကိန်းအတွက် ထုတ်ယူသုံးစွဲသော ငွေကြေး များကို ဦးမိုးဇော်ဦးက ဒေါ်ဥမ္မာမိုးမြင့်ထံမှ ရယူကာ လုပ်ငန်းဖော်ဆောင်ရခြင်းမျိုးဖြစ်ပြီး ဒေါ်ဥမ္မာမိုးမြင့် ကွယ်လွန်ချိန်တွင် ဦးမိုးဇော်ဦးတစ်ဦးတည်းကသာ အလုံးစုံ နီးပါး လုပ်ကိုင်ခွင့်ရသွားခြင်းမျိုးဖြစ်ကြောင်း အတွင်းသတင်းရင်းမြစ်က အတည်ပြုသည်။

“ဘိလပ်မြေထုတ်တဲ့ကုမ္ပဏီ (ဤနေရာတွင် လုပ်ငန်းနာမည်ကို ဖယ်ထားပါသည်) တစ်ခုဆိုရင် ဒေါ်အောင်ဆန်းစု ကြည်ဆီကို နှစ်စဉ် ဒေါ်လာ ငါးသန်းပေးတယ်လို့ ပြန်ကြားရတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူတယ် လို့ပြောပြီးပေးတာ။ အဓိကကတော့ သူ့အလုပ်တွေမှာ အနှောင့်အယှက်မဖြစ်အောင်လို့ပေါ့ ” ဟု အိမ်တော် လုံခြုံရေးတာဝန်ယူဖူးသူ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ငွေဝင် ငွေထွက်ကိစ္စများနှင့် ပတ်သက်၍ နစကဘက်ကမူ စာနာထောက်ထားမှုနှင့် လေးစားတန်ဖိုးထားမှုကို ပြသသည့်သဘောမျိုးဖြင့် အများပြည်သူထံ ထုတ်ပြန်ခြင်းမျိုးမလုပ်ခဲ့ပေ။ သို့သော်လည်း ယင်းသတင်းအချက်အလက်များက ဖောင်ဒေးရှင်းနှင့်နီးကပ်စွာနေထိုင်ခဲ့ကြသူ ပါတီဝင် အများအပြားက သိရှိထား ပြီးသားဖြစ်ကြောင်း၊ အချို့က သိလျက်နှင့်ရေငုံနှုတ်ပိတ်၍နေကြခြင်းမျိုး ဖြစ်ကြောင်း ပြန်လည်သိရှိရသည်။

“နစက အာဏာ ထိန်း(စကစ အာဏာသိမ်းဟု ၎င်းသုံးစွဲ) လိုက်တာက မိုးဇော်ဦးတို့ အုပ်စုတွေအတွက် အကြိုက် ဖြစ်သွားတာပေါ့။ ယူသွားသမျှ ပိုက်ဆံတွေ ရှင်းစရာမလိုတော့ဘူးလေ” ဟု မဲဆောက်သတင်းရင်းမြစ်က ပြော သည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ခေါင်းစဉ်များအောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားသော ဆက်စပ်သူများ အဂတိမှုဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ကျခံရသူများလည်း ရှိလာခဲ့သည်။ သို့သော်လည်း ဦးမိုးဇော်ဦးနှင့် ဦးသန့်သော်ကောင်းတို့မှာ ခေါ်ယူစစ်မေးခံရပြီးနောက် ဦးမိုးဇော်ဦးက ပြန်လွတ်လာချိန်မှစ၍ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ကာ NUG တွင် ရာထူးတာဝန်ယူခဲ့ကြောင်း၊ ဦးသန့်သော်ကောင်းမှာ မြန်မာနိုင်ငံ တွင်း၌ပင် အန္တရာယ်ကင်းစွာ ဆက်လက် နေထိုင်လျက်ရှိသည်ဟု ကြားသိရသည်။

Zawgyi Version;
ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းပိုင္ ေဒၚလာသန္းေပါင္းမ်ားစြာကို NUG ဦးမိုးေဇာ္ဦးက စာရင္းမရွင္းဘဲ ေမာင္ပိုင္စီး သုံးစြဲေနၿပီဟု ပါတီဝင္အခ်ိဳ႕ ထုတ္ေဖာ္
Iris (NP News) - ဧၿပီ ၄

ဦးၿဖိဳးမင္းသိန္း၊ ဦးေမာင္ဝိတ္အပါအဝင္ လုပ္ငန္းရွင္မ်ားႏွင့္ ျပည္သူမ်ားလႉဒါန္းထားသည့္ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းပိုင္ ေဒၚလာသန္းေပါင္းမ်ားစြာေသာ ေငြေၾကးမ်ားကို NUG မွ ဦးမိုးေဇာ္ဦးက စာရင္းမရွင္းလင္းဘဲ ေမာင္ပိုင္စီး၍သုံးစြဲေနၿပီဟု မဲေဆာက္ေရာက္ NLD ပါတီဝင္အခ်ိဳ႕က ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

ေဒၚေအာင္ဆန္းစုၾကည္ အစိုးရတာဝန္ထမ္းေဆာင္ေနစဥ္ကာလမ်ားအတြင္းက ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ ကိစၥအရပ္ရပ္ကို ေရနံသူေဌးႀကီး ဦးမိုက္ကယ္မိုးျမင့္၏ ဇနီးျဖစ္သူ ေဒၚဥမၼာမိုးျမင့္က တာဝန္ယူခဲ့ျခင္းျဖစ္ၿပီး ေဒၚဥမၼာမိုးျမင့္ ကြယ္လြန္ခ်ိန္တြင္ ေငြေၾကးကိစၥမ်ားကို တာဝန္ယူသူက ဦးမိုးေဇာ္ဦးျဖစ္ခဲ့ေၾကာင္း ပါတီဝင္အခ်ိဳ႕က ထုတ္ေဖာ္ေျပာၾကားလာသည္။
“ႏိုင္ငံေရးအေျခအေန (၂၀၂၁ ကို ဆိုလိုသည္) မေကာင္းဘူးဆိုတာကို မိုးေဇာ္ဦးက သိတယ္။ ပိုက္ဆံေတြကို တျခား ေနရာေတြဆီ တစ္ခါ တည္း ေ႐ႊ႕ထားလိုက္တယ္။ မိုးေဇာ္ဦးက ျမန္မာျပည္မွာတုန္းကလည္း ဘာအလုပ္မွမရွိဘူး။ ႏိုင္ငံျခား ထြက္ေျပးသြားေတာ့လည္း ဘာအလုပ္မွမရွိဘူး။ ေဒၚေအာင္ဆန္းစုၾကည္နားမွာ ေနတုန္းကလည္း တရားဝင္ဝန္ထမ္းလည္း မဟုတ္ဘူး။ မိဘမ်ိဳး႐ိုးကလည္း ခ်မ္းသာတဲ့သူေတြမဟုတ္ဘူး။ အေမရိကန္မွာ ေငြအထုပ္လိုက္ပိုက္ၿပီး ေနႏိုင္တာက ဘယ္ကရတဲ့ပိုက္ဆံေတြျဖစ္မလဲ ” ဟု မဲေဆာက္ ေရာက္ NLD သက္တမ္းရင့္ ပါတီဝင္တစ္ဦးက NP News ကို ေျပာသည္။
ဦးမိုးေဇာ္ဦး ရရွိသြားခဲ့ေသာ ေငြပမာဏမွာ ေဒၚလာသုံးသန္းထက္ မနည္းရွိေနလိမ့္မည္ဟု ခန႔္မွန္းထားၾကၿပီး အဆိုပါေငြေၾကးမ်ားကို နာမည္အမ်ိဳးမ်ိဳးျဖင့္ ပတ္သက္ဆက္ႏြယ္သူ စိတ္ခ်ရသည့္မိသားစုဝင္မ်ားထံ လႊဲေျပာင္း ေပးထားခဲ့သည္ ဟု ဆိုသည္။ တစ္နည္းအားျဖင့္ အေမရိကန္တြင္ေနထိုင္ေသာ ေယာက္ဖျဖစ္သူ ဦးျမင့္စိုးႏွင့္ ဆက္စပ္ေနလိမ့္မည္ဟု ခန႔္မွန္းၾကသည္။

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကို ေဒၚဥမၼာမိုးျမင့္ ဦးေဆာင္ေနစဥ္ကာလအတြင္းက ပူးတြဲပါဝင္သူအျဖစ္ ဦးသန႔္ေသာ္ ေကာင္း လည္းရွိေနခဲ့ၿပီး ၎တို႔၏ အကူပုံစံမ်ိဳးျဖင့္ ဦးမိုးေဇာ္ဦးက ျပည္ပမွ ျပန္လာခဲ့ၿပီးေနာက္ ေဒၚခင္ၾကည္ေဖာင္ ေဒးရွင္းေအာက္မွ လေရာင္ေတာစီမံကိန္း ကိစၥမ်ားကို လုပ္ခလစာမဲ့ လုပ္ကိုင္ေပးေနသူမ်ားျဖစ္ခဲ့ၾကသည္။ အဂတိမႈျဖင့္ စစ္ေဆးခံရစဥ္အတြင္း၌ ဦးၿဖိဳးမင္းသိန္းႏွင့္ ဦးေမာင္ ဝိတ္တို႔က ေဒၚေအာင္ဆန္းစုၾကည္ထံေပးခဲ့ ေသာ ေဒၚလာႏွင့္ေ႐ႊတို႔မွာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း အတြက္သာျဖစ္ေၾကာင္း အတိအလင္း ထုတ္ေဖာ္ေျပာၾကား ခဲ့ၾကေသာ္လည္း ေဖာင္ေဒးရွင္း၏ ဘဏ္စာရင္းတြင္မူ မည္သည့္ေငြေၾကးမ်ားမွ က်န္ရွိေနျခင္းမရွိခဲ့ေၾကာင္း ျပန္လည္ၾကား သိရသည္။

အထူးသျဖင့္ ဘဏ္ေငြစာရင္း အဝင္အထြက္မ်ားတြင္ ေမးခြန္းထုတ္စရာ မ႐ိုးရွင္းသည့္ ကိန္းဂဏန္း စာရင္းဇယား မ်ားျဖစ္ေနသည္ဟု ဆိုသည္။ “ စာရင္းကရွိၿပီး ပိုက္ဆံက တစ္ျပားမွ မရွိေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီပိုက္ဆံေတြကို မိုးေဇာ္ဦးက ယူသြားတာ။ ပိုက္ဆံကိုကိုင္တာက ေဒၚဥမၼာမိုးျမင့္ ကြယ္လြန္ၿပီးခ်ိန္မွာ မိုးေဇာ္ဦး ကိုင္တယ္။ စာရင္းကိုကိုင္တာက သန႔္ေသာ္ေကာင္း” ဟု မဲေဆာက္ သတင္းရင္းျမစ္က ေျပာသည္။

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းႏွင့္ လေရာင္ ေတာစီမံကိန္းတို႔၏ လုပ္ငန္းလည္ပတ္မႈပုံစံမွာ ဆက္စပ္ေနၿပီး ေဒၚဥမၼာမိုးျမင့္က ေဒၚေအာင္ဆန္းစု ၾကည္၏ယုံၾကည္စိတ္ခ်ရဆုံး သူတစ္ဦးအျဖစ္ ေငြေၾကးထုတ္ယူခြင့္ရွိထား ေၾကာင္း၊ ထုတ္ယူသမွ်စာရင္းမ်ားကို ဦးသန႔္ေသာ္ေကာင္းက စာရင္းစစ္သဖြယ္ တာဝန္ယူခဲ့ရေၾကာင္း၊ လေရာင္ေတာစီမံကိန္းအတြက္ ထုတ္ယူသုံးစြဲေသာ ေငြေၾကး မ်ားကို ဦးမိုးေဇာ္ဦးက ေဒၚဥမၼာမိုးျမင့္ထံမွ ရယူကာ လုပ္ငန္းေဖာ္ေဆာင္ရျခင္းမ်ိဳးျဖစ္ၿပီး ေဒၚဥမၼာမိုးျမင့္ ကြယ္လြန္ခ်ိန္တြင္ ဦးမိုးေဇာ္ဦးတစ္ဦးတည္းကသာ အလုံးစုံ နီးပါး လုပ္ကိုင္ခြင့္ရသြားျခင္းမ်ိဳးျဖစ္ေၾကာင္း အတြင္းသတင္းရင္းျမစ္က အတည္ျပဳသည္။

“ဘိလပ္ေျမထုတ္တဲ့ကုမၸဏီ (ဤေနရာတြင္ လုပ္ငန္းနာမည္ကို ဖယ္ထားပါသည္) တစ္ခုဆိုရင္ ေဒၚေအာင္ဆန္းစု ၾကည္ဆီကို ႏွစ္စဥ္ ေဒၚလာ ငါးသန္းေပးတယ္လို႔ ျပန္ၾကားရတယ္။ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ လႉတယ္ လို႔ေျပာၿပီးေပးတာ။ အဓိကကေတာ့ သူ႔အလုပ္ေတြမွာ အေႏွာင့္အယွက္မျဖစ္ေအာင္လို႔ေပါ့ ” ဟု အိမ္ေတာ္ လုံၿခဳံေရးတာဝန္ယူဖူးသူ သတင္းရင္းျမစ္တစ္ဦးကလည္း ေျပာသည္။

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ ေငြဝင္ ေငြထြက္ကိစၥမ်ားႏွင့္ ပတ္သက္၍ နစကဘက္ကမူ စာနာေထာက္ထားမႈႏွင့္ ေလးစားတန္ဖိုးထားမႈကို ျပသသည့္သေဘာမ်ိဳးျဖင့္ အမ်ားျပည္သူထံ ထုတ္ျပန္ျခင္းမ်ိဳးမလုပ္ခဲ့ေပ။ သို႔ေသာ္လည္း ယင္းသတင္းအခ်က္အလက္မ်ားက ေဖာင္ေဒးရွင္းႏွင့္နီးကပ္စြာေနထိုင္ခဲ့ၾကသူ ပါတီဝင္ အမ်ားအျပားက သိရွိထား ၿပီးသားျဖစ္ေၾကာင္း၊ အခ်ိဳ႕က သိလ်က္ႏွင့္ေရငုံႏႈတ္ပိတ္၍ေနၾကျခင္းမ်ိဳး ျဖစ္ေၾကာင္း ျပန္လည္သိရွိရသည္။

“နစက အာဏာ ထိန္း(စကစ အာဏာသိမ္းဟု ၎သုံးစြဲ) လိုက္တာက မိုးေဇာ္ဦးတို႔ အုပ္စုေတြအတြက္ အႀကိဳက္ ျဖစ္သြားတာေပါ့။ ယူသြားသမွ် ပိုက္ဆံေတြ ရွင္းစရာမလိုေတာ့ဘူးေလ” ဟု မဲေဆာက္သတင္းရင္းျမစ္က ေျပာ သည္။ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ ေခါင္းစဥ္မ်ားေအာက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အျခားေသာ ဆက္စပ္သူမ်ား အဂတိမႈျဖင့္ တရားစြဲဆိုခံရၿပီး ေထာင္ဒဏ္ က်ခံရသူမ်ားလည္း ရွိလာခဲ့သည္။ သို႔ေသာ္လည္း ဦးမိုးေဇာ္ဦးႏွင့္ ဦးသန႔္ေသာ္ေကာင္းတို႔မွာ ေခၚယူစစ္ေမးခံရၿပီးေနာက္ ဦးမိုးေဇာ္ဦးက ျပန္လြတ္လာခ်ိန္မွစ၍ ျပည္ပသို႔ ထြက္ေျပးတိမ္းေရွာင္ကာ NUG တြင္ ရာထူးတာဝန္ယူခဲ့ေၾကာင္း၊ ဦးသန႔္ေသာ္ေကာင္းမွာ ျမန္မာႏိုင္ငံ တြင္း၌ပင္ အႏၲရာယ္ကင္းစြာ ဆက္လက္ ေနထိုင္လ်က္ရွိသည္ဟု ၾကားသိရသည္။

Related news

© 2021. All rights reserved.