၂၀၂၄ ခုနှစ်အတွင်း မတူညီသောဒရုန်းအစီးရေ (၂)သန်းကျော် ထုတ်လုပ်သွားမည်ဟု ယူကရိန်းအစိုးရ သတင်းထုတ်ပြန်

 1664

ဂျန်ဇက် (NP News) - ဧပြီ ၆

ယူကရိန်း စစ်တပ်သည် ယခုနှစ်အတွင်း ဒရုန်းအစီးရေပေါင်း (၂)သန်းထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ရုရှားအစိုးရအဖွဲ့ ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ Anna Gvozdyar ကထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းက "ဒီနှစ်အတွင်းမှာ မတူညီတဲ့ ဒရုန်းအစီးရေ (၂)သန်းကျော်ထုတ်လုပ်သွားဖို့ စီစဉ်ထားတယ်။"ဟု ပြောသည်။ ယူကရိန်းသည် ဉာဏ်ရည်တု နည်းပညာများကိုအသုံးပြုပြီးဒရုန်းများထုတ်လုပ်ရန်လည်း စီစဉ်လုပ်နေကြောင်း ၎င်းကပြောသည်။ ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဒရုန်းများကို အဓိကထားအသုံးပြုတိုက်ခိုက်လာခဲ့ပြီးအထူးသဖြင့်တန်းဖိုးနည်းဒရုန်းများကို အဓိကထားအသုံးပြုခဲ့ကြောင်းသိရသည်။

ရုရှားနှင့် ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲက အချိန် (၂)နှစ်ကျော်ကြာမြင့်နေပြီး အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ယူကရိန်းတို့အသုံးပြုလာသော တန်ဖိုးနည်းဒရုန်းများသည် လူစိတ်ဝင်စားမှုမြင့်တက်လာနေပြီး ရုရှားတို့အသုံးပြုသောတန်ဖိုးမြင့် စစ်လက်နက်ပစ္စည်းများကိုဖျက်ဆီးနိုင်စွမ်းရှိနေကြောင်းသိရသည်။ ယူကရိန်းသည် လက်ရှိအချိန်တွင် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏အကူအညီများ ရယူနေပြီး အမေရိကန်နိုင်ငံထံမှအကူညီများမရဘူးဆိုလျှင်စစ်ရှုံးနိမ့်မည်ဟု ကြိုတင်ပြောဆိုထားသည်။ ယူကရိန်းသည် လက်ရှိအချိန်တွင် ဒရုန်းများကိုအဓိကထားတိုက်ခိုက်နေကြောင်းသိရသည်။

zawgyi version
၂၀၂၄ ခုႏွစ္အတြင္း မတူညီေသာဒ႐ုန္းအစီးေရ (၂)သန္းေက်ာ္ ထုတ္လုပ္သြားမည္ဟု ယူကရိန္းအစိုးရ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၆

ယူကရိန္း စစ္တပ္သည္ ယခုႏွစ္အတြင္း ဒ႐ုန္းအစီးေရေပါင္း (၂)သန္းထုတ္လုပ္သြားရန္ စီစဥ္ထားေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ ဒုတိယဝန္ႀကီးတစ္ဦးျဖစ္သူ Anna Gvozdyar ကထုတ္ေဖာ္ေျပာဆိုလိုက္သည္။

၎က "ဒီႏွစ္အတြင္းမွာ မတူညီတဲ့ ဒ႐ုန္းအစီးေရ (၂)သန္းေက်ာ္ထုတ္လုပ္သြားဖို႔ စီစဥ္ထားတယ္။"ဟု ေျပာသည္။ ယူကရိန္းသည္ ဉာဏ္ရည္တု နည္းပညာမ်ားကိုအသုံးျပဳၿပီးဒ႐ုန္းမ်ားထုတ္လုပ္ရန္လည္း စီစဥ္လုပ္ေနေၾကာင္း ၎ကေျပာသည္။ ယူကရိန္းသည္ ႐ုရွားႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲအတြင္း ဒ႐ုန္းမ်ားကို အဓိကထားအသုံးျပဳတိုက္ခိုက္လာခဲ့ၿပီးအထူးသျဖင့္တန္းဖိုးနည္းဒ႐ုန္းမ်ားကို အဓိကထားအသုံးျပဳခဲ့ေၾကာင္းသိရသည္။

႐ုရွားႏွင့္ ယူကရိန္းၾကားျဖစ္ပြားေနသည့္ စစ္ပြဲက အခ်ိန္ (၂)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီး အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။ ယူကရိန္းတို႔အသုံးျပဳလာေသာ တန္ဖိုးနည္းဒ႐ုန္းမ်ားသည္ လူစိတ္ဝင္စားမႈျမင့္တက္လာေနၿပီး ႐ုရွားတို႔အသုံးျပဳေသာတန္ဖိုးျမင့္ စစ္လက္နက္ပစၥည္းမ်ားကိုဖ်က္ဆီးႏိုင္စြမ္းရွိေနေၾကာင္းသိရသည္။ ယူကရိန္းသည္ လက္ရွိအခ်ိန္တြင္ အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ား၏အကူအညီမ်ား ရယူေနၿပီး အေမရိကန္ႏိုင္ငံထံမွအကူညီမ်ားမရဘူးဆိုလွ်င္စစ္ရႈံးနိမ့္မည္ဟု ႀကိဳတင္ေျပာဆိုထားသည္။ ယူကရိန္းသည္ လက္ရွိအခ်ိန္တြင္ ဒ႐ုန္းမ်ားကိုအဓိကထားတိုက္ခိုက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.