ယခုနှစ် အင်းလေး‌ရေပေါ်သင်္ကြန်ကို အင်းလေးရေလယ်ဧည့်ခန်းမတွင် စည်ကားစွာ ကျင်းပမည်

 419

ယွန်း (NP News) - ဧပြီ ၇

ယခုနှစ် (၂၀၂၄ ခုနှစ်) အင်းလေးရေပေါ်သင်္ကြန်ကို အင်းလေးရေလယ်ဧည့်ခန်းမတွင် စည်ကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံ မှ သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ယမန်နေ့(ဧပြီ ၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ် သည်။

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ် ကပ်‌ရောဂါ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

ရေပေါ်သင်္ကြန်ပြန်လည် ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူများ၏ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ စက်လှေအငှားပို့ဆောင်မှုလုပ်ငန်း၊ အမှတ်တရ ပစ္စည်းရောင်းချသည့် လုပ်ငန်းများ ဝင်ငွေတိုးတက်ရရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။

ယခု ၂၀၂၄ ခုနှစ်တွင်လည်း အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ရိုးရာအကအလှဖျော်ဖြေမှုများ၊ စတုဒီသာကျွေးမွေး မှုများနှင့် အသစ်ပြန်လည်ပြင်ဆင်ထား သည့် ရေလယ်ဧည့်ခန်းမတွင် ဧပြီ(၁၃)ရက် (သင်္ကြန်အကြိုနေ့) မှ ဧပြီလ (၁၆)ရက် (သင်္ကြန်အတက်နေ့)အထိ စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ နမ့်ပန်ဘက်မှာလုပ်တာ။ အခုကတော့ ဝန်ကြီးချုပ်ပြောင်းထားတော့ နေရာသစ်မှာလုပ်တာ ထင်တယ်။ တောင်ကြီးဘက်မှာတောင် မဏ္ဍပ်တွေ နေရာပြောင်းသွားတာလေ။ နေရာအပြောင်းအလဲဖြစ်သွားတာ ပေါ့” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေကန်အတွင်း လှေ၊ သမ္ဗာန်များ၊ ဖောင်များဖြင့် ရေများပတ်ဖြန်းကြပြီး တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သည့် ရေပေါ်အဆိုပွဲများ၊ ယိမ်းအကများ အပါအဝင် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲလည်း ပါဝင်ကြောင်း သိရသည်။

Zawgyi Version;
ယခုႏွစ္ အင္းေလး‌ေရေပၚသၾကၤန္ကို အင္းေလးေရလယ္ဧည့္ခန္းမတြင္ စည္ကားစြာ က်င္းပမည္
ယြန္း (NP News) - ဧၿပီ ၇

ယခုႏွစ္ (၂၀၂၄ ခုႏွစ္) အင္းေလးေရေပၚသၾကၤန္ကို အင္းေလးေရလယ္ဧည့္ခန္းမတြင္ စည္ကားစြာ က်င္းပသြားမည္ ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနထံ မွ သိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ ယမန္ေန႔(ဧၿပီ ၆ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္ သည္။

အင္းေလးေရေပၚသၾကၤန္ပြဲေတာ္ကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ စတင္က်င္းပခဲ့ျခင္းျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္မွစ၍ ကိုဗစ္ ကပ္‌ေရာဂါ အပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားထားခဲ့ရာ ၂၀၂၃ ခုႏွစ္တြင္ ဒုတိယအႀကိမ္ ျပန္လည္က်င္းပခဲ့ျခင္းျဖစ္သည္။

ေရေပၚသၾကၤန္ျပန္လည္ က်င္းပခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ ခရီးသြားဧည့္သည္မ်ား ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ေဒသခံျပည္သူမ်ား၏ ဟိုတယ္လုပ္ငန္း၊ စားေသာက္ဆိုင္လုပ္ငန္း၊ စက္ေလွအငွားပို႔ေဆာင္မႈလုပ္ငန္း၊ အမွတ္တရ ပစၥည္းေရာင္းခ်သည့္ လုပ္ငန္းမ်ား ဝင္ေငြတိုးတက္ရရွိခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ သိရသည္။

ယခု ၂၀၂၄ ခုႏွစ္တြင္လည္း အင္းေလးေရေပၚသၾကၤန္ပြဲေတာ္ကို ႐ိုးရာအကအလွေဖ်ာ္ေျဖမႈမ်ား၊ စတုဒီသာေကြၽးေမြး မႈမ်ားႏွင့္ အသစ္ျပန္လည္ျပင္ဆင္ထား သည့္ ေရလယ္ဧည့္ခန္းမတြင္ ဧၿပီ(၁၃)ရက္ (သၾကၤန္အႀကိဳေန႔) မွ ဧၿပီလ (၁၆)ရက္ (သၾကၤန္အတက္ေန႔)အထိ စည္ကားစြာ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အရင္ကေတာ့ နမ့္ပန္ဘက္မွာလုပ္တာ။ အခုကေတာ့ ဝန္ႀကီးခ်ဳပ္ေျပာင္းထားေတာ့ ေနရာသစ္မွာလုပ္တာ ထင္တယ္။ ေတာင္ႀကီးဘက္မွာေတာင္ မ႑ပ္ေတြ ေနရာေျပာင္းသြားတာေလ။ ေနရာအေျပာင္းအလဲျဖစ္သြားတာ ေပါ့” ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေရေပၚသၾကၤန္ပြဲေတာ္တြင္ အင္းေလကန္အတြင္း ေလွ၊ သမၺာန္မ်ား၊ ေဖာင္မ်ားျဖင့္ ေရမ်ားပတ္ျဖန္းၾကၿပီး ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္သည့္ ေရေပၚအဆိုပြဲမ်ား၊ ယိမ္းအကမ်ား အပါအဝင္ တိုင္းရင္းသား႐ိုးရာ အကၿပိဳင္ပြဲလည္း ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.