ဒေါ်နယ်ထရမ့်က ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်ထက် ပိုမိုချမ်းသာကြောင်း ဘလွန်းဘတ် ဖော်ပြ

 1008

Pika (NP News) - ဧပြီ ၅

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ၏ ဆိုရှယ်မီဒီယာပလက်ဖောင်း Truth Socialonf Nasdaq စတော့ ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း အောင်မြင်စွာ ပွဲဦးထွက်နိုင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်သည် လက်ရှိ အချိန်တွင် ဘီလျံနာ သူဌေးကြီး ဂျော့ဆိုးရော့စ်ထက် ပိုမိုချမ်းသာကြောင်း ဘလွန်းဘတ်ကဖော်ပြခဲ့သည်။

Truth Socialonf Nasdaq စတော့ဈေးကွက်တွင် အောင်မြင်စွာပွဲဦး ထွက်နိုင်ခဲ့မှုနှင့်အတူ ဒေါ်နယ်ထရမ့်၏ ပိုင်ဆိုင်မှုသို့ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ ပေါင်းထည့်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ဘလွန်းဘတ် ဘီလျံနာ ညွှန်းကိန်းအရ ဒေါ်နယ်ထရမ့်၏ အသားတင်ပိုင်ဆိုင်မှုသည် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလျံ ကျော်ထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်း အသားတင် ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ (၇ ဒသမ ၈) ဘီလျံထိ ရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက်တွင် ဈေးကွက်ပိတ်သိမ်းချိန်အထိ ဘီလျံနာညွှန်းကိန်းစာရင်းတွင် ဒေါ်နယ်ထရမ့်သည် အဆင့် ၃၂၈ တွင်ရှိနေပြီး အသက် (၉၃) နှစ်အရွယ် ဂျော့ဆိုးရော့စ်သည် အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇ ဒသမ၂ ဘီလျံဖြင့် အဆင့်(၃၇၅)တွင် ရှိနေခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် ဘီလျံနာသူဌေးကြီးများဖြစ်သော မာ့ခ်ကျူဘန် (အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ)၊ Bernie Marcus (အမေရိကန် ဒေါ်လာ ၆ ဒသမ ၉ ဘီလျံ)၊ Gordon Getty (အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလျံ)နှင့် Reed Hastings (အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလျံ) တို့ထက် ပိုမိုချမ်းသာလာခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် များပြားလှသော တရားစွဲဆိုမှုများနှင့်အတူ တရားရေး စရိတ်နှင့် ပြစ်ဒဏ်အဖြစ် အမေရိကန်ဒေါ်လာသန်းချီကုန်ကျမှုများနှင့် ရင်ဆိုင်နေရ ချိန်တွင် ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ေဒၚနယ္ထရမ့္က ဘီလ်ံနာသူေ႒းႀကီး ေဂ်ာ့ဆိုးေရာ့စ္ထက္ ပိုမိုခ်မ္းသာေၾကာင္း ဘလြန္းဘတ္ ေဖာ္ျပ
Pika (NP News) - ဧၿပီ ၅

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ ၏ ဆိုရွယ္မီဒီယာပလက္ေဖာင္း Truth Socialonf Nasdaq စေတာ့ ေဈးကြက္တြင္ ယခုသီတင္းပတ္အတြင္း ေအာင္ျမင္စြာ ပြဲဦးထြက္ႏိုင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္သည္ လက္ရွိ အခ်ိန္တြင္ ဘီလ်ံနာ သူေဌးႀကီး ေဂ်ာ့ဆိုးေရာ့စ္ထက္ ပိုမိုခ်မ္းသာေၾကာင္း ဘလြန္းဘတ္ကေဖာ္ျပခဲ့သည္။

Truth Socialonf Nasdaq စေတာ့ေဈးကြက္တြင္ ေအာင္ျမင္စြာပြဲဦး ထြက္ႏိုင္ခဲ့မႈႏွင့္အတူ ေဒၚနယ္ထရမ့္၏ ပိုင္ဆိုင္မႈသို႔ အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာ ေပါင္းထည့္ေပးႏိုင္ခဲ့ေၾကာင္းသိရသည္။ ဘလြန္းဘတ္ ဘီလ်ံနာ ၫႊန္းကိန္းအရ ေဒၚနယ္ထရမ့္၏ အသားတင္ပိုင္ဆိုင္မႈသည္ ယခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၄ ဘီလ်ံ ေက်ာ္ထိ ျမင့္တက္လာခဲ့ၿပီး စုစုေပါင္း အသားတင္ ႂကြယ္ဝခ်မ္းသာမႈမွာ အေမရိကန္ေဒၚလာ (၇ ဒသမ ၈) ဘီလ်ံထိ ရွိခဲ့ေၾကာင္း သိရသည္။

မတ္လ ၂၇ ရက္တြင္ ေဈးကြက္ပိတ္သိမ္းခ်ိန္အထိ ဘီလ်ံနာၫႊန္းကိန္းစာရင္းတြင္ ေဒၚနယ္ထရမ့္သည္ အဆင့္ ၃၂၈ တြင္ရွိေနၿပီး အသက္ (၉၃) ႏွစ္အ႐ြယ္ ေဂ်ာ့ဆိုးေရာ့စ္သည္ အသားတင္ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ ၇ ဒသမ၂ ဘီလ်ံျဖင့္ အဆင့္(၃၇၅)တြင္ ရွိေနခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ဘီလ်ံနာသူေဌးႀကီးမ်ားျဖစ္ေသာ မာ့ခ္က်ဴဘန္ (အေမရိကန္ေဒၚလာ ၇ ဒသမ ၃ ဘီလ်ံ)၊ Bernie Marcus (အေမရိကန္ ေဒၚလာ ၆ ဒသမ ၉ ဘီလ်ံ)၊ Gordon Getty (အေမရိကန္ေဒၚလာ ၆ ဒသမ ၂ ဘီလ်ံ)ႏွင့္ Reed Hastings (အေမရိကန္ေဒၚလာ ၅ ဒသမ ၉ ဘီလ်ံ) တို႔ထက္ ပိုမိုခ်မ္းသာလာခဲ့ေၾကာင္းလည္း သိရသည္။ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ မ်ားျပားလွေသာ တရားစြဲဆိုမႈမ်ားႏွင့္အတူ တရားေရး စရိတ္ႏွင့္ ျပစ္ဒဏ္အျဖစ္ အေမရိကန္ေဒၚလာသန္းခ်ီကုန္က်မႈမ်ားႏွင့္ ရင္ဆိုင္ေနရ ခ်ိန္တြင္ ယခုကဲ့သို႔ ျဖစ္ရပ္မ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.