မဟာဗန္ဓုလလမ်း နှင့် ဆူးလေဘုရားလမ်းတို့ကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်ထိ ခေတ္တ လမ်းပိတ်ထားမည်

 2819

စော (NP News) - ဧပြီ ၇

မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပ သွားမည်ဖြစ်၍ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်ထိ ခေတ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကန်တိုင်းဒေသကြီးအစိုရအဖွဲ့က ယနေ့ (ဧပြီလ ၇ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှဖျော်ဖြေခြင်းများဖြင့် ကျင်းပသွား မည်ဖြစ်၍ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့၊ နံနက် (၇)နာရီမှ ညနေ (၆)နာရီအထိ ခေတ္တလမ်းပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် မဟာဗန္ဓုလလမ်းကို ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ဆူးလေဘုရားလမ်း အား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း ခေတ္တလမ်းပိတ်ထားမည်ဖြစ်ရာ မော်တော်ယာဉ် မောင်းနှင့်သူများအနေဖြင့် လမ်းလွှဲမှ မောင်းနှင်ကြပါရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းတွင် မဏ္ဍပ်ပေါင်း (၂၀၀)ကျော် နှင့် လမ်းလျှောက်သင်္ကြန်(၂)ခုတို့ဖြင့် မဟာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မဟာဗႏၶဳလလမ္း ႏွင့္ ဆူးေလဘုရားလမ္းတို႔ကို ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္ထိ ေခတၱ လမ္းပိတ္ထားမည္
ေစာ (NP News) - ဧၿပီ ၇

ျမန္မာ႐ိုးရာမဟာသၾကၤန္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕ရွိ ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္၌ က်င္းပ သြားမည္ျဖစ္၍ ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္ထိ ေခတၱလမ္းပိတ္ထားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

ရန္ကန္တိုင္းေဒသႀကီးအစိုရအဖြဲ႕က ယေန႔ (ဧၿပီလ ၇ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္၌ ေရကစားျခင္း၊ သၾကၤန္ယိမ္းအကအလွေဖ်ာ္ေျဖျခင္းမ်ားျဖင့္ က်င္းပသြား မည္ျဖစ္၍ ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္ေန႔၊ နံနက္ (၇)နာရီမွ ညေန (၆)နာရီအထိ ေခတၱလမ္းပိတ္ထားမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မဟာဗႏၶဳလလမ္းကို ဆူးေလဘုရားလမ္းမွ ပန္းဆိုးတန္းလမ္းအထိလည္းေကာင္း၊ ဆူးေလဘုရားလမ္း အား အေနာ္ရထာလမ္းမွ ကုန္သည္လမ္းအထိလည္းေကာင္း ေခတၱလမ္းပိတ္ထားမည္ျဖစ္ရာ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင့္သူမ်ားအေနျဖင့္ လမ္းလႊဲမွ ေမာင္းႏွင္ၾကပါရန္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းတြင္ မ႑ပ္ေပါင္း (၂၀၀)ေက်ာ္ ႏွင့္ လမ္းေလွ်ာက္သၾကၤန္(၂)ခုတို႔ျဖင့္ မဟာသၾကၤန္ပြဲေတာ္ကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.