တယ်လီဂရမ်လူမှုကွန်ယက်တွင် အကြမ်းဖက်မှုနှင့်ဆက်နွယ်သောပို့စ်တင်ခြင်းများကို ဖယ်ရှားရှင်းလင်းမည်

 1558

ဂျန်ဇက် (NP News) - ဧပြီ ၅

ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော တယ်လီဂရမ်သည် ၎င်း၏ လူမှုကွန်ရက်အပေါ်တွင် အကြမ်းဖက်ကိစ္စရပ် များ ကျူးလွန်ရန်တောင်းဆိုသည့်ဖော်ပြချက်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း တယ်လီဂရမ်ကို တည်ထောင် သူ ပါဗယ်လ်ဒါရောဗ့် က ပြောသည်။

တယ်လီဂရမ်အနေဖြင့် အနာဂတ်တွင် တယ်လီဂရမ်အသုံးပြုကာ အကြမ်းဖက်မှုများ လုပ်ဆောင်မည့် ရေးသားဖော်ပြချက်များကို ကန့်သတ်မည်ဖြစ်ကြောင်း၊ တယ်လီဂရမ်ကို တည်ထောင်ခဲ့သူ ရုရှားလူမျိုး ဒါရောဗ့် က အတည်ပြုသည်။ ဒူဘိုင်းအခြေစိုက် တယ်လီဂရမ်လူမူကွန်ရက်ကုမ္ပဏီက “အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ မက်ဆေ့ ပေါင်းများစွာကို ရပ်တန့်ခဲ့တယ်။ သုံးစွဲသူတွေဟာ တယ်လီဂရမ်ကိုအသုံးပြုပြီး အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံ့ဆော်တဲ့စာသားတွေ တင်မယ်ဆိုရင် တယ်လီဂရမ်လူမှုကွန်ရက်အသုံးပြုခွင့် အမြဲတမ်း ပိတ်ပင်ခံရမယ်’’ ဟု ပြော သည်။

လာမည့်သီတင်းပတ်မှစတင်ပြီး ရုရှား၊ ဘီလာရုစ်နှင့် ယူကရိန်းတို့မှ တယ်လီဂရမ်အသုံးပြုသူများကို အကြမ်းဖက်မှုများနှင့် ဆက်နွယ်သောစာသားများ လူမှုကွန်ရက်တွင်ဖော်ပြခြင်းကို စတင် ကန့်သတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း ရုရှားနိုင်ငံ မော်စကိုမြို့တွင် လူပေါင်း ၁၄ဝ ကျော် သေဆုံးစေသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာခဲ့ပြီးနောက် တယ်လီဂရမ်လူမှုကွန်သည် လုံခြုံရေးနှင့်ပတ်သက် ပြီး တင်းကြပ်လာခဲ့ခြင်းဖြစ်သည်။ တယ်လီဂရမ် လူမှုကွန်ရက်သည် ရုရှားနိုင်ငံရှိ လူငယ်များကြား လူသုံးများသော လူမှုကွန်ရက်တစ်ခုဖြစ်သလို ယူကရိန်းနိုင်ငံတွင်လည်း လူသုံးအများဆုံးလူမှုကွန်ရက်တစ်ခုဖြစ်သည်။ တယ်လီဂရမ်လူမှုကွန်ရက်ကို ၂၀၁၃ ခုနှစ်တွင် ရုရှားလူငယ်တစ်ဦးတစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သော ဒါရောဗ့်က တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ရက်များထဲတွင် ပါဝင်နေသည်။

Zawgyi Version;
တယ္လီဂရမ္လူမႈကြန္ယက္တြင္ အၾကမ္းဖက္မႈႏွင့္ဆက္ႏြယ္ေသာပို႔စ္တင္ျခင္းမ်ားကို ဖယ္ရွားရွင္းလင္းမည္
ဂ်န္ဇက္ (NP News) - ဧၿပီ ၅

ကမာၻေက်ာ္လူမူကြန္ရက္တစ္ခုျဖစ္ေသာ တယ္လီဂရမ္သည္ ၎၏ လူမႈကြန္ရက္အေပၚတြင္ အၾကမ္းဖက္ကိစၥရပ္ မ်ား က်ဴးလြန္ရန္ေတာင္းဆိုသည့္ေဖာ္ျပခ်က္မ်ားကို ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း တယ္လီဂရမ္ကို တည္ေထာင္ သူ ပါဗယ္လ္ဒါေရာဗ့္ က ေျပာသည္။

တယ္လီဂရမ္အေနျဖင့္ အနာဂတ္တြင္ တယ္လီဂရမ္အသုံးျပဳကာ အၾကမ္းဖက္မႈမ်ား လုပ္ေဆာင္မည့္ ေရးသားေဖာ္ျပခ်က္မ်ားကို ကန႔္သတ္မည္ျဖစ္ေၾကာင္း၊ တယ္လီဂရမ္ကို တည္ေထာင္ခဲ့သူ ႐ုရွားလူမ်ိဳး ဒါေရာဗ့္ က အတည္ျပဳသည္။ ဒူဘိုင္းအေျခစိုက္ တယ္လီဂရမ္လူမူကြန္ရက္ကုမၸဏီက “အၾကမ္းဖက္မႈနဲ႔ဆက္ႏြယ္တဲ့ မက္ေဆ့ ေပါင္းမ်ားစြာကို ရပ္တန႔္ခဲ့တယ္။ သုံးစြဲသူေတြဟာ တယ္လီဂရမ္ကိုအသုံးျပဳၿပီး အၾကမ္းဖက္မႈေတြျဖစ္လာေအာင္ လႈံ႕ေဆာ္တဲ့စာသားေတြ တင္မယ္ဆိုရင္ တယ္လီဂရမ္လူမႈကြန္ရက္အသုံးျပဳခြင့္ အၿမဲတမ္း ပိတ္ပင္ခံရမယ္’’ ဟု ေျပာ သည္။

လာမည့္သီတင္းပတ္မွစတင္ၿပီး ႐ုရွား၊ ဘီလာ႐ုစ္ႏွင့္ ယူကရိန္းတို႔မွ တယ္လီဂရမ္အသုံးျပဳသူမ်ားကို အၾကမ္းဖက္မႈမ်ားႏွင့္ ဆက္ႏြယ္ေသာစာသားမ်ား လူမႈကြန္ရက္တြင္ေဖာ္ျပျခင္းကို စတင္ ကန႔္သတ္သြားမည္ ျဖစ္ေၾကာင္း ၎က ေျပာသည္။ ၿပီးခဲ့ေသာ သီတင္းပတ္အတြင္း ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တြင္ လူေပါင္း ၁၄ဝ ေက်ာ္ ေသဆုံးေစေသာ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္လာခဲ့ၿပီးေနာက္ တယ္လီဂရမ္လူမႈကြန္သည္ လုံၿခဳံေရးႏွင့္ပတ္သက္ ၿပီး တင္းၾကပ္လာခဲ့ျခင္းျဖစ္သည္။ တယ္လီဂရမ္ လူမႈကြန္ရက္သည္ ႐ုရွားႏိုင္ငံရွိ လူငယ္မ်ားၾကား လူသုံးမ်ားေသာ လူမႈကြန္ရက္တစ္ခုျဖစ္သလို ယူကရိန္းႏိုင္ငံတြင္လည္း လူသုံးအမ်ားဆုံးလူမႈကြန္ရက္တစ္ခုျဖစ္သည္။ တယ္လီဂရမ္လူမႈကြန္ရက္ကို ၂၀၁၃ ခုႏွစ္တြင္ ႐ုရွားလူငယ္တစ္ဦးတစ္ဦးျဖစ္သလို စီးပြားေရးလုပ္ငန္းရွင္တစ္ဦး ျဖစ္ေသာ ဒါေရာဗ့္က တည္ေထာင္ခဲ့ၿပီး ကမာၻေပၚတြင္ လူသုံးအမ်ားဆုံး လူမႈကြန္ရက္မ်ားထဲတြင္ ပါဝင္ေနသည္။

Related news

© 2021. All rights reserved.