တရားမဝင်ဖွင့်လှစ်ထားသည့် အလှအပဆိုင်ရာဆေးခန်းများကြောင့် ပြည်သူများတွင် နစ်နာမှုများရှိနေပြီး စိစစ်အရေးယူမှုများ ဆောင်ရွက်နေ

 851

ယွန်း (NP News) - ဧပြီ ၈

တရားမဝင်ဖွင့်လှစ်ထားသည့် အလှအပဆိုင်ရာဆေးခန်းများကြောင့် ပြည်သူများတွင် နစ်နာမှုများရှိနေပြီး စိစစ်အရေးယူမှုများ ဆောင်ရွက်နေကြောင်း သိရသည်။၊

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဧပြီ(၇)ရက်တွင် ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နေပြီး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျတည် ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စက်မှုဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ ဆေးဝါးများထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းပုဂ္ဂလိကဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များကလည်း ဆေးဝါးများထုတ်လုပ်နေသည့်အတွက် ပြည်တွင်း၌ထုတ်လုပ်သည့်ဆေးဝါးများကို အဓိကထားဝယ်ယူ စေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အလားတူ တရားမဝင်ဖွင့်လှစ်ထားသည့် အလှအပဆိုင်ရာဆေးခန်းများကြောင့် ပြည်သူလူထုဆုံးရှုံးနစ်နာမှုများရှိနေပြီး စိစစ်အရေးယူမှုများ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထို့ပြင် အမျိုးသားကျန်းမာရေးအာမခံစနစ်‌ ပေါ်ပေါက်စေရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်နေဆဲကာလ၌ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများအနေဖြင့်လည်း နည်းလမ်းမှန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ပြည်ပသို့သွားရောက်ဆေးကုသခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရေးနှင့် ပြည်သူများကုန်ကျရသော ကျန်းမာရေးအသုံးစရိတ် လျော့နည်းစေရေးအတွက် ပြည်သူ့ဆေးရုံများ၌ သာမက ပုဂ္ဂလိကဆေးရုံများကလည်း နိုင်ငံတကာအဆင့်မီရေး မြှင့်တင်ဆောင်ရွက်ရန် ဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းပြောကြားသည်။

zawgyi version
တရားမဝင္ဖြင့္လွစ္ထားသည့္ အလွအပဆိုင္ရာေဆးခန္းမ်ားေၾကာင့္ ျပည္သူမ်ားတြင္ နစ္နာမႈမ်ားရွိေနၿပီး စိစစ္အေရးယူမႈမ်ား ေဆာင္႐ြက္ေန

ယြန္း (NP News) - ဧၿပီ ၈

တရားမဝင္ဖြင့္လွစ္ထားသည့္ အလွအပဆိုင္ရာေဆးခန္းမ်ားေၾကာင့္ ျပည္သူမ်ားတြင္ နစ္နာမႈမ်ားရွိေနၿပီး စိစစ္အေရးယူမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။၊

က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက ဧၿပီ(၇)ရက္တြင္ ေဆးသုေတသနဦးစီးဌာန၊ အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ ေတြ႕ဆုံပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပုဂၢလိကက်န္းမာေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အားေပးေဆာင္႐ြက္ေနၿပီး ပုဂၢလိက က်န္းမာေရးလုပ္ငန္းမ်ားကို ဥပေဒႏွင့္အညီ စနစ္တက်တည္ ေထာင္ဖြင့္လွစ္ႏိုင္ေရးအတြက္ ထိန္းေက်ာင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ စက္မႈဝန္ႀကီးဌာနမွ ျမန္မာႏိုင္ငံေဆးဝါးစက္႐ုံမွ ေဆးဝါးမ်ားထုတ္လုပ္လ်က္ရွိၿပီး ျပည္တြင္းပုဂၢလိကေဆးဝါးထုတ္လုပ္သည့္ လုပ္ငန္းရွင္မ်ားကလည္း ေဆးဝါးမ်ားထုတ္လုပ္ေနသည့္အတြက္ ျပည္တြင္း၌ထုတ္လုပ္သည့္ေဆးဝါးမ်ားကို အဓိကထားဝယ္ယူ ေစေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

အလားတူ တရားမဝင္ဖြင့္လွစ္ထားသည့္ အလွအပဆိုင္ရာေဆးခန္းမ်ားေၾကာင့္ ျပည္သူလူထုဆုံးရႈံးနစ္နာမႈမ်ားရွိေနၿပီး စိစစ္အေရးယူမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။ ထို႔ျပင္ အမ်ိဳးသားက်န္းမာေရးအာမခံစနစ္‌ ေပၚေပါက္ေစေရးကိုလည္း ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ေဆာင္႐ြက္ေနဆဲကာလ၌ ပုဂၢလိကက်န္းမာေရး လုပ္ငန္းမ်ားအေနျဖင့္လည္း နည္းလမ္းမွန္စြာျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ရန္ လိုအပ္ေၾကာင္း သိရသည္။

ျပည္သူမ်ားအေနျဖင့္ ျပည္ပသို႔သြားေရာက္ေဆးကုသျခင္းေၾကာင့္ ႏိုင္ငံျခားေငြသုံးစြဲမႈ ေလ်ာ့နည္းေစေရးႏွင့္ ျပည္သူမ်ားကုန္က်ရေသာ က်န္းမာေရးအသုံးစရိတ္ ေလ်ာ့နည္းေစေရးအတြက္ ျပည္သူ႔ေဆး႐ုံမ်ား၌ သာမက ပုဂၢလိကေဆး႐ုံမ်ားကလည္း ႏိုင္ငံတကာအဆင့္မီေရး ျမႇင့္တင္ေဆာင္႐ြက္ရန္ ေဒါက္တာသက္ခိုင္ဝင္းက တိုက္တြန္းေျပာၾကားသည္။

Related news

© 2021. All rights reserved.