မကွေးမြို့၌ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ယူဆောင်

 5222

စော (NP News) - ဧပြီ ၈

မကွေးတိုင်း၊ မကွေးမြို့တွင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းလုယက်ယူဆောင်သွားကြောင်း ‌ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသားအား ယ‌နေ့ (ဧပြီလ ၈ရက်)၊ နံနက် ၇နာရီခွဲဝန်းကျင်အချိန်တွင် မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်း၊ အရှေ့ဘက်ခြမ်း ယာတော၌ အထက်ပါကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက အခု ဏဘယံလူမှုကူညီရေးအသင်းပေါ့။ သူ့အသင်းမှာ သူတစ်ယောက်ပဲရှိတာပါ။ဥက္ကဋ္ဌလည်း ပြောလို့ရတယ်။ ဘဏ္ဍာရေးလည်းပြောလို့ရတယ်။ အသင်းသားလည်း ပြောလို့ရတယ်။ ဓားဒဏ်ရာက သေချာတော့ မရေရသေးဘူး။ အချက် (၆၀)ကျော်မယ်လို့တော့ ပြောတယ်။ ပစ္စည်းပါသွားတယ်လို့ကြားမိတယ်။ လက်ရှိသူမောင်းနေတဲ့ ဆိုင်ကယ်ရယ်၊ ဖုန်းရယ်၊ အိတ်ရယ်ပေါ့”ဟု မကွေးမြို့ခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး လုယက်သူများကို ဖမ်းမမိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။ သေဆုံးသူအမျိုးသားမှာ အသက် ၃၆နှစ်အရွယ်ခန့်ရှိပြီး မကွေးမြို့၊ ရွာသစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ ၎င်း၏ရုပ်အလောင်းအား မကွေး တိုင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
မေကြးၿမိဳ႕၌ လူမႈကူညီေရးအသင္း ဥကၠ႒ကို သတ္ျဖတ္ကာ ဆိုင္ကယ္ႏွင့္ ဖုန္း လုယက္ယူေဆာင္
ေစာ (NP News) - ဧၿပီ ၈

မေကြးတိုင္း၊ မေကြးၿမိဳ႕တြင္ လူမႈကူညီေရးအသင္း ဥကၠ႒ကို သတ္ျဖတ္ကာ ဆိုင္ကယ္ႏွင့္ ဖုန္းလုယက္ယူေဆာင္သြားေၾကာင္း ‌ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါအမ်ိဳးသားအား ယ‌ေန႔ (ဧၿပီလ ၈ရက္)၊ နံနက္ ၇နာရီခြဲဝန္းက်င္အခ်ိန္တြင္ မေကြးၿမိဳ႕၊ သင္ၾကားေရးေဆး႐ုံလမ္း၊ အေရွ႕ဘက္ျခမ္း ယာေတာ၌ အထက္ပါကဲ့သို႔ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူက အခု ဏဘယံလူမႈကူညီေရးအသင္းေပါ့။ သူ႔အသင္းမွာ သူတစ္ေယာက္ပဲရွိတာပါ။ဥကၠ႒လည္း ေျပာလို႔ရတယ္။ ဘ႑ာေရးလည္းေျပာလို႔ရတယ္။ အသင္းသားလည္း ေျပာလို႔ရတယ္။ ဓားဒဏ္ရာက ေသခ်ာေတာ့ မေရရေသးဘူး။ အခ်က္ (၆၀)ေက်ာ္မယ္လို႔ေတာ့ ေျပာတယ္။ ပစၥည္းပါသြားတယ္လို႔ၾကားမိတယ္။ လက္ရွိသူေမာင္းေနတဲ့ ဆိုင္ကယ္ရယ္၊ ဖုန္းရယ္၊ အိတ္ရယ္ေပါ့”ဟု မေကြးၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္ကို သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးလ်က္ရွိၿပီး လုယက္သူမ်ားကို ဖမ္းမမိေသးေၾကာင္း ၎က ဆက္လက္ေျပာသည္။ ေသဆုံးသူအမ်ိဳးသားမွာ အသက္ ၃၆ႏွစ္အ႐ြယ္ခန႔္ရွိၿပီး မေကြးၿမိဳ႕၊ ႐ြာသစ္ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ကာ ၎၏႐ုပ္အေလာင္းအား မေကြး တိုင္းျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.