နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို မနက်ဖြန်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် တာဝန်ရှိသူများတက်ရောက်မည်

 4347

စော (NP News) - ဧပြီ ၅

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓါနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို မနက်ဖြန် (ဧပြီလ ၆ရက်)တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် (ဖေ‌ဖော်ဝါရီလ ၈ ရက်)က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်ကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးတို့က အဆိုပါနေ့ မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိပြီဖြစ်ကာ (၉၆)ပါးရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ကို ဟောင်လိတ်စက်မှုဇုန်အနီး၊ တာချီလိတ်-မိုင်းဖုန်း သွားလမ်းနှင့်မြို့ပတ်လမ်းထောင့်တွင် ဧပြီလ ၆ ရက်၌ စည်ကားသိုက်မြိုက်သွား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်နေရာနဲ့ဘယ်နေရာ ဆွေတော်မျိုးတော်တွေခွဲ အဲဒီလို လမ်းလျှောက်သွားမှာ။ လမ်းလျှောက်ပြီးတော့ အစီအစဉ်နဲ့သွားမှာပေါ့။ ကွင်းရောက်ဖို့ ၂နာရီလောက်ကြာမှာ။ ဒါကနိုင်ငံတော်သံဃာမဟာနာယကဆိုတော့ နိုင်ငံတော်အဆင့်၊ နိုင်ငံတော်အကြီးတွေအကဲတွေလာမှာပေ့ါ” ဟု တာချီလိတ်မြို့ခံတစ်ဦးက NP News ကိုပြောသည်။

ဆရာတော်ကြီး၏ ဈာပနအခမ်းအနားကို ကျင်းပမည်ဖြစ်ရာ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ဈာပနကွင်း သွားရာလမ်းတစ်လျှောက်ရှိ ဈေးဆိုင်များကို ဧပြီ ၅ရက်နေ့နှင့် ဧပြီ ၆ရက်နေ့တို့တွင် ဈေးရောင်းချခွင့်မပြုရန် တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ ကြေညာထားကြောင်း သိရသည်။

နဂါးနှစ်ကောင်ဆရာတော်ကြီးသည် နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့တံဆိပ်များကို ရရှိထားသော ဆရာတော်ကြီးတစ်ပါးဖြစ်သည်။ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် (၁၂၉၀)ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းကိန်ကျေးရွာ၌ ဖွားမြင်ခဲ့ပြီး (၁၂၉၉)ခုနှစ်၊ တပေါင်းလဆန်း(၁၅)ရက်တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း တိုက်ဆရာတော်ထံတွင် “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေ အဖြစ်ခံယူခဲ့ကြောင်း သိရသည်။

zawgyi version
နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ဆရာေတာ္၏ အႏၲိမအဂၢိဈာပနကို မနက္ျဖန္တြင္ က်င္းပမည္ျဖစ္ၿပီး ႏိုင္ငံေတာ္အဆင့္ တာဝန္ရွိသူမ်ားတက္ေရာက္မည္
ေစာ (NP News) - ဧၿပီ ၅

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕ရွိ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ဦးစီးပဓါနနာယကဆရာေတာ္ ေဒါက္တာဘဒၵႏၲဓမၼသီရိ၏ အႏၲိမအဂၢိဈာပန ပူဇာသဘင္အခမ္းအနားကို မနက္ျဖန္ (ဧၿပီလ ၆ရက္)တြင္ က်င္းပသြားမည္ျဖစ္ၿပီး ႏိုင္ငံေတာ္အဆင့္ တာဝန္ရွိသူမ်ားတက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီးသည္ ၿပီးခဲ့သည့္ (ေဖ‌ေဖာ္ဝါရီလ ၈ ရက္)က တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ကာ ဆရာေတာ္ဘုရားႀကီး၏ ဥတုဇ႐ုပ္ကလပ္ေတာ္ကို နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇနီးတို႔က အဆိုပါေန႔ မြန္းလြဲပိုင္းတြင္ သြားေရာက္ ဖူးေျမာ္ၾကည္ညိဳခဲ့ၾကသည္။

ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္ (၉၇)ႏွစ္၊ ဝါေတာ္ (၇၇)ဝါရွိၿပီျဖစ္ကာ (၉၆)ပါးေရာဂါျဖင့္ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ကာ ဆရာေတာ္ဘုရားႀကီး၏ အႏၲိမအဂၢိဈာပန ပူဇာသဘင္ကို ေဟာင္လိတ္စက္မႈဇုန္အနီး၊ တာခ်ီလိတ္-မိုင္းဖုန္း သြားလမ္းႏွင့္ၿမိဳ႕ပတ္လမ္းေထာင့္တြင္ ဧၿပီလ ၆ ရက္၌ စည္ကားသိုက္ၿမိဳက္သြား က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဘယ္ေနရာနဲ႔ဘယ္ေနရာ ေဆြေတာ္မ်ိဳးေတာ္ေတြခြဲ အဲဒီလို လမ္းေလွ်ာက္သြားမွာ။ လမ္းေလွ်ာက္ၿပီးေတာ့ အစီအစဥ္နဲ႔သြားမွာေပါ့။ ကြင္းေရာက္ဖို႔ ၂နာရီေလာက္ၾကာမွာ။ ဒါကႏိုင္ငံေတာ္သံဃာမဟာနာယကဆိုေတာ့ ႏိုင္ငံေတာ္အဆင့္၊ ႏိုင္ငံေတာ္အႀကီးေတြအကဲေတြလာမွာေပ့ါ” ဟု တာခ်ီလိတ္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

ဆရာေတာ္ႀကီး၏ ဈာပနအခမ္းအနားကို က်င္းပမည္ျဖစ္ရာ တာခ်ီလိတ္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္းမႀကီးႏွင့္ ဈာပနကြင္း သြားရာလမ္းတစ္ေလွ်ာက္ရွိ ေဈးဆိုင္မ်ားကို ဧၿပီ ၅ရက္ေန႔ႏွင့္ ဧၿပီ ၆ရက္ေန႔တို႔တြင္ ေဈးေရာင္းခ်ခြင့္မျပဳရန္ တာခ်ီလိတ္ၿမိဳ႕ စည္ပင္သာယာေရးဌာနမွ ေၾကညာထားေၾကာင္း သိရသည္။

နဂါးႏွစ္ေကာင္ဆရာေတာ္ႀကီးသည္ ႏိုင္ငံေတာ္ ၾသဝါဒစရိယ၊ အဘိဓဇမဟာရဌဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ ဂုဏ္ထူး ေဆာင္ ပါရဂူဘြဲ႕တံဆိပ္မ်ားကို ရရွိထားေသာ ဆရာေတာ္ႀကီးတစ္ပါးျဖစ္သည္။ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ဆရာေတာ္ႀကီးကို ျမန္မာသကၠရာဇ္ (၁၂၉၀)ျပည့္ႏွစ္၊ နတ္ေတာ္လျပည့္ေက်ာ္ (၉)ရက္တြင္ ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္၊ ယန္းကိန္ေက်း႐ြာ၌ ဖြားျမင္ခဲ့ၿပီး (၁၂၉၉)ခုႏွစ္၊ တေပါင္းလဆန္း(၁၅)ရက္တြင္ က်ိဳင္းတုံၿမိဳ႕၊ က်ိဳင္းယင္းေက်ာင္း တိုက္ဆရာေတာ္ထံတြင္ “ရွင္ရွဲန္လာ” အမည္ျဖင့္ သာမေဏ အျဖစ္ခံယူခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.