မပျက်စေချင်ရင် ထိန်းသိမ်းရမယ်

 2043

မိုးတင့် (ရန်ကုန်တက္ကသိုလ်) (NP News) - ဧပြီ ၅

မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကြည့်ပြီး တစ်ခုခုပြောပါဦးလို့ တစ်ယောက်ပြောလာတယ်။ ပြောရရင် တစ်ခုခု မဟုတ်ဘူး အများကြီးပြောရမှာ။ ဖြစ်နေတာတွေက တစ်ခုတည်းမဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်း ပြောလို့လည်း ဘာမှမထူးဘူး အားလုံးဝိုင်းပြော ဝိုင်းထိန်းကြရမှာ။
မြန်မာနိုင်ငံဆိုတာကိုအခြေခံပြီး အဲဒီမြန်မာနိုင်ငံကြီး မပျက်စီးသွားစေဖို့ဆိုတဲ့ခံယူချက်အ ပေါ်ကနေ လုပ်သင့်တာ လုပ်၊ တားသင့်တာ တားကြရမှာ။ ဒါမှ မြန်မာနိုင်ငံအနာဂတ် မျှော်လင့်ချက် ရှိမယ်။ မြန်မာနိုင်ငံက နည်းနည်းလေး ကနေ လွဲလွဲလာတာ ပျက်စီးသလိုဖြစ်နေပြီ ။

မြန်မာနိုင်ငံက လက်ရှိအချိန်မှာ Hard power လို့ခေါ်တဲ့ စစ်ပွဲတွေရော၊ Soft power လို့ ခေါ်တဲ့ စိတ်ဓာတ်ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေအထိကိုပါ တိုက်ခိုက်တာခံနေရတယ်။ ဒီကာလကို အောင်မြင် အောင်မကျော်နိုင်ရင် နောင်တစ်ချိန် မြန်မာပြည်ထဲမှာနေနေကြတဲ့ မြန်မာလူမျိုးတွေ ခက်ခဲတဲ့ဆိုးရွာတဲ့ ကိစ္စတွေကို ခံစားကြရလိမ့်မယ်။ အထူးသဖြင့် နောင်လာနောက်သားတွေ ခံကြရမယ်။ တည်ငြိမ်အေးချမ်း မှုကစပြီး ယဉ်ကျေးမှုတွေ၊ ဓလေ့ ထုံးစံတွေ၊ လူမျိုးတွေ၊ ဘာသာတွေ၊ နယ်မြေတွေ၊ အချုပ်အခြာအာဏာ တွေကနေ လွတ်လပ်ရေး၊ နိုင်ငံအထိပါ ထိခိုက်သွားနိုင်တယ်။ အခုကိုယ့်မြန်မာ့ ရိုးရာသင်္ကြန်ဆိုတာ ကျင်းပဖို့ခက်တဲ့ အခြေအနေဖြစ်နေပြီ။ ရိုးရာသင်္ကြန် မှာပျော်ကြတဲ့လူငယ်တွေ ကိုယ်တိုင် သင်္ကြန်ကို မြန်မာနိုင်ငံမှာကျင်းပဖို့ အမျိုးမျိုးခေါင်းစဉ်တပ် မျက်ကွယ်ပြုပြီး လက်ဆင့်ကမ်း ထိန်းသိမ်းဖို့ ပျက်ကွက် နေကြတယ်။ ဒီလိုအချိန်မှာ ထိုင်းက သင်္ကြန်ကို ယူနက်စကိုအထိ မှတ်ပုံတင်ပြီးသူ့ နိုင်ငံအမွေအနှစ်လို့ သတ်မှတ်ပြီးယူသွားပြီ။သင်္ကြန်နဲ့ ပတ်သက်ပြီး တချို့မြန်မာလူငယ်တွေရဲ့စိတ်ဓာတ်ကို အောင်မြင်အောင် ရိုက်ချိုးနိုင်လိုက်ပြီလို့ပြောရမလိုပါ။ ရှေ့ကလူကြီးတွေ တာဝန်ကျေခဲ့လို့ လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ အေး ချမ်းတဲ့ကာလတစ်ခုကို လက်ရှိလူတွေရခဲ့ ပေမယ့် အခုခေတ်လူတွေရဲ့မလိမ္မာမှုကြောင့် နောင်လာနောက်သားတွေ ဘယ်လိုနေကြရမလဲဆိုတာ သမိုင်းတင်ခံ ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ မသင့်တော်တဲ့သူတွေကို မြှောက်စားနေရာပေးလွန်းနေတာမျိုးတွေရှိတယ်။ အလွန်အကျွံ မြှောက်ပေးကြတာမျိုးတွေ ရှိနေ တယ်။ တချို့လူ့အသက်ကိုတောင် ပဓာနမထားကြတော့တဲ့အထိ တလွဲဆံပင်ကောင်းနေကြတယ်။ ကိုယ့် အသက်ကိုတန်ဖိုးထားရင် သူ့အသက်ကိုလည်း တန်ဖိုးထားဖို့လိုတယ်။ ကိုယ်တိုင်၊ စိတ်တူ၊ ကြည်ဖြူ၊ ဝမ်းမြောက်တဲ့။ ကုသိုလ် အကုသိုလ်က တူတူပဲ အကျိုးပေးမှာပါ။
တစ်ခါတလေ ရဟန်းက နတ်ရုပ်တုကို ပူဇော်နေတာမျိုးလည်းတွေ့ရတယ်။ ဒီလိုကိစ္စမျိုးကို ထောက်ခံနေတာ ဒကာမတွေများတယ်။ ထေရဝါဒ ဗုဒ္ဓနိုင်ငံက အဲဒီလိုကိစ္စတွေ အားမပေးရဘူး။ ပြည်သူ တွေကို အသိဉာဏ်ဖွင့်ပေးရမယ် Online မီဒီယာတွေကလည်း အကျိုးမရှိတဲ့ကိစ္စတွေကိုလည်း ဝေဝေ ဆာဆာ ဖော်ပြတတ်ကြတယ်။ Online ပေါ် နာမည် ကြီးဆယ်လီဆိုသူတွေကလည်း နာမည်ကြီးရင် ပြီးရောဆိုပြီး မသင့်တော်တဲ့ ခုတင်ပေါ်ကကိစ္စတွေထိပြောပြီး ပြည်သူတွေအယူအဆလွဲအောင်လုပ်ကြ တယ်။ အဲဒီလိုနည်းနဲ့ မြန်မာ့မီဒီယာလောကလည်းအဆင့်နိမ့်လာတယ်။
ဒါတွေကိုလက်ခံပြီး နေရာမပေးသင့်ဘူး။ ကြာရင် မြန်မာတွေအမှားကို အမှန်ထင်လာကြလိမ့် မယ်။ သက်ဆိုင်ရာကဏ္ဍကို သေချာနားမလည်ဘဲ အလွန်အကျွံထောက်ခံကန့်ကွက်နေတဲ့သူတွေ လည်းများနေတယ်။ နတ်ဝင်ပါတယ်တို့ နဂါးဝင်ပါတယ်တို့ဆိုပြီး ကပြနေတာတွေက လူစိတ်ဝင်စား အောင်လုပ်နေတာပါ။ လူနားမလည်တဲ့စကားတွေ လျှောက်ပြောပြီး ပရလောက က စကားလိုလို အတည်ပေါက်နဲ့ပြောနေတာတွေလည်း တကယ်မဟုတ်ပါဘူး။ တချို့တွေ သာသနာနဲ့ဆက်စပ်ပြီး မထီမဲ့မြင်လုပ်လာတဲ့အထိ ရဲတင်းလာတယ်။ တချို့ အထင်ကရ ဆရာတော်ကြီးတွေကို စော်ကားကြဖို့ ဝန်မလေးကြတော့ဘူး။ ဗုဒ္ဓဘာသာ မြန်မာတွေ လက်ခံလို့မရဘူး။ တစ်ခါ Facebook ပေါ်မှာ တွေ့ လိုက်ရတယ်။ နတ်ဝင်တယ်ဆိုပြီး နေရာတစ်ခုကို တူးခိုင်းတဲ့ အမျိုးသမီးငယ်နဲ့ လူတွေကို။ ယန္တရားတွေအသုံးပြုတဲ့အထိ တူးကြပြီး ဘာမှမတွေ့ဘူးတဲ့။ မြန်မာတွေ အဲဒီလောက်ထိ ယုံကြည် လွယ်ပြီး လောဘကြီးကြတယ်။

နတ်ဝင်ပူးတယ်တို့၊ နဂါးဝင်ပူးတယ်တို့ ဆိုတာတွေကို တချို့ကျတော့လည်း လုပ်နေတဲ့သူတွေ ကိုယ်တိုင် ငါတို့တကယ်ဖြစ်နေကြတယ်လို့ illution ဆိုတဲ့ ထင်ယောင်ထင်မှား ဖြစ်နေတယ်။ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး စစ်ရေးတွေလည်း အတူတူပါပဲ။ သက်ဆိုင်ရာ ကဏ္ဍကို သေချာ နားမလည်ဘဲ အလွန်အကျွံထောက်ခံကြ ကန့်ကွက်ကြ လုပ်တယ် ။ သူတို့ထောက်ခံလိုက်တဲ့ကိစ္စတွေ ထောက်ခံလိုက်သလိုဖြစ်သွားရင် ဘာဆက်ဖြစ်မလဲ၊ သူတို့ ကန့်ကွက်တဲ့ ကိစ္စအကောင်အထည်ပေါ်မ လာရင် ဘာဖြစ်မလဲဆိုတာ သူတို့အများစုကိုယ်တိုင် မသိကြဘူး။ မှန်မှန်ကန်ကန် တွေးတတ်တဲ့ တကယ် နားလည်တဲ့သူတွေလည်း အများကြီးရှိကြပါတယ်။ ပျက်စီးစေမှာကိုတော့ ဘယ်သူမှ မထောက်ခံသင့်ကြဘူး။
လက်ရှိအချိန်က ပျက်စီးစေမှာကို အလိုမရှိတဲ့သူတွေက သူ့ခံယူချက်ကို လူသိရှင်ကြား ထုတ် ဖော်ပြောပြီး မရပ်တည်ရဲကြဘူး။ အဲဒီလို ထုတ်ဖော်ပြောတဲ့ သူကိုတစ်ဖက်က လူလို့သတ်မှတ်ပြီးငြိုး တေးထားတတ်လို့။ သူတို့လုပ်ပိုင်ခွင့်ရခဲ့ရင် အဲဒီလို ရပ်တည်တဲ့သူကို ထိထိရောက်ရောက် အရေးယူမယ် လို့ခြိမ်းခြောက်တယ်။ တကယ်သာ သူတို့လုပ်ပိုင်ခွင့်ရခဲ့ရင် တရားဥပဒေတို့ လူ့အခွင့်အရေးတို့ဆိုတာ ရှိနိုင်ပါတော့မလား။

နိုင်ငံရေးလည်းနားမလည် စစ်ရေးလည်း နားမလည်ဘဲ ခံစားချက်နဲ့ မျက်စိမှိတ် ထောက်ခံနေ ကြတာမကောင်းဘူး ။ စစ်ရေးမှာ သူတို့ထောက်ခံလို့ အနိုင်ရသွားတဲ့နေရာတွေမှာ သူတို့ကိုယ်တိုင် သွားမနေရဲကြဘူး။ ကောလင်းမြို့ကို လက်နက်ကိုင်တွေ အနိုင်ရ သိမ်းပိုက်လိုက်နိုင်ခဲ့သေးတယ်။ သို့ပေမဲ့ ဘယ်သူမှဘာမှလုပ်မရတော့ဘဲ ကျီးလန့်စာစား ဖြစ်ကုန်ကြရတယ်။ ကောလင်းကို စစ်တပ်က ပြန်သိမ်းလိုက်နိုင်တော့ ဈေးတွေပြန်ဖွင့် အလုပ်တွေ ပြန်လုပ်ကြနဲ့ ဒေသခံတွေကိုယ်တိုင် ဝမ်းသာနေကြ တယ်လို့ Facebook ပေါ်ရေးတင်တယ်။ ပျက်စီးစေတဲ့ လုပ်ရပ်ကို လုပ်နေကြတဲ့သူတွေကလည်း စိတ်ခံစားချက်တွေ မြင့်တက်နေကြလို့ ခုလိုအချိန်ပြောရခက်နေကြ တယ်။ တချို့ကိစ္စတွေ အတွက် အကြောင်းပြချက်တွေ မမှန်တာများပါတယ်။
နမ့်ခမ်း TNLA အဖွဲ့သိမ်းထားတယ်။TNLA အဖွဲ့က နမ့်ခမ်းကထွက်တဲ့ ကြံကိုအထက် အမိန့်အရ တရုတ်ပြည်ကို မရောင်းရဘူးလို့ အမိန့် ထုတ်ထားတယ်။ ရန်ကုန်ကနေ တရုတ်ပြည်နယ်စပ် မိုင်းလားထိ ဖရဲသီး၊ သခွားသီးတင်တဲ့ ၁၂ ဘီးကား တစ်စီးကားခက သိန်း ၁၀ဝ တဲ့ ။ လမ်းပန်းဆက် သွယ်ရေးတွေ ခက်ခဲကုန်အောင် လုပ်ထားကြတာကိုး။ ဒီလိုပဲ ရခိုင်မှာ ပြည်သူသိန်းချီ စစ်ဘေးရှောင် ဒုက္ခသည် တွေဖြစ်ကုန်တယ်။ အများနဲ့ဖြစ်နေတာပဲခံရမှာပေါ့လို့ AA ခေါင်းဆောင်တွေက ပြောတယ်။ ရခိုင်က ဘင်္ဂါလီတွေကတော့ AA ကို တိုက်ပွဲမဖော်ဖို့ ကန့်ကွက်တာ (၄) ခါရှိပြီ။
နိုင်ငံရေးမှာ စစ်တိုက်ပြီး အာဏာရယူဖို့ လုပ်နေကြတယ်။ အောင်မြင်ဖို့ ဘယ်လောက်ကြာပြီး ဘယ်လောက် ဆက်ရင်းနှီးရမလဲ မမျှော်မှန်းနိုင်ဘူး။ အရင်လယ်စိုက်စားတဲ့သူက အခု သေနတ်ကိုင်ဂိတ် ဖွင့်ပြီး ဆက်ကြေး ကောက်စားကုန်ပြီ။ တချို့လည်း နောက်ပြန်ဆုတ်လို့ မရလောက်တဲ့အထိကျွံဝင်သွားကြလို့ မထူးဇာတ်ခင်းနေကြ တာမျိုးတွေ ရှိလာတယ်။

တခြားကဏ္ဍတွေမှာ နားမလည်ဘဲဝင်ပါတာ ဆုံးရှုံးမှုမသိသာပေမယ့် နိုင်ငံရေး စစ်ရေးမှာ နားမလည်ဘဲ ဝင်ပါတာ ပေးဆပ်ရတာကြီးမားတတ်တယ်။ တချို့ဆုံးရှုံးသွားတာတွေက ပြန်မရနိုင်ဘူး။
မြန်မာနိုင်ငံမှာ ပြန်မရနိုင်တော့မယ့် ဆုံးရှုံးမှုမျိုးတွေအထိမဖြစ်ကြစေဖို့ မျက်စိမှိတ်ထောက် ခံကန့်ကွက်တာတွေ မလုပ်မိကြဖို့လိုတယ်။ မြန်မာတွေလက်မခံသင့်တဲ့ကိစ္စတွေကို ဘယ်သူလုပ်လုပ် လက်မခံဖို့လိုတယ်။

Zawgyi Version;
မပ်က္ေစခ်င္ရင္ ထိန္းသိမ္းရမယ္
မိုးတင့္ (ရန္ကုန္တကၠသိုလ္) (NP News) - ဧၿပီ ၅

ျမန္မာႏိုင္ငံမွာ ျဖစ္ေနတာေတြၾကည့္ၿပီး တစ္ခုခုေျပာပါဦးလို႔ တစ္ေယာက္ေျပာလာတယ္။ ေျပာရရင္ တစ္ခုခု မဟုတ္ဘူး အမ်ားႀကီးေျပာရမွာ။ ျဖစ္ေနတာေတြက တစ္ခုတည္းမဟုတ္ဘူး။ ကိုယ္တစ္ေယာက္တည္း ေျပာလို႔လည္း ဘာမွမထူးဘူး အားလုံးဝိုင္းေျပာ ဝိုင္းထိန္းၾကရမွာ။
ျမန္မာႏိုင္ငံဆိုတာကိုအေျခခံၿပီး အဲဒီျမန္မာႏိုင္ငံႀကီး မပ်က္စီးသြားေစဖို႔ဆိုတဲ့ခံယူခ်က္အ ေပၚကေန လုပ္သင့္တာ လုပ္၊ တားသင့္တာ တားၾကရမွာ။ ဒါမွ ျမန္မာႏိုင္ငံအနာဂတ္ ေမွ်ာ္လင့္ခ်က္ ရွိမယ္။ ျမန္မာႏိုင္ငံက နည္းနည္းေလး ကေန လြဲလြဲလာတာ ပ်က္စီးသလိုျဖစ္ေနၿပီ ။

ျမန္မာႏိုင္ငံက လက္ရွိအခ်ိန္မွာ Hard power လို႔ေခၚတဲ့ စစ္ပြဲေတြေရာ၊ Soft power လို႔ ေခၚတဲ့ စိတ္ဓာတ္ယဥ္ေက်းမႈနဲ႔ ဓေလ့ထုံးစံေတြအထိကိုပါ တိုက္ခိုက္တာခံေနရတယ္။ ဒီကာလကို ေအာင္ျမင္ ေအာင္မေက်ာ္ႏိုင္ရင္ ေနာင္တစ္ခ်ိန္ ျမန္မာျပည္ထဲမွာေနေနၾကတဲ့ ျမန္မာလူမ်ိဳးေတြ ခက္ခဲတဲ့ဆိုး႐ြာတဲ့ ကိစၥေတြကို ခံစားၾကရလိမ့္မယ္။ အထူးသျဖင့္ ေနာင္လာေနာက္သားေတြ ခံၾကရမယ္။ တည္ၿငိမ္ေအးခ်မ္း မႈကစၿပီး ယဥ္ေက်းမႈေတြ၊ ဓေလ့ ထုံးစံေတြ၊ လူမ်ိဳးေတြ၊ ဘာသာေတြ၊ နယ္ေျမေတြ၊ အခ်ဳပ္အျခာအာဏာ ေတြကေန လြတ္လပ္ေရး၊ ႏိုင္ငံအထိပါ ထိခိုက္သြားႏိုင္တယ္။ အခုကိုယ့္ျမန္မာ့ ႐ိုးရာသၾကၤန္ဆိုတာ က်င္းပဖို႔ခက္တဲ့ အေျခအေနျဖစ္ေနၿပီ။ ႐ိုးရာသၾကၤန္ မွာေပ်ာ္ၾကတဲ့လူငယ္ေတြ ကိုယ္တိုင္ သၾကၤန္ကို ျမန္မာႏိုင္ငံမွာက်င္းပဖို႔ အမ်ိဳးမ်ိဳးေခါင္းစဥ္တပ္ မ်က္ကြယ္ျပဳၿပီး လက္ဆင့္ကမ္း ထိန္းသိမ္းဖို႔ ပ်က္ကြက္ ေနၾကတယ္။ ဒီလိုအခ်ိန္မွာ ထိုင္းက သၾကၤန္ကို ယူနက္စကိုအထိ မွတ္ပုံတင္ၿပီးသူ႔ ႏိုင္ငံအေမြအႏွစ္လို႔ သတ္မွတ္ၿပီးယူသြားၿပီ။သၾကၤန္နဲ႔ ပတ္သက္ၿပီး တခ်ိဳ႕ျမန္မာလူငယ္ေတြရဲ႕စိတ္ဓာတ္ကို ေအာင္ျမင္ေအာင္ ႐ိုက္ခ်ိဳးႏိုင္လိုက္ၿပီလို႔ေျပာရမလိုပါ။ ေရွ႕ကလူႀကီးေတြ တာဝန္ေက်ခဲ့လို႔ လြတ္လပ္တဲ့ျမန္မာႏိုင္ငံမွာ ေအး ခ်မ္းတဲ့ကာလတစ္ခုကို လက္ရွိလူေတြရခဲ့ ေပမယ့္ အခုေခတ္လူေတြရဲ႕မလိမၼာမႈေၾကာင့္ ေနာင္လာေနာက္သားေတြ ဘယ္လိုေနၾကရမလဲဆိုတာ သမိုင္းတင္ခံ ရႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာ မသင့္ေတာ္တဲ့သူေတြကို ေျမႇာက္စားေနရာေပးလြန္းေနတာမ်ိဳးေတြရွိတယ္။ အလြန္အကြၽံ ေျမႇာက္ေပးၾကတာမ်ိဳးေတြ ရွိေန တယ္။ တခ်ိဳ႕လူ႔အသက္ကိုေတာင္ ပဓာနမထားၾကေတာ့တဲ့အထိ တလြဲဆံပင္ေကာင္းေနၾကတယ္။ ကိုယ့္ အသက္ကိုတန္ဖိုးထားရင္ သူ႔အသက္ကိုလည္း တန္ဖိုးထားဖို႔လိုတယ္။ ကိုယ္တိုင္၊ စိတ္တူ၊ ၾကည္ျဖဴ၊ ဝမ္းေျမာက္တဲ့။ ကုသိုလ္ အကုသိုလ္က တူတူပဲ အက်ိဳးေပးမွာပါ။
တစ္ခါတေလ ရဟန္းက နတ္႐ုပ္တုကို ပူေဇာ္ေနတာမ်ိဳးလည္းေတြ႕ရတယ္။ ဒီလိုကိစၥမ်ိဳးကို ေထာက္ခံေနတာ ဒကာမေတြမ်ားတယ္။ ေထရဝါဒ ဗုဒၶႏိုင္ငံက အဲဒီလိုကိစၥေတြ အားမေပးရဘူး။ ျပည္သူ ေတြကို အသိဉာဏ္ဖြင့္ေပးရမယ္ Online မီဒီယာေတြကလည္း အက်ိဳးမရွိတဲ့ကိစၥေတြကိုလည္း ေဝေဝ ဆာဆာ ေဖာ္ျပတတ္ၾကတယ္။ Online ေပၚ နာမည္ ႀကီးဆယ္လီဆိုသူေတြကလည္း နာမည္ႀကီးရင္ ၿပီးေရာဆိုၿပီး မသင့္ေတာ္တဲ့ ခုတင္ေပၚကကိစၥေတြထိေျပာၿပီး ျပည္သူေတြအယူအဆလြဲေအာင္လုပ္ၾက တယ္။ အဲဒီလိုနည္းနဲ႔ ျမန္မာ့မီဒီယာေလာကလည္းအဆင့္နိမ့္လာတယ္။
ဒါေတြကိုလက္ခံၿပီး ေနရာမေပးသင့္ဘူး။ ၾကာရင္ ျမန္မာေတြအမွားကို အမွန္ထင္လာၾကလိမ့္ မယ္။ သက္ဆိုင္ရာက႑ကို ေသခ်ာနားမလည္ဘဲ အလြန္အကြၽံေထာက္ခံကန႔္ကြက္ေနတဲ့သူေတြ လည္းမ်ားေနတယ္။ နတ္ဝင္ပါတယ္တို႔ နဂါးဝင္ပါတယ္တို႔ဆိုၿပီး ကျပေနတာေတြက လူစိတ္ဝင္စား ေအာင္လုပ္ေနတာပါ။ လူနားမလည္တဲ့စကားေတြ ေလွ်ာက္ေျပာၿပီး ပရေလာက က စကားလိုလို အတည္ေပါက္နဲ႔ေျပာေနတာေတြလည္း တကယ္မဟုတ္ပါဘူး။ တခ်ိဳ႕ေတြ သာသနာနဲ႔ဆက္စပ္ၿပီး မထီမဲ့ျမင္လုပ္လာတဲ့အထိ ရဲတင္းလာတယ္။ တခ်ိဳ႕ အထင္ကရ ဆရာေတာ္ႀကီးေတြကို ေစာ္ကားၾကဖို႔ ဝန္မေလးၾကေတာ့ဘူး။ ဗုဒၶဘာသာ ျမန္မာေတြ လက္ခံလို႔မရဘူး။ တစ္ခါ Facebook ေပၚမွာ ေတြ႕ လိုက္ရတယ္။ နတ္ဝင္တယ္ဆိုၿပီး ေနရာတစ္ခုကို တူးခိုင္းတဲ့ အမ်ိဳးသမီးငယ္နဲ႔ လူေတြကို။ ယႏၲရားေတြအသုံးျပဳတဲ့အထိ တူးၾကၿပီး ဘာမွမေတြ႕ဘူးတဲ့။ ျမန္မာေတြ အဲဒီေလာက္ထိ ယုံၾကည္ လြယ္ၿပီး ေလာဘႀကီးၾကတယ္။

နတ္ဝင္ပူးတယ္တို႔၊ နဂါးဝင္ပူးတယ္တို႔ ဆိုတာေတြကို တခ်ိဳ႕က်ေတာ့လည္း လုပ္ေနတဲ့သူေတြ ကိုယ္တိုင္ ငါတို႔တကယ္ျဖစ္ေနၾကတယ္လို႔ illution ဆိုတဲ့ ထင္ေယာင္ထင္မွား ျဖစ္ေနတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာျဖစ္ပ်က္ေနတဲ့ ႏိုင္ငံေရး စစ္ေရးေတြလည္း အတူတူပါပဲ။ သက္ဆိုင္ရာ က႑ကို ေသခ်ာ နားမလည္ဘဲ အလြန္အကြၽံေထာက္ခံၾက ကန႔္ကြက္ၾက လုပ္တယ္ ။ သူတို႔ေထာက္ခံလိုက္တဲ့ကိစၥေတြ ေထာက္ခံလိုက္သလိုျဖစ္သြားရင္ ဘာဆက္ျဖစ္မလဲ၊ သူတို႔ ကန႔္ကြက္တဲ့ ကိစၥအေကာင္အထည္ေပၚမ လာရင္ ဘာျဖစ္မလဲဆိုတာ သူတို႔အမ်ားစုကိုယ္တိုင္ မသိၾကဘူး။ မွန္မွန္ကန္ကန္ ေတြးတတ္တဲ့ တကယ္ နားလည္တဲ့သူေတြလည္း အမ်ားႀကီးရွိၾကပါတယ္။ ပ်က္စီးေစမွာကိုေတာ့ ဘယ္သူမွ မေထာက္ခံသင့္ၾကဘူး။
လက္ရွိအခ်ိန္က ပ်က္စီးေစမွာကို အလိုမရွိတဲ့သူေတြက သူ႔ခံယူခ်က္ကို လူသိရွင္ၾကား ထုတ္ ေဖာ္ေျပာၿပီး မရပ္တည္ရဲၾကဘူး။ အဲဒီလို ထုတ္ေဖာ္ေျပာတဲ့ သူကိုတစ္ဖက္က လူလို႔သတ္မွတ္ၿပီးၿငိဳး ေတးထားတတ္လို႔။ သူတို႔လုပ္ပိုင္ခြင့္ရခဲ့ရင္ အဲဒီလို ရပ္တည္တဲ့သူကို ထိထိေရာက္ေရာက္ အေရးယူမယ္ လို႔ၿခိမ္းေျခာက္တယ္။ တကယ္သာ သူတို႔လုပ္ပိုင္ခြင့္ရခဲ့ရင္ တရားဥပေဒတို႔ လူ႔အခြင့္အေရးတို႔ဆိုတာ ရွိႏိုင္ပါေတာ့မလား။

ႏိုင္ငံေရးလည္းနားမလည္ စစ္ေရးလည္း နားမလည္ဘဲ ခံစားခ်က္နဲ႔ မ်က္စိမွိတ္ ေထာက္ခံေန ၾကတာမေကာင္းဘူး ။ စစ္ေရးမွာ သူတို႔ေထာက္ခံလို႔ အႏိုင္ရသြားတဲ့ေနရာေတြမွာ သူတို႔ကိုယ္တိုင္ သြားမေနရဲၾကဘူး။ ေကာလင္းၿမိဳ႕ကို လက္နက္ကိုင္ေတြ အႏိုင္ရ သိမ္းပိုက္လိုက္ႏိုင္ခဲ့ေသးတယ္။ သို႔ေပမဲ့ ဘယ္သူမွဘာမွလုပ္မရေတာ့ဘဲ က်ီးလန႔္စာစား ျဖစ္ကုန္ၾကရတယ္။ ေကာလင္းကို စစ္တပ္က ျပန္သိမ္းလိုက္ႏိုင္ေတာ့ ေဈးေတြျပန္ဖြင့္ အလုပ္ေတြ ျပန္လုပ္ၾကနဲ႔ ေဒသခံေတြကိုယ္တိုင္ ဝမ္းသာေနၾက တယ္လို႔ Facebook ေပၚေရးတင္တယ္။ ပ်က္စီးေစတဲ့ လုပ္ရပ္ကို လုပ္ေနၾကတဲ့သူေတြကလည္း စိတ္ခံစားခ်က္ေတြ ျမင့္တက္ေနၾကလို႔ ခုလိုအခ်ိန္ေျပာရခက္ေနၾက တယ္။ တခ်ိဳ႕ကိစၥေတြ အတြက္ အေၾကာင္းျပခ်က္ေတြ မမွန္တာမ်ားပါတယ္။
နမ့္ခမ္း TNLA အဖြဲ႕သိမ္းထားတယ္။TNLA အဖြဲ႕က နမ့္ခမ္းကထြက္တဲ့ ႀကံကိုအထက္ အမိန႔္အရ တ႐ုတ္ျပည္ကို မေရာင္းရဘူးလို႔ အမိန႔္ ထုတ္ထားတယ္။ ရန္ကုန္ကေန တ႐ုတ္ျပည္နယ္စပ္ မိုင္းလားထိ ဖရဲသီး၊ သခြားသီးတင္တဲ့ ၁၂ ဘီးကား တစ္စီးကားခက သိန္း ၁၀ဝ တဲ့ ။ လမ္းပန္းဆက္ သြယ္ေရးေတြ ခက္ခဲကုန္ေအာင္ လုပ္ထားၾကတာကိုး။ ဒီလိုပဲ ရခိုင္မွာ ျပည္သူသိန္းခ်ီ စစ္ေဘးေရွာင္ ဒုကၡသည္ ေတြျဖစ္ကုန္တယ္။ အမ်ားနဲ႔ျဖစ္ေနတာပဲခံရမွာေပါ့လို႔ AA ေခါင္းေဆာင္ေတြက ေျပာတယ္။ ရခိုင္က ဘဂၤါလီေတြကေတာ့ AA ကို တိုက္ပြဲမေဖာ္ဖို႔ ကန႔္ကြက္တာ (၄) ခါရွိၿပီ။
ႏိုင္ငံေရးမွာ စစ္တိုက္ၿပီး အာဏာရယူဖို႔ လုပ္ေနၾကတယ္။ ေအာင္ျမင္ဖို႔ ဘယ္ေလာက္ၾကာၿပီး ဘယ္ေလာက္ ဆက္ရင္းႏွီးရမလဲ မေမွ်ာ္မွန္းႏိုင္ဘူး။ အရင္လယ္စိုက္စားတဲ့သူက အခု ေသနတ္ကိုင္ဂိတ္ ဖြင့္ၿပီး ဆက္ေၾကး ေကာက္စားကုန္ၿပီ။ တခ်ိဳ႕လည္း ေနာက္ျပန္ဆုတ္လို႔ မရေလာက္တဲ့အထိကြၽံဝင္သြားၾကလို႔ မထူးဇာတ္ခင္းေနၾက တာမ်ိဳးေတြ ရွိလာတယ္။

တျခားက႑ေတြမွာ နားမလည္ဘဲဝင္ပါတာ ဆုံးရႈံးမႈမသိသာေပမယ့္ ႏိုင္ငံေရး စစ္ေရးမွာ နားမလည္ဘဲ ဝင္ပါတာ ေပးဆပ္ရတာႀကီးမားတတ္တယ္။ တခ်ိဳ႕ဆုံးရႈံးသြားတာေတြက ျပန္မရႏိုင္ဘူး။
ျမန္မာႏိုင္ငံမွာ ျပန္မရႏိုင္ေတာ့မယ့္ ဆုံးရႈံးမႈမ်ိဳးေတြအထိမျဖစ္ၾကေစဖို႔ မ်က္စိမွိတ္ေထာက္ ခံကန႔္ကြက္တာေတြ မလုပ္မိၾကဖို႔လိုတယ္။ ျမန္မာေတြလက္မခံသင့္တဲ့ကိစၥေတြကို ဘယ္သူလုပ္လုပ္ လက္မခံဖို႔လိုတယ္။

Related news

© 2021. All rights reserved.